အင်းလေးဘုရားပွဲ လုံခြုံရေးအကြောင်းပြ PNO မှ တအိမ် ကျပ်ငွေ တသောင်း တောင်းခံနေ

သျှမ်းပြည် တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်း ကျင်းပပြုလုပ်မည့် ဖောင်တော်ဦး ဘုရားပွဲကို အကြောင်းပြပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO/PNA) မှ တအိမ်လျှင် ကျပ်ငွေ တသောင်း တောင်းခံ နေကြောင်း သိရသည်။

.

သီတင်းကျွတ် လဆန်း ၁ ရက်မှ လပြည့်ကျော် ၃ ရက်အထိ ကျင်းပပြုလုပ်လေ့ရှိသည့် အင်းလေးဒေသ ဖောင်တော်ဦး ဘုရားပွဲကို အကြောင်းပြပြီး PNO တပ်ဖွဲ့မှ ပိုက်ဆံကောက် တောင်းယူခြင်းဖြစ်ကြောင်း အင်းလေးဒေသခံ လူငယ် အမျိုးသမီးတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

PNO

“အင်းလေးဘုရားပွဲမှာ PNO အဖွဲ့ လုံခြုံရေး လုပ်ပေးမယ်၊ လုံခြုံရေးခ တအိမ်ကို တစ်သောင်းကျပ် ပေးရမယ်ဆိုပြီးတော့ အင်းလေးထဲက ဒေသခံတွေကို အမိန့်ပေးလာတယ်။ အခုက အင်းမြောက်ပိုင်းမှာ စကောက်နေပြီ။ တောင်ပိုင်းကိုလည်း လာကောက်မယ်တဲ့” ဟု အင်းလေး ဒေသခံ လူငယ် အမျိုးသမီး တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ လုံခြုံရေးကို အကြောင်းပြ ငွေကြေးကောက်ခံခြင်းကြောင့် အင်းလေးဒေသခံများ အနေဖြင့် စားဝတ်နေရေး ခက်ခဲမှုကြား ငွေကြေး အခက်အခဲလည်း ရှိနေသည့်အတွက် ပေးဆောင်ရန် အခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် စစ်တပ်အာဏာသိမ်း မဖြစ်ခင် အချိန် လုံခြုံရေးအတွက် ညောင်ရွှေမြို့မှ ရဲတပ်ဖွဲ့ဝင် အနည်းငယ် ဖြင့်သာ ရှိခဲ့ပြီး လုံခြုံရေးအတွက် ငွေကုန်ကြေးကျ ကုန်ကျမှု မရှိခဲ့ဖူးကြောင်း အင်းလေးဒေသခံ လူငယ် အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ဆိုသည်။

“နဂိုကတည်းက ဒေသခံတွေ စားဝတ်နေရေး ကြပ်တည်းနေပါတယ်ဆိုမှ မရမက အကြောင်းရှာပြီး ဒေသခံတွေ ရဲ့ အိတ်ကပ်ထဲက ငွေကို ညှစ်ထုတ်နေကြတယ်၊ ဒေသခံတွေကတော့ မပြောရဲလို့သာ မပြောကြတာ၊ ဘယ်သူမှ မပေးချင်ကြဘူး။ အရင်တုန်းကလည်း လုံခြုံရေးဖိုးဆိုပြီးတော့လည်း မပေးဖူးဘူးလေ၊ ခုက ရိုးရာပွဲကို အကြောင်းပြပြီး ငွေကောက်နေကြတယ်” ဟု လူငယ် အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ဆိုသည်။

အင်းလေးဒေသ ဖောင်တော်ဦး ဘုရားပွဲကို အကြောင်းပြပြီး PNO တပ်မှ ပိုက်ဆံတောင်းကောက်ယူခြင်း၊ လက်နက်ပြ ခြိမ်းခြောက်ခြင်းတို့ကြောင့် နောင်တချိန်တွင် အင်းလေးဒေသခံ နှင့် ပအိုဝ်းလူမျိုးကြား လူမျိုးရေး ပဋိပက္ခဖြစ်ပွားမှာကို စိုးရိမ်ရကြောင်းလည်း အင်းလေးဒေသခံများက ပြောဆိုနေကြသည်။

အဆိုပါ အင်းလေး ဘုရားပွဲသို့ တက်ရောက်ခြင်း မပြုကြရန် နှင့် ယခုလို နိုင်ငံရေး မငြိမ်သက်ချိန် ပြုလုပ်မည့် ဘုရားပွဲကိုလည်း ကန့်ကွက် ဆန့်ကျင်ကြောင်း တော်လှန်ရေးအဖွဲ့ ၃ ဖွဲ့ ဖြစ်သည့် အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ IPDF၊ အင်းလေး ဖက်ဒရယ် ဒီမိုကရေစီလှုပ်ရှားမှု (IFDM) နှင့် အင်းလေး အမျိုးသမီး သမဂ္ဂ (IWU) တို့က ထုတ်ပြန်ကြေညာထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...

အင်းလေးဒေသကို နယ်မြေတိုးချဲ့ရန် အစီအစဉ်မရှိကြောင်း PNO ပြော

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသကို ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းရန်နှင့် နယ်မြေတိုးချဲ့ရန် အစီအစဉ် လုံးဝမရှိကြောင်း ပအိုဝ်းပြည်သူ့စစ် (PNO) ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အင်းလေးဒေသအား ပအိုဝ်းကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သွတ်သွင်းမည့် ထိပ်တန်းလျှို့ဝှက် ညွှန်ကြားချက်စာတစ်စောင် လူမှုကွန်ရက်တွင် ပျံ့နှံ့နေမှုအပေါ် PNO ဗဟိုဌာနချုပ်ရုံးက ထုတ်ပြန်လိုက်ခြင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...