ရွာငံ အမျိုးသားတစ်ဦးအား PDF ကိုထောက်ပံ့နေသည့် ဟုဆိုပြီး စစ်ကောင်စီ လာရောက်ဖမ်းဆီး

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ထောက်ပံ့နေသည်ဟုဆိုပြီး စစ်ကောင်စီ၏ တပ်သားများက လာရောက်ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရပါသည်။

သျှမ်းတောင်၊ ရွာငံမြို့နယ် ၊ သိမ်ကုန်းကျေးရွာ တွင်နေထိုင်သည့် အသက် ၄၀ ကျော်အရွယ် ကိုဖိုးသားဆိုသူကို စစ်ကောင်စီတပ်ဖွဲ့များက မေလ ၁၈ ရက်တွင် နေအိမ်၌ လာရောက်ဖမ်းဆီးသွားပြီး ယနေ့အချိန်ထိ မိသားစုဝင်များနှင့် တွေ့ခွင့် မရသေးကြောင်း ဖြစ်စဥ်ကို သိရှိသည့် ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ သူ့ကို ညနေဖက်မှာ လာဖမ်းသွားတာ။ စစ်ကားနှစ်စီး နဲ့လာဖမ်းတာ။ PDF ကို ထောက်ပံ့နေတယ်ဆိုပြီး လာဖမ်းတယ်။ မိုင်တဲလ် တာဝါတိုင်မှာ အသံဖမ်းစက် တပ်ထားတယ်။ ရုတ်ရုတ် မလုပ်နဲ့လို့လည်း ခြိမ်းခြောက်ပြောသွားတယ်။” ဟု ၎င်းအမျိုးသမီးက ဆိုသည်။

ကိုဖိုးသားကို လာရောက်ဖမ်းဆီးချိန်တွင် စစ်ကောင်စီတပ်သားများသည် အိမ်စီးကား တစ်စီ၊ စစ်ကားဖြင့် တစ်စီးနှင့်အတူ စစ်ယူနီဖောင်းဝတ်ဆင်ထားသူ (၁၀)ဦးနှင့် အရပ်ဝတ် (၃)ဦး ပါဝင်ကြောင်း အထက်ပါ အမျိုးသမီးက ထပ်လောင်းပြောသည်။

ဖမ်းဆီးခံရသည့် ကိုဖိုးသားနှင့် လက်ရှိအချိန်ထိ အဆက်အသွယ် မရသေးသဖြင့် စစ်ကြောရေးတွင် အနှိပ်စက်ခံနေရမည်ကို မိသားစုဝင်များက စိုးရိမ်နေကြောင်း ကိုဖိုးသား၏ မိသားစုဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ စစ်တပ်က အရမ်းယုတ်မာတာ။ စစ်ကြောရေးမှာဆို ဘယ်လောက် နှိပ်စက်ခံနေရမလဲ မသိဘူး။ အရင်က ရွာမှာ ဖမ်းခံရတဲ့ သူတွေတုန်းကလည်း သုံးလ ကြာမှ သူတို့ ရိုက်နှက် နှိပ်စက်ပြီးမှ တွေ့ခွင့် ရကြတာ။ စိတ်ပူတယ်။ သူတို့ တမင်စွတ်စွဲပြီး လာဖမ်းကြတာ။” ဟု ၎င်း မိသားစုဝင် တစ်ဦးက ဆိုသည်။

ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာ ဒေသခံများသည် မိုင်တဲလ် ဆင်းကတ်ကိုသာ အဓိက သုံးနေရကြောင်း၊ ထိုဒေသတွင် မိုင်းတဲလ်ဆင်းကတ်သာ အင်တာနက်လိုင်းမိသည်။

ထို့ကြောင့် စစ်ကောင်စီသည် မိုင်တဲလ် ကို ကြားဖြတ်အသံခိုးနားထောင်ပြီး PDF နှင့် အဆက်အသွယ်ရှိသူများကို ထိုမှတဆင့် ခြေရာခံကာဖမ်းဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။


ယခုနှစ် မေလ ၁၆ ရက်တွင်လည်း သိမ်ကုန်းကျေးရွာမှ ကျေးရွာ ဥက္ကဌ အပါအဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး တစ်ဦးကို စစ်ကောင်စီမှ လာရောက် ဖမ်းဆီးသွားခဲ့ပြီး ယနေ့အချိန်ထိ မိသားစုဝင်များနှင့် အဆက်အသွယ် လုပ်ခွင့် မရသေးကြောင်း သိရသည်။

အလုပ်သင်သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...