Thursday, July 4, 2024

သျှမ်းမြောက်၌ စစ်ကောင်စီ စစ်ရှုံးနေစဉ် သမ္မတဟောင်း ဦးသိန်းစိန် တရုတ်နိုင်ငံသို့ ရုတ်တရက် သွားရောက်

Must read

သျှမ်းမြောက် အပါအဝင် နိုင်ငံ တဝှမ်း စစ်ကောင်စီ စစ်ရှုံးနေစဥ် သမ္မတဟောင်း ဦးသိန်းစိန် ယနေ့ (ဇွန်လ ၂၇ ရက်) တွင် တရုတ်နိုင်ငံသို့သွားရောက်ကြောင်း ရန်ကုန် အခြေစိုက် တရုတ် သံရုံးက ထုတ်ပြန်သည်။

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ချက် ထုတ်ပြန်ခြင်း နှစ် (၇၀) ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်မည့် သမ္မတဟောင်းဦးသိန်းစိန်အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai နေပြည်တော် လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယမန်နေ့ ဇွန်လ ၂၆ ရက်နေ့တွင် သံအမတ်ကြီး Mr. Chen Hai နေပြည်တော်၌ သမ္မတဟောင်း ဦးသိန်းစိန်အား တွေ့ဆုံခဲ့ပြီးနောက် ယခုကဲ့သို့ ဦးသိန်းစိန် ရုