မူဆယ်မြို့နယ် ကျေးရွာအတွင်း TNLA နှင့် စကစ အပြိုင်အဆိုင် နေရာယူထား၊ စစ်ရေး တင်းမာနေဆဲ

သျှမ်းပြည် မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအုပ်စုအတွင်း၌ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တပ်တို့က အပြိုင်အဆိုင် နေရာယူထားပြီး စစ်ရေးတင်းမာနေဆဲ ဖြစ်ကြောင်း သိရသည်။

.

လက်ရှိတွင် စယ်လန့်ကျေးရွာအုပ်စုအတွင်းရှိ စောမွန်လှကျောင်း၌ TNLA က တပ်စွဲ နေရာယူထားပြီး၊ စယ်လန့်အထက်တန်းကျောင်း အထက ကျောင်းဝန်းအနီး၌ အာဏာသိမ်း စစ်ကောင်စီတပ်က တပ်စွဲနေရာယူထားကြောင်း ဒေသခံ အိုက်လမ် (နာမည်လွဲ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ တပ်ဖွဲ့ နှစ်ဖွဲ့ တပ်စွဲထားတဲ့နေရာက နှစ်ဖာလုံလောက်ပဲ ကွာဝေးတယ်၊ အဲ့လို အရမ်းနီးနေတော့ ပစ်ခတ်မှုက အချိန်မရွေး ဖြစ်ပွားနိုင်တယ်၊ အဲ့ကြောင့် စယ်လန့်ရွာထဲမှာ အစစအရာရာ သတိထားပြီး နေကြရတယ်” ဟု အိုက်လမ် (နာမည်လွဲ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျေးရွာအတွင်း နေရာယူ တပ်စွဲထားသည့် လက်နက်ကိုင်တပ်ဖွဲ့များကြောင့် စစ်ရေး ပိုမိုပြင်းထန်လာမည်ကို စိုးရိမ်ရသည့်အပြင် သွားရေးလာရေးအတွက်လည်း သတိထား လုပ်ဆောင်နေရကြောင်း ဒေသခံ များထံမှ သိရသည်။

ထို့အပြင် စကစတပ် ပစ်လိုက်သည့် မပေါက်ကွဲသေးသည့် လက်နက်ကြီး (၃) လုံးကိုလည်း အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့မှ လာရောက်သိမ်းဆည်းသွားကြောင်းလည်း အိုက်လမ် (နာမည်လွဲ) က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“တိုက်ပွဲပြီးကတည်းက စယ်လန့်ရွာထဲမှာ မကွဲသေးတဲ့ ၆၀ မမ အမျိုးအစား လက်နက်ကြီး (၃) လုံး ရှိတယ်။ မြောက်ကျောင်းထဲမှာ ၁ လုံး၊ ဈေးထဲမှာ ၂ လုံး ရှိခဲ့တယ်။ ဒါပေမဲ့ မနေ့ ညက အဲ့တာတွေ မတွေ့ရတော့ဘူး။ ဘယ်တပ်ဖွဲ့က လာသိမ်းပေးသွားလဲ မသိရဘူး” ဟု အိုက်လမ် (နာမည်လွဲ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အာဏာသိမ်း စစ်ကောင်စီ နှင့် TNLA တပ်တို့ အကြား ထိတွေ့တိုက်ပွဲသည် ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်အထိ တိုက်ပွဲပြင်းထန်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် စစ်ရေး တင်းမာနေခြင်းဖြစ် ကြောင်းသိရသည်။

စစ်ကောင်စီ နှင့် TNLA တိုက်ပွဲကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရသည့်အပြင် နေအိမ် အဆောက်အဦးများလည်း ပျက်စီးရပြီး ဒေသခံ ၆၀၀ ကျော်က နေရပ်စွန့်ခွာ စစ်ရှောင်နေရဆဲဖြစ်သည်။

တိုက်ပွဲအတွင်း လက်နက်ကြီး နှင့် ကျည်ဆန်ထိပြီး ပျက်စီးသွားရသည့် နေအိမ် နှင့် အဆောက်အအုံများကိုလည်း မပြုပြင်နိုင်သေးသည့် အကြောင်း နှင့် ပျက်စီးမှုများအတွက် ပြန်လည်ပြုပြင်နိုင်ရန် အကူအညီများလည်း လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...