အောင်ပန်းမြို့တွင် ကားပြသရန် ချိန်းဆိုရာမှ လူသတ်မှုဖြစ်ပွား၊ တရားခံကို ဖမ်းဆီးရမိ
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင် ကားအရောင်းအဝယ်ပြုလုပ်ရန် ချိန်းဆိုထားရာမှ ဓားဖြင့် တိုက်ခိုက်ခံရမှုပြီး အမျိုးသားတစ်ဦးသေဆုံးကာ၊ တစ်ဉီးက ဒဏ်ရာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ပြစ်မှုကျူးလွန်သူအား အာဏာပိုင်များက ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၁၄) ရက် နံနက်ပိုင်းတွင် အသက် (၂၁) နှစ်အရွယ်ရှိ ကိုသက်မော်ထူးနှင့်...
ကွတ်ခိုင် MNDAA ရုံးကို TNLA ဝင်ရောက်စီးနင်း၊ နှစ်ဘက်စစ်ရေးတင်းမာမှုကြောင့် ဒေသခံစိုးရိမ်
SHAN -
သျှမ်းပြည် ကွတ်ခိုင်မြို့ ဈေးအနီး ဆောက်လုပ်ရေးဝင်းရှိ ကိုးကန့်တပ် MNDAA ရုံးကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဘက်မှ ဝင်ရောက်စီးနင်းခဲ့ခြင်းကြောင့် နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၃ ရက်) ည ၉ နာရီကျော်မှ စတင်ပြီး ကွတ်ခိုင်မြို့ပေါ် ပြည်ထောင်စုလမ်းမကြီးတလျှောက် ကိုးကန့်တပ်ဖွဲ့...
SHAN -
ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ကျရောက်မည့် ချစ်သူများနေ့ (Valentine's Day) သည် ကမ္ဘာတစ်ဝန်းတွင် ချစ်ခြင်းမေတ္တာကို ဖော်ပြသည့်နေ့အဖြစ် ကျင်းပကြသည်။ သို့သော်လည်း ချစ်သူများနေ့၏ နောက်ကွယ်တွင် ရှည်လျားသော သမိုင်းကြောင်း၊ ကြီးမားသော စီးပွားရေးဈေးကွက်နှင့် လူငယ်များအတွက် အထူးသတိပြုရမည့် ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ ရှိနေသည်။ ချစ်သူများနေ့...
ဟိုပုံး သိမ်းဆည်းခံထားရသော မြေအားလုံး ပြန်ပေးရေး ဒေသခံတောင်သူများ တောင်းဆို
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်တွင် သိမ်းဆည်းခံထားရသော မြေအားလုံး ပြန်လည်ရရှိရေးအတွက် ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ပြုလုပ်သည့် ဟိုပုံးတောင်သူများ၏ သတင်းစာ ရှင်းလင်းပွဲတွင် တောင်းဆိုလိုက်သည်။ ပြီးခဲ့သည့် ဇန်နဝါရီ လဆန်းပိုင်းမှ စတင်ပြီး ဟိုပုံးမြို့နယ် လုံခုတ်ကျေးရွာအုပ်စုရှိ ဌာနေတောင်သူများ၏ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာခဲ့သော တောင်ယာစိုက်ပျိုးမြေများနှင့် ရပ်ရွာနေအိမ်များကို...
ကျေးသီး စစ်ကော်မရှင်တပ် တရုတ်ကုန်ပစ္စည်း စစ်ဆေးတင်းကြပ်၊ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည့် ကားများကို စစ်ကော်မရှင်တပ် စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးတင်းကြပ်မှုကြောင့် ကုန်စျေးနှုန်း အဆမတန် မြင့်တက်လာကြောင်း သတင်းရရှိသည်။ ယခု ဖေဖော်ဝါရီ လဆန်းပိုင်းမှစပြီး ကျေးသီးမြို့နယ်ရှိ စစ်ကော်မရှင်တပ် စစ်ဆေးရေးဂိတ်တွင် မြန်မာ-တရုတ် နယ်စပ်ရှိ ညီနောင်မဟာမိတ်ထိန်းချုပ် နယ်စပ်ဂိတ်များမှ ဖြတ်သန်းတင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း...
