တာချီလိတ်မြို့ ဖုန်းဆိုင်တစ်ဆိုင် ဖောက်ထွင်းခံရ

သျှမ်းပြည် တာချီလိတ်မြို့ရှိ ဖုန်းဆိုင်သည်  ယမန်နေ့ (မေ ၁၉)ရက် တွင် ဖောက်ထွင်းခံရပြီး iPhone (အိုင်ဖုန်း)သီးသန့် ခိုးယူသွားကြောင်း စုံစမ်းသိရသည်။ 

သျှမ်းပြည် တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်မကြီး၊ ဆန်ဆိုင်းဟိုတယ်အနီးရှိ Hout Same Mobile ဖုန်းဆိုင်ကို ယမန်နေ့ (မေလ၁၉ ရက်) မနက် ၅ နာရီဝန်းကျင်တွင် အမျိုးသားတစ်ဦး ဆိုင် အတွင်းသို့ ဖောင်ဝင်ပြီး အိုင်ဖုန်းများကိုသာ သီးသန့် ခိုးယူခဲ့ကြောင်း တာချီလိတ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဖုန်းတွေကတော့ အများကြီးပါသွားလောက်တယ်။အိုင်ဖုန်းတွေပဲယူသွားတာ။ဆိုင်ထဲကို တစ်ယောက်ထဲ ဝင်ဖောက် သွားတာ။ ဆိုင်ကလည်း  တာချီလိတ်မြို့လယ်ကောင်မှာလို့ပြောလို့ရတာပေ့ါ။ ခုထိတော့ ပြန်မမိသေးဘူး။”ဟု တာချီလိတ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အလားတူ ပြီးခဲ့သည့် မေလ ၁၈ ရက်တွင်လည်း တာချီလိတ်မြို့ ရပ်ကွက်တစ်ခုတွင် အမျိုးသားတစ်ဦး ဖုန်းပြော ဟန်ဆောင်ကာ အိမ်တွင်းတို့ဝင်၍ ဆိုင်ကယ်ခိုးယူခဲ့ကြောင်း သိရသည်။

ထိုသို့ ခိုးဆိုးလုယက်မှုများ နေ့စဉ်နီးပါး ဖြစ်ပွားနေသောကြောင့် လက်ရှိမှာ မည်သူမှ ဖမ်းဆီးအရေးယူဆောင်ရွက်ခြင်း မရှိခြင်းသည့် အတွက်ကြောင့် ပြည်သူများ လုံခြုံရေးအတွက် စိုးရိမ်နေရကြသည်။ 

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီး နောက်ပိုင်း တာချီလိတ်မြို့အတွင်း ပေါက်ကွဲမှုများ၊ ပစ်ခတ်မှုများ၊ ခိုးယူ လုယက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ မိုးရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ရပ်ကွက်အချို့ ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) မနက်ပိုင်း တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် အမှတ် (၁) တံတားအနီးရှိ ပုန်းထွန်ရပ်ကွက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း တာချီလိတ်မြို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ "တာချီလိတ်ကတော့ မိုးခဏရွာတာနဲ့တင် ရေလျှံတာပဲ။...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

စက်သုံးဆီ ပြတ်လပ်မှုကြောင့် တာချီလိတ် – မိုင်းရှူး ကားခဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည်တွင် စက်သုံးဆီပြတ်လပ်မှု နှင့် စက်သုံးဆီ ဈေးမြင့်တက်လာမှုကြောင့် ကားခ ဈေးနှုန်း မြင့်တက်လာကြောင်း စုံစမ်းသိရသည်။ ယခင်က တာချီလိတ်မြို့ မှ မိုင်းရှူးမြို့သို့ တစ်ဦးလျှင် ငွေကျပ် နှစ်သိန်း သာပေးရပြီး လက်ရှိတွင် တစ်ဉီးလျှင် ကျပ်ငွေ နှစ်သိန်းခွဲအထိ ဈေးနှုန်းမြင့်တက်လာကြောင်းကို တာချီလိတ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

တာချီလိတ်မြို့ပေါ် ခိုးဝင်လာသည့် နိုင်ငံခြားသား ကျားဖြန့် ၄၀၀ နီးပါး ဖမ်းဆီးရမိ

0
“ရွှေတြိဂံ ဒေသ” သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်သို့ ခိုးဝင်လာပြီး ကျားဖြန့် အွန်လိုင်းလုပ်ငန်း လာရောက်လုပ်ကိုင်သည့် နိုင်ငံခြားသား ၄၀၀ နီးပါးနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ယမန့်နေ့ (မတ်လ ၃ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် (၂)၊ မယ်ခေါင်(၂)လမ်းတွင် ဖွင့်လှစ်ထားသည့် “...

တာချီလိတ်မြို့နယ် စက်သုံးဆီ တစ်လီတာ ဘတ် ၂၀၀ ထိရှိလာ၊ အလုအယက်ဝယ်ယူနေ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း စက်သုံးဆီ တစ်လီတာလျှင် ဘတ် (၂၀၀) ထိရှိလာပြီး အလုအယက်ဝယ်ယူနေကြကြောင်း သတင်းရရှိသည်။ ထိုင်းနိုင်ငံမှ စက်သုံးဆီတင်ပို့ရောင်းချမှုကို ယနေ့(မတ် ၂)ရက် မနက်ပိုင်းတွင် ရပ်ဆိုင်းလိုက်ကြောင်း သတင်းထွက်လာပြီးနောက် သျှမ်းပြည် အရှေ့ပိုင်းရှိ စက်သုံးဆီဆိုင်များ၌ ဆီများကို အလုအယက် ဝယ်ယူနေကြပြီး၊ အကန့်အသတ်ဖြင့် ရောင်းချနေကြောင်း...