နမ့်ဖတ်ကာ လက်နက်ကြီးထိ သေဆုံးသူ၏ မိသားစုဝင် နှင့် ဒဏ်ရာရသူကို စစ်ကောင်စီက ရွှေဖီဦး နှင့် အရက်ဖြင့် နှစ်သိမ့်

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအတွင်း လက်နက်ကြီးကျမှုကြောင့် သေဆုံးသွားရသည့် မိသားစုဝင်များ နှင့် ဒဏ်ရာရရှိသူများကို စစ်ကောင်စီတပ်သားများက အရက် နှင့် ရွှေဖီဦးကော်ဖီဖြင့် သွားရောက်နှစ်သိမ့်ခဲ့ကြောင်း သတင်းရရှိသည်။

.

ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့ကြား တိုက်ပွဲပြင်းထန်မှု ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၁ ရက်တွင် နမ့်ဖတ်ကာ ဇီးဒဘန်ကျေးရွာအတွင်း လက်နက်ကြီးကျ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အရပ်သား တဦး သေဆုံးကာ၊ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

Photo – စစ်ကောင်စီဝါဒဖြန့် telegram

ထိုထိခိုက်ဒဏ်ရာ ရရှိသူများနှင့် သေဆုံးသွားသူ၏ မိသားစုဝင်များကို ယမန်နေ့ (စက်တင်ဘာ ၃) ရက်က စစ်ကောင်စီက သွားရောက်တွေ့ဆုံခဲ့ပြီး ကျေးရွာအတွင်း ပေါက်ကွဲခဲ့သော လက်နက်ကြီးသည် စစ်ကောင်စီ လက်နက်ကြီး မဟုတ်ကြောင်းကို ပြောဆိုခဲ့ပြီး စစ်ကောင်စီတပ်ထုတ် ရွှေဖီဦးကော်ဖီ ထုပ်ကြီး ၃ ထုပ်၊ နို့ဆီဗူးတဗူး နှင့် အရက် တလုံးတို့ ပေးကာ နှစ်သိမ့်ခဲ့ကြောင်း အသက် (၃၀) အရွယ်ရှိ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားတဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့ဒီ လက်နက်ကြီးကျပြီး သေဆုံးမှုရှိတဲ့ အတွက် စိတ်မကောင်းဘူးပေါ့။ ပြီးတော့ အဲ့ဒီ လက်နက်ကြီး က သူတို့ ပစ်လိုက်တာ မဟုတ်ဘူးတဲ့၊ TNLA တပ်က ပစ်လိုက်တာလို့ ပြောသွားတယ်။ သေဆုံးသွားတဲ့ မိသားစုဝင်တွေကို ရွှေဖီဦးကော်ဖီ (၃) ထုပ်၊ အရက် တပုလင်း၊ နို့ဆီတဗူး ပေးပြီး နှစ်သိမ့်သွားတယ်” ဟု ဖြစ်စဥ်ကို သိရှိသည့် ဒေသခံ အမျိုသား တစ်ဦးက ပြန်ပြောပြသည်။

အဆိုပါ လက်နက်ကြီးကြောင့် သေဆုံးသွားသူ၏ မိသားစုဝင်များနှင့် ဒဏ်ရာရရှိသည့်သူများကို သွားရောက် တွေ့ဆုံစဥ်တွင်လည်း စစ်ကောင်စီတပ်သားမှ “ အရင်ရက်က ကျနော်တို့ မအားလို့ မလာခဲ့ရတာပါ။ အခုလိုဖြစ်သွားတာ စိတ်မကောင်းပါဘူး။ ဒါက ကျနော်တို့ ပစ်လိုက်တာမဟုတ်ဘူး။ တပ်မတော် နဲ့ ပလောင်နဲ့တိုက်ပွဲကြားထိပြီးသေဆုံးသွားတာ စိတ်မကောင်းဘူး” ဆိုပြီးပြောဆိုသော ရုပ်သံသည် စစ်ကောင်စီ ဝါဒဖြန့် Telegram တွင် တင်ထားသည်။

Photo – စစ်ကောင်စီဝါဒဖြန့် telegram

ထို့အပြင် စစ်တပ်ဝါဒဖြန့် Telegram ဖြစ်သည့် ပြည်သူ့စစ် ဆိုသည့် အကောင့်တွင်လည်း “TNLA မှ KIA အဖွဲ့ကို မကျေနပ်၍ လူမျိုးရေးအမုန်းထားကာ နမ့်ဖတ်ကာ၊ ကချင်အများစုနေထိုင်သည့်ရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်” ဟု လူမျိုးရေး ပဋိပက္ခဖြစ်ပွားစေသည့် အသုံးအနှုန်းများလည်း သုံးစွဲထားသည်။

စစ်ကောင်စီမှ ထိုကဲ့သို့ ပြောဆိုမှုသည် လူမျိုးရေးပဋိပက္ခဖြစ်ပွားစေအောင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း နမ့်ဖတ်ကာ ဒေသခံ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ထောက်ပြပြောဆိုလိုက်သည်။

“သူတို့ (စစ်ကောင်စီ) တပ်က လုပ်တာကို မလုပ်ဘူးပြောတယ်။ နောက် ကချင်လူမျိုးအိမ်ကို TNLA ကပစ်လိုက်တာဆိုပြီး ပေါ်အောင် စစ်တပ်က လာပြီး နှစ်သိမ့်တယ်။ တမင်သက်သက် လူမျိုး ၂ ခုကြား မီးမွှေးနေတာပဲ။ ဒါက ဘယ်သူလုပ်တယ် ဘယ်သူ ပစ်တယ်ဆို သိသာပါတယ်” ဟု ၎င်းအမျိုးသား ဆိုသည်။

လက်ရှိ စစ်ကောင်စီတပ်ဖွဲ့ မှ လက်ဆောင်ပေးပြီး နှစ်သိမ့်ပြောဆိုခဲ့သော်လည်း နမ့်ဖတ်ကာ ဒေသခံများ အနေဖြင့် မကျေနပ်နိုင်ကြောင်း အသက် ၃၀ အရွယ် နမ့်ဖတ်ကာ အမျိုးသမီးက ဆက်လက်ပြောသည်။

“သူတို့ ပစ်တာကို မပစ်ဘူးလို့ လိမ်တော့ ဘယ်လိုပြောရမလဲ။ သူတို့ စစ်သားအချင်းချင်း ပြည်သူမရှိတဲ့ နေရာမှာ ပစ်ပါ။ ဒီလို လက်နက်ကြီးတော့ လျှောက်ရမ်း မပစ်စေချင်ဘူး။ ဘာမှမမှားတဲ့ ပြည်သူတွေ ဘယ်လောက်ပဲ လာနှစ်သိမ့် နှစ်သိမ့် မလိုချင်တော့ဘူး။ သူတို့ မျက်နှာကိုတောင် မမြင်ချင်တော့ ဘူး။ ကျေနပ်ဖို့မပြောနဲ့” ဟု နမ့်ဖတ်ကာ ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

PSLF/TNLA ၏ ပြန်ကြားရေးဌာန နှင့် ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး တားအိုက်ကျော် က နမ့်ဖတ်ကာ၊ ဇီးဒဘန်ကျေးရွာအတွင်း လက်နက်ကြီး ပေါက်ကွဲမှုကြောင့် အရပ်သား သေဆုံးမှုသည် စစ်ကောင်စီ၏ လက်နက်ကြီးဖြစ်ကြောင်း ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...