ကွတ်ခိုင်မြို့နယ် တိုက်ပွဲမှ လက်နက်ကြီး လမ်းမကြီးပေါ် ကျရောက်ပေါက်ကွဲ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာအနီးတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် လက်နက်ကြီးများသည် မူဆယ် – မန္တလေး ပြည်ထောင်စု ကားလမ်းမကြီးပေါ်ထိ ကျရောက်ပေါက်ကွဲကြောင်း စုံစမ်းသိရသည်။

.

စက်တင်ဘာလ ၁ ရက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာအနီးတွင် စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပွားရာ နမ့်ဖတ်ကာ အခြေစိုက် စစ်ကောင်စီ တပ်ရင်း အမှတ် (၁၂၃) ပစ်လိုက်သည့် လက်နက်ကြီးတစ်လုံး လမ်းမကြီးပေါ်ထိ ကျရောက်ပေါက်ကွဲကြောင်း ဒေသအတွင်း သွားလာလှုပ်ရှားသည့် ကားသမား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲနေ့က ညနေ ၄ နာရီဝန်းကျင်မှာ လမ်းမကြီးပေါ်ကို လက်နက်ကြီးက ကျပေါက်ကွဲတယ်။ အဲ့ဒီ အချိန်က ပစ်ခတ်သံတွေကြားလို့ ကားသမားတွေ လမ်းမှာ ရပ်ပြီး အခြေအနေ ကြည့်နေကြတဲ့ အချိန်ပေါ့။ လက်နက်ကြီးကျတဲ့နေရာက ကျနော်တို့ ရပ်နေကြတဲ့ နေရာနဲ့ သိပ်မဝေးဘူး” ဟု ဖြစ်စဥ်ကို ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲသည့် နေရာသည် နမ့်ဖတ်ကာ ၊ ဇီးဒဘန်ရွာ အနီးဖြစ်ပြီး လက်နက်ကြီး လမ်းမပေါ် ကျရောက်ပေါက်ကွဲမှုကြောင့် လမ်းဘေး ရပ်နားထားပြီး အခြေအနေ စောင့်ကြည့်နေသည့် ကားသမားများလည်း လုံခြုံရေး အရ အဆိုပါ နေရာမှ ထွက်ခွာခဲ့ရကြောင်းလည်း အထက်ပါ ကားသမားက ဆက်ဆိုသည်။

“အစကတော့ တိုက်ပွဲတွေ ရှိလို့ ရှေ့ဆက်မတိုးရဲတာပေါ့။ ဒါပေမယ့် ရပ်နေလည်း လက်နက်ကြီးက လာကျနေတော့ အရဲစွန့်ပြီး အဲ့နေရာကနေ ထွက်ခွာကြတယ်။ ဘယ်နေရာမှာနေနေ မလုံခြုံဘူးဆိုတာ သိတော့ တချို့ကားသမားလည်း နောက်ကြောင်းပြန်လှည့်ကြတယ်“ ဟု အထက်ပါ ကားသမားက ပြောသည်။

အဆိုပါ စက်တင်ဘာလ (၁) ရက်နေ့၌ နမ့်ဖတ်ကာ အခြေစိုက် စစ်ကောင်စီတပ်မှ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း စုံစမ်းသိရသည်။

ထို့အပြင် ယမန်နေ့ စက်တင်ဘာလ (၂) ရက်နေ့မှာလည်း စစ်ကောင်စီတပ် နှင့် TNLA တပ်တို့ ကွတ်ခိုင်အနီး ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသော်လည်း ထိခိုက်ကျဆုံးမှုများ နှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့် အနေဖြင့် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လ နောက်ဆုံးပတ်မှ စတင်ပြီး လက်ရှိအချိန်ထိ အာဏာသိမ်း စစ်ကောင်စီတပ် နှင့် TNLA တပ်တို့သည် ကွတ်ခိုင်မြို့နယ်၊ မူဆယ်မြို့နယ်အတွင်း ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့ ကြား၌ အရပ်သားထိခိုက်သေဆုံးမှုလည်း ရှိနေခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...