Monday, February 16, 2026

CATEGORY

သတင်း

ထိန်းချုပ်မြို့များမှ သံသယရှိသည့် Non-CDM ဝန်ထမ်းများကို အရေးယူသွားမည်ဟု TNLA ပြော

“၁၀၂၇ စစ်ဆင်ရေး”အတွင်း သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့(၇)မြို့မှ ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသည့် Non-CDM ဝန်ထမ်းများကို အပြစ်ပေး အရေးယူခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း TNLA တပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။ ယနေ့ (မေလ ၁၅ ရက်) ရက်စွဲဖြင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က ထိန်းချုပ်မြို့များရှိ...

မြန်မာ-တရုတ်နယ်စပ်ဒေသတွင် တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရမှုတိုးလာ

မြန်မာ-တရုတ်နယ်စပ်ဒေသတွင် အလုပ်အကိုင်ရှားပါးမှုကြောင့် ပွဲစားမျာကအလုပ်ရှာဖွေပေးမည်ဟု မက်လုံးပေးခေါ်ရာမှ တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရမှုတိုးလာနေကြောင်း သိရသည်။ သျှမ်းမြောက်တွင် “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲဖြစ်ပွားပြီးနောက် နယ်စပ်ဒေသခံများအပါအဝင် စစ်ဘေးရှောင်များသည် အလုပ်လုပ်ကိုင်ရန်အတွက် မူဆယ်မြို့ရှိ နန်းတော်ဂိတ်တွင် ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (TBP) သော်လည်းကောင်း၊ ယာယီလက်မှတ် စာအုပ်နီသော်လည်းကောင်း ပြုလုပ်ပြီး တရုတ်ပြည်သို့သွားရောက်အလုပ်လုပ်ခဲ့ခြင်းဖြစ်သည်။ “အလုပ်ရမယ်၊ အလုပ်ပေးမယ်ခေါ်ပြီးတော့...

နောင်ချို တိုက်ပွဲပြင်းထန်နေဆဲ၊ စစ်ဘေးရှောင်များ အချိန်မီ စိုက်ပျိုးနိုင်ရန် အခက်အခဲ ကြုံတွေ့နေ

သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များသည် တိုက်ပွဲဆက်လက် ပြင်းထန်နေခြင်းကြောင့် အချိန်မီ စိုက်ပျိုးနိုင်ရန် အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ သင်္ကြန်ကာလနောက်ပိုင်း ဧပြီလ ဒုတိယပတ်မှ စ၍ သျှမ်း-မန္တလေး နယ်စပ်ရှိ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် မန္တလေး-PDF တပ်ဖွဲ့တို့အကြား နှစ်ဘက်တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေခြင်းကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များမှာ...

တောင်ကြီးမြို့ရှိ ရွှေရည်နုလက်ဖက်ရည်ဆိုင်မီးလောင် ပြာကြ

သျှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့၊ဟော်ကုန်းရပ်ကွက်၊မြတ်လေးလမ်းထဲရှိ ရွှေရည်နုလက်ဖက်ရည်ဆိုင်သည် ယမန်နေ့ ( မေလ၁၄) ရက် ည ၇နာရီတွင် မီးလောင် ပြာကျခဲ့ရကြောင်း မြို့ခံများထံမှရသည်။ တောင်ကြီးမြို့ ဟော်ကုန်းရပ်ကွက် မြတ်လေးလမ်းထဲရှိ ရွှေရည်နုလက်ဖက်ရည်ဆိုင်မှမီးဖိုမီးမွေးရာမှ တစ်ဆင့်မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုမရှိသော်လည်း လက်ဖက်ရည်ဆိုင် မီးလောင်ကျွမ်းသဖြင့် သိန်း ဆယ်ချီ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ "မီးဖိုကနေ...

ဆီဆိုင်တောတောင်ထဲရှောင်နေရသော စစ်ရှောင်များ ဆေးဝါး၊စားနပ်ရိက္ခာများလိုအပ်

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်၊တောတောင်ဖက်ရှောင်နေရသော စစ်ရှောင်များသည် ဆေးဝါး၊စားနပ်ရိက္ခာများလိုအပ်လျက်ရှိကြောင်း သိရသည်။ သျှမ်းတောင်တွင် ဒေသခံစစ်ရှောင် ၇သောင်းကျော်နှင့် ကရင်နီစစ်ရှောင်၃သောင်းကျော် စုစုပေါင်းစစ်ဘေးရှောင် ၁သိန်းကျော်ရှိပြီး စစ်ရှောင်အများစု သည် တောထဲ၊တောင်ထဲသာ ရှောင်နေရကြောင်း သိရသည်။ "အရင်ကက္ကူဖက်၊ဟိုပုံးမြို့ဖက် ရှောင်ပေမယ့်် PNO တွေ အိမ်ပြန်ခိုင်းတယ်။တိုက်ပွဲဖြစ်နေသေးတော့ အိမ်လည်း မပြန်ရဲဘူး သူတို့ကိုလည်း ကြောက်တော့ တောဘက်ပဲပြန်နေကြတာ"...

