SHAN -
“ကင်ဆာကဲ့သို့ ဆိုးဝါးလှသည့် ဖက်ဆစ်တပ်ကို အမြစ်ဖြတ်နိုင်မှသာ နှစ်ရာချီ တည်တံ့သည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည် ဖြစ်သည်” “ရလဒ်ထွက်ပေါ်လေ့ မရှိသည့် နိုင်ငံရေး ဆွေးနွေးခြင်းဖြင့် တော်လှန်ရေး ပြိုကွဲလေ့ရှိပြီး ဖက်ဆစ်တပ်ကမူ အင်အားပိုကြီးလာလေ့ရှိသည်မှာ သမိုင်းက သက်သေဖြစ်သည်။ ဖက်ဆစ်တပ်သည် သွေးစုတ်ဖုတ်ကောင်နှင့် တူပေစွ” စူးရှတောက်ပသည့် နေရောင်ခြည်အောက်ဝယ် အရာရာသည် တိတ်ဆိတ်နေသယောင်။...
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် ကောင်းဘိုကျေးရွာအုပ်စုတွင် လက်ဖက်လုပ်ငန်းကို အားကိုး လုပ်ကိုင်နေ သော်လည်း လက်ရှိမှာ လက်ဖက်ဝယ်သူမဲ့ဖြစ်နေကြောင်း စုံစမ်းသိရသည်။ လက်ရှိမှာ ပင်းတယမြို့နယ် ကောင်းဘို့ကျေးရွာအုပ်စုရှိ ကျေးရွာများသည် လက်ဖက်လုပ်ငန်းကိုသာ အဓိက လုပ်ကိုင်နေကြပြီး လက်ဖက်ဝယ်သူမဲ့ဖြစ်ပြီး စျေးနှုန်းပါ ကျဆင်းနေကြောင်း လက်ဖက်လုပ်ကိုင်သူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အရင် နှစ်တွေက ရွာငံနဲ့...
လမ်းပျောက်နေသည့် စစ်ကောင်စီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေး ပြင်ဆင်ပြန်
SHAN -
နိုင်ငံတဝှမ်း စစ်ရှုံးပြီး နိုင်ငံရေးအရ လမ်းပျောက်နေသည့် စစ်ကောင်စီက လာမည့် ၂၀၂၅ ခုနှစ် အတွင်း အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်ရန် ညွှန်ကြားထားကြောင်း စစ်ကောင်စီ လက်အောက်ခံ နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။ အထွေထွေ ရွေးကောက်ပွဲ အခြေခံ...
မြန်မာ-ထိုင်းနယ်စပ် ပုံပါကျင်မြို့ရှိ BP-1ဂိတ် ဖွင့်ပေးရန် ဒေသခံများကပြော
SHAN -
မြန်မာ-ထိုင်းနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း ပုံပါကျင်မြို့ရှိ BP-1 နယ်စပ်ဂိတ်ကို နှစ်ဘက်အစိုးရ အနေဖြင့် ပြန်ဖွင့်ပေးရန် ဒေသခံများက တောင်းဆိုလိုက်သည်။ BP-1 နယ်စပ်ဂိတ်သည် မြန်မာ-ထိုင်းနယ်စပ်ဂိတ်ဖြစ်ပြီး ပုံပါကျင်မြို့မှ ကားဖြင့်သွားပါလျှင် မိနစ် (၃၀)ခန့်သာ ကြာသည်။ လက်ရှိ ပုံပါကျင်မြို့မှ ဒေသခံများသည် ကျန်းမာရေးအတွက် ဆေးကုသမည်ဆိုပါက တာချီလိတ်မြို့မှသို့သာ အားကိုးသွားလာနေရကြောင်း၊ ပုံပါကျင်မြို့မှ...
ရွာငံ အမျိုးသားတစ်ဦးအား PDF ကိုထောက်ပံ့နေသည့် ဟုဆိုပြီး စစ်ကောင်စီ လာရောက်ဖမ်းဆီး
SHAN -
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ထောက်ပံ့နေသည်ဟုဆိုပြီး စစ်ကောင်စီ၏ တပ်သားများက လာရောက်ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရပါသည်။ သျှမ်းတောင်၊ ရွာငံမြို့နယ် ၊ သိမ်ကုန်းကျေးရွာ တွင်နေထိုင်သည့် အသက် ၄၀ ကျော်အရွယ် ကိုဖိုးသားဆိုသူကို စစ်ကောင်စီတပ်ဖွဲ့များက မေလ ၁၈ ရက်တွင်...
ညောင်ရွှေမြို့နယ် တိုက်ပွဲဆက်လက်ဖြစ်ပွား၊ တစ်ပတ်အတွင်း စစ်ဘေးရှောင် ၁ ထောင်ကျော် ထပ်မံထွက်ပြေးရ
သျှမ်းပြည် ညောင်ရွှေမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသေးကြောင်း စုံစမ်းသိရသည်။ ညောင်ရွှေမြို့နယ် ညောင်လေးပင်ကျေးရွာ၊ တောင်ပို့ကွဲကျေးရွာနှင့် ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာတွင် ယနေ့အချိန်ထိ နှစ်ဘက်တပ်ဖွဲ့တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ကျေးရွာထဲသို့ ရမ်းသမ်းပစ်ခတ်နေကြောင်း ညောင်ရွှေမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “အခုတိုက်ပွဲတွေဆက်ဖြစ်နေသေးတယ်ဗျ။ ဒီတောင်ပို့ကွဲတို့၊ နန်းတုတ်တို့၊ ညောင်လေးပင်တို့ဘက်မှာ...