သျှမ်းပြည်အက်ကွဲရေးမှ ပြည်ထောင်စုကြီးပြိုကွဲရေးသို့ …. သတိမူဖို့
လွန်ခဲ့တဲ့ ၇၉ နှစ်က သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှာ တောင်တန်းနဲ့ မြေပြန့် စုစည်းပြီး ပြည်ထောင်စု အိပ်မက်ကို အတူတူ အစပျိုးခဲ့ကြပါတယ်။ ဒါပေမဲ့ ကျနော်တို့ မေ့ထားလို့မရတာက အဲဒီအိပ်မက်ရဲ့ မိခင်ရင်းဟာ ဖေဖော်ဝါရီလ ၇ ရက်နေ့ကတည်းက သန္ဓေတည်ခဲ့တဲ့ "သျှမ်းအမျိုးသားနေ့" ရဲ့ စည်းလုံး ညီညွတ်မှုပဲ...
လက်နက်ကိုင်ဖမ်းဆီးသွားသည့် ရွာငံဒေသခံ (၄)ဦး ရုပ်အလောင်း ပြန်တွေ့
အမည်မသိလက်နက်ကိုင်ဖမ်းဆီးသွားသည့် သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် လယ်ကိုင်းကျေးရွာ ဒေသခံ (၄)ဉီး၏ ရုပ်အလောင်းကို ဖေဖော်ဝါရီ (၉)ရက် ညပိုင်းတွင် ပြန်တွေ့ရှိကြောင်း သတင်းရရှိသည်။ အဆိုပါ ရုပ်အလောင်း (၄)လောင်းကို ရွာငံမြို့နယ် လယ်ကိုင်းကျေးရွာ မြောက်ဘက် တောစပ်တစ်နေရာတွင် ဖေဖော်ဝါရီ (၉)ရက်တွင် ပြန်တွေ့ရှိကြောင်း ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ရွာမြောက်ဘက်...
မိုးကုတ်-မိုးမိတ်ကြား စစ်တပ် လမ်းကြေးအဆမတန်တောင်း၊ PDF ဘက်မှ အစစ်အဆေးတင်းကြပ်
သျှမ်းပြည်-မန္တလေးတိုင်းနယ်စပ်ရှိ မိုးကုတ်မြို့နှင့် မိုးမိတ်မြို့ကြားတွင် စစ်ကော်မရှင်တပ်မှ ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များထံမှ လမ်းကြေးအဆမတန် တောင်းခံနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့သို့ ရောက်ရှိနိုင်သည့် သပိတ်ကျင်း-တွင်းငယ်-မိုးမိတ်လမ်းပိုင်းနှင့် မိုးကုတ်-မိုးမိတ်လမ်းပိုင်းရှိ စစ်ကော်မရှင်ဂိတ်များမှ ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များထံ ဇန်နဝါရီလ နောက်ဆုံးပတ်မှ စတင်ပြီး လမ်းကြေး အဆမတန် တောင်းခံနေကြောင်း ဒေသခံများက...
ရွေးကောက်ပွဲအပြီး အင်းလေးတွင် စစ်မှုထမ်းပြန်ခေါ်နေ
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် စစ်ကော်မရှင်က ဦးဆောင်ကျင်းပသည့် ရွေးကောက်ပွဲ အပြီး စစ်မှုထမ်းများ ပြန်လည်ခေါ်ယူနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်၏ ရွေးကောက်ပွဲကာလအတွင်း စစ်မှုထမ်းခေါ်ယူမှု ရပ်နားထားသော်လည်း ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲ ပြီးနောက် ယခုလ ဖေဖော်ဝါရီလ ပထမပတ်မှ စပြီး စစ်မှုထမ်း အမှတ်စဉ် (၂၀)ကို...
ဟိုပုံး ပြည်သူနေအိမ်များနှင့် အုတ်တံတိုင်းများကို အင်အားသုံးဖယ်ရှားမည်ဟု ခြိမ်းခြောက်
သျှမ်းပြည် ဟိုပုံးမြို့နယ် လုံခုတ်ကျေးရွာအုပ်စုရှိ မြေဧရိယာ (၅၆၁.၇၅) ဧကကို နိုင်ငံတော်ပိုင် ဟုဆိုကာ လာမည့် ဖေဖော်ဝါရီလ (၂၇)ရက်နေ့တွင် အပြီးဖျက်သိမ်းပေးရန် စစ်ကော်မရှင်လက်အောက်ခံ ဒေသဦးစီးအဖွဲ့က ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီမှ ခွင့်ပြုမိန့် ရရှိပြီးဖြစ်၍...