ရိုးရာပွဲ မီးလုံးအတွက် ယမ်းထောင်းရာမှ ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသား ၃ ဦးပြင်းထန်ဒဏ်ရာရ

သျှမ်းပြည် တောင်ပိုင်း အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်တွင် ရိုးရာပွဲအတွက် မီးလုံးပြုလုပ်ရန်ယမ်းထောင်းရာမှ မတော်တဆပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသား ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိပြီး နေအိမ်လည်း မီးလောင်းပြကျသွားခဲ့ရကြောင်း သိရသည်။ ယမန်နေ့ (မေ လ ၁၃) ရက် ညနေ ၂ နာရီခန့်တွင် ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှု ၃ဆင့်ဖြစ်ပေါ်ကာ မီးသတ်...

စံကားမြို့ စစ်ရှောင်များအတွက် သယ်လာသည့် ဆန်အိတ်၉၀၀ကို စစ်ကောင်စီက သိမ်းဆည်း

သျှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ်၊စံကားမြို့ရှိ စစ်ရှောင်များအတွက် သယ်လာသည့် ဆန်အိတ်၉၀၀ကို နန်းပန်မြို့ ဂိတ်ရှိ စစ်ကောင်စီတပ်သားများက သိမ်းယူသွားခဲ့ကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။ မေလ၅ရက်နေ့တွင် သိမ်းယူသွားခြင်းဖြစ်ပြီး ယင်းဆန်အိတ်များကို ကမ္ဘာစားနပ်ရိက္ခာ ထောက်ပံ့ရေးအဖွဲ့ (WFP)က စံကားမြို့ရှိ စစ်ရှောင်များအတွက် ကူညီထားကြောင်း သိရသည်။ " လုံးကန်အုပ်စု ကWFP လှူတဲ့ဆန်က ညောင်ရွှေကနေတင်လာတာ နန်းပန်ဂိတ်ကဖမ်းထားတယ်။ကားသမားတော့မဖမ်းဘူး။...

ပင်လောင်းမြို့၊ နန်းတုတ်ရွာ စစ်ကောင်စီလက်နက်ကြီးကြောင့် လူနေအိမ်၃လုံးနှင့် မီးတိုင်များပျက်စီး

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်၊ နန်းတုတ်ကျေးရွာတွင် စစ်ကောင်စီ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် လူနေအိမ်သုံးလုံးနှင့် ကျေးရွာရှိ မီးတိုင်များ ထိမှန်ပျက်စီးခဲ့ရကြောင်း သတင်းရရှိသည်။ မေလ၁၀ရက် နေ့လည် ၂နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထီရီးလက်နက်ကြီးတပ်မှ ပစ်ခတ်တိုက်ခတ်လာခဲ့ပြီး လူနေအိမ် များကို ထိခိုက်ပျက်စီးပြီးနောက် ရွာသားလည်း ဘေးလွှတ်ရာ ထွက်ပြေးခဲ့ရကြောင်း သိရသည်။ "လူထိခိုက်တာတော့မရှိဘူး။ အိမ်သုံးလုံးနဲ့...

စစ်ရှောင်ကူညီသူ အမျိုးသား နှစ်ဦးကို စစ်ကောင်စီနှင့်ပြည်သူ့စစ် သတ်ဖြတ်

သျှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊နောင်ရင်းရွာနေ ခွန်ဇာခွန်နှင့် ညီဖြစ်သူ ခွန်ပလွန် တို့သည် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က သတ်ဖြတ်ခဲ့ကြောင်း ပအိုဝ်း အမျိုးသားလွှတ်မြှောက်ရေးတပ်မတော်PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံထံမှသိရသည်။ ယနေ့ (မေလ ၁၀)ရက် နံနက်အစေားပိုင်တွင် စစ်ရှောင်နေသူဖြစ်သကဲ့သို့ စစ်ရှောင်များကိုလည်းကူညီနေသည့် ခွန်ဇာခွန်တို့ညီအစ်နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့များက နောင်ရွာခေါ်ပြန်ခဲ့ပြီး အရောက်တွင် နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း...

ဆီဆိုင်တွင် ဒေသခံ နှစ်ဦး မိုင်းနင်းမိပြီး တစ်ဦးသေဆုံး၊တစ်ဦး ဒဏ်ရာပြင်းထန်ရ

သျှမ်းပြည်နယ်တောင်ပိုင်း ၊ဆီဆိုင်မြို့ နယ်တွင် နေအိမ်ပြန်လာကြည့်ကြသော ဒေသခံနှစ်ဦး မိုင်းနင်းမိကြပြီး တစ်ဦး သေဆုံးပြီး နောက်တစ်ဦးပြင်းထန်စွာဒဏ်ရာရသည့်အပြင် ခြေထောက်တစ်ဖက်လည်း ပြတ်သွားခဲ့ကြောင်း သိရသည်။ မေလ ပထမပတ်အတွင်းတွင် မြကန်သာရပ်ကွက်နေ အသက်၃၂နှစ်အရွယ် မောင်နျားသည် နေအိမ်ပြန်လာရင်း မွှေတော်ဘုရားအနီးတွင် မိုင်းနင်မိပြီး ဒဏ်ရာရရှိပြီးနောက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ ၄၂၃တပ်မှ...

Latest news