ကချင်ပြည်နယ် မိုးမောက်မြို့တွင် စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဈေးနှင့် ပြည်သူနေအိမ် တစ်ရာကျော် မီးလောင်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ မေလ (၇) ရက်မှ စတင်ပြီး ယနေ့ (၂၀) ရက်နေ့အထိ မိုးမောက်မြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ် KIA တို့၏ နှစ်ဘက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲ...
မူဆယ် ရှေ့နေ အမျိုးသမီးနှစ်ဦး ဓားပြတိုက်ခံရ
သျှမ်းပြည် မူဆယ်မြို့တွင် ရှေ့နေ အမျိုးသမီး နှစ်ဦးကို အမျိုးသား ၄ဦးက သေနတ်ဖြင့်ချိန်ပြီး ဓားပြတိုက်သွားကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မူဆယ်မြို့ ယမနေ့ မေလ ၁၈ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင် ဟိုမွန် ၄၅ ကုန်း လမ်းသွယ် ၅ တွင်...
ရွာငံစစ်ဆေးရေးဂိတ်တွင် ရဲများက ပြည်သူများကို ငွေ အဆမတန် ခြိမ်းခြောက်တောင်းနေ
SHAN -
သျှမ်းတောင်၊ ရွာငံမြို့ အထွက် စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီ၏ လက်အောက်ခံ ရဲများက လမ်းသွား ပြည်သူများကို ငွေအဆမတန် ခြိမ်းခြောက် တောင်းနေကြောင်း စုံစမ်းသိရသည်။ ရွာငံမြို့ အထွက် တောင်ကြီး- အောင်ပန်းသွားလမ်းပေါ်ရှိ စစ်ဆေးရေး ဂိတ်တွင် မေလ ၁၇ ရက်၌ စစ်ကောင်စီ၏ လက်အောက်ခံ ရဲတပ်ဖွဲ့...
တာချီလိတ်မြို့ ဖုန်းဆိုင်တစ်ဆိုင် ဖောက်ထွင်းခံရ
သျှမ်းပြည် တာချီလိတ်မြို့ရှိ ဖုန်းဆိုင်သည် ယမန်နေ့ (မေ ၁၉)ရက် တွင် ဖောက်ထွင်းခံရပြီး iPhone (အိုင်ဖုန်း)သီးသန့် ခိုးယူသွားကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်မကြီး၊ ဆန်ဆိုင်းဟိုတယ်အနီးရှိ Hout Same Mobile ဖုန်းဆိုင်ကို ယမန်နေ့ (မေလ၁၉ ရက်) မနက် ၅ နာရီဝန်းကျင်တွင် အမျိုးသားတစ်ဦး ဆိုင် အတွင်းသို့ ဖောင်ဝင်ပြီး အိုင်ဖုန်းများကိုသာ သီးသန့် ခိုးယူခဲ့ကြောင်း တာချီလိတ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဖုန်းတွေကတော့ အများကြီးပါသွားလောက်တယ်။အိုင်ဖုန်းတွေပဲယူသွားတာ။ဆိုင်ထဲကို တစ်ယောက်ထဲ ဝင်ဖောက် သွားတာ။ ဆိုင်ကလည်း တာချီလိတ်မြို့လယ်ကောင်မှာလို့ပြောလို့ရတာပေ့ါ။ ခုထိတော့ ပြန်မမိသေးဘူး။”ဟု တာချီလိတ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ အလားတူ ပြီးခဲ့သည့် မေလ ၁၈ ရက်တွင်လည်း တာချီလိတ်မြို့ ရပ်ကွက်တစ်ခုတွင် အမျိုးသားတစ်ဦး ဖုန်းပြော ဟန်ဆောင်ကာ အိမ်တွင်းတို့ဝင်၍ ဆိုင်ကယ်ခိုးယူခဲ့ကြောင်း သိရသည်။ ထိုသို့ ခိုးဆိုးလုယက်မှုများ နေ့စဉ်နီးပါး ဖြစ်ပွားနေသောကြောင့် လက်ရှိမှာ မည်သူမှ ဖမ်းဆီးအရေးယူဆောင်ရွက်ခြင်း မရှိခြင်းသည့် အတွက်ကြောင့် ပြည်သူများ လုံခြုံရေးအတွက် စိုးရိမ်နေရကြသည်။ စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီး နောက်ပိုင်း တာချီလိတ်မြို့အတွင်း ပေါက်ကွဲမှုများ၊ ပစ်ခတ်မှုများ၊ ခိုးယူ လုယက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။






