Thursday, January 29, 2026

မူဆယ်မြို့နယ် ကျေးရွာအတွင်း TNLA နှင့် စကစ အပြိုင်အဆိုင် နေရာယူထား၊ စစ်ရေး တင်းမာနေဆဲ

သျှမ်းပြည် မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအုပ်စုအတွင်း၌ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တပ်တို့က အပြိုင်အဆိုင် နေရာယူထားပြီး စစ်ရေးတင်းမာနေဆဲ ဖြစ်ကြောင်း သိရသည်။

.

လက်ရှိတွင် စယ်လန့်ကျေးရွာအုပ်စုအတွင်းရှိ စောမွန်လှကျောင်း၌ TNLA က တပ်စွဲ နေရာယူထားပြီး၊ စယ်လန့်အထက်တန်းကျောင်း အထက ကျောင်းဝန်းအနီး၌ အာဏာသိမ်း စစ်ကောင်စီတပ်က တပ်စွဲနေရာယူထားကြောင်း ဒေသခံ အိုက်လမ် (နာမည်လွဲ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ တပ်ဖွဲ့ နှစ်ဖွဲ့ တပ်စွဲထားတဲ့နေရာက နှစ်ဖာလုံလောက်ပဲ ကွာဝေးတယ်၊ အဲ့လို အရမ်းနီးနေတော့ ပစ်ခတ်မှုက အချိန်မရွေး ဖြစ်ပွားနိုင်တယ်၊ အဲ့ကြောင့် စယ်လန့်ရွာထဲမှာ အစစအရာရာ သတိထားပြီး နေကြရတယ်” ဟု အိုက်လမ် (နာမည်လွဲ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျေးရွာအတွင်း နေရာယူ တပ်စွဲထားသည့် လက်နက်ကိုင်တပ်ဖွဲ့များကြောင့် စစ်ရေး ပိုမိုပြင်းထန်လာမည်ကို စိုးရိမ်ရသည့်အပြင် သွားရေးလာရေးအတွက်လည်း သတိထား လုပ်ဆောင်နေရကြောင်း ဒေသခံ များထံမှ သိရသည်။

ထို့အပြင် စကစတပ် ပစ်လိုက်သည့် မပေါက်ကွဲသေးသည့် လက်နက်ကြီး (၃) လုံးကိုလည်း အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့မှ လာရောက်သိမ်းဆည်းသွားကြောင်းလည်း အိုက်လမ် (နာမည်လွဲ) က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“တိုက်ပွဲပြီးကတည်းက စယ်လန့်ရွာထဲမှာ မကွဲသေးတဲ့ ၆၀ မမ အမျိုးအစား လက်နက်ကြီး (၃) လုံး ရှိတယ်။ မြောက်ကျောင်းထဲမှာ ၁ လုံး၊ ဈေးထဲမှာ ၂ လုံး ရှိခဲ့တယ်။ ဒါပေမဲ့ မနေ့ ညက အဲ့တာတွေ မတွေ့ရတော့ဘူး။ ဘယ်တပ်ဖွဲ့က လာသိမ်းပေးသွားလဲ မသိရဘူး” ဟု အိုက်လမ် (နာမည်လွဲ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အာဏာသိမ်း စစ်ကောင်စီ နှင့် TNLA တပ်တို့ အကြား ထိတွေ့တိုက်ပွဲသည် ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်အထိ တိုက်ပွဲပြင်းထန်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် စစ်ရေး တင်းမာနေခြင်းဖြစ် ကြောင်းသိရသည်။

စစ်ကောင်စီ နှင့် TNLA တိုက်ပွဲကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရသည့်အပြင် နေအိမ် အဆောက်အဦးများလည်း ပျက်စီးရပြီး ဒေသခံ ၆၀၀ ကျော်က နေရပ်စွန့်ခွာ စစ်ရှောင်နေရဆဲဖြစ်သည်။

တိုက်ပွဲအတွင်း လက်နက်ကြီး နှင့် ကျည်ဆန်ထိပြီး ပျက်စီးသွားရသည့် နေအိမ် နှင့် အဆောက်အအုံများကိုလည်း မပြုပြင်နိုင်သေးသည့် အကြောင်း နှင့် ပျက်စီးမှုများအတွက် ပြန်လည်ပြုပြင်နိုင်ရန် အကူအညီများလည်း လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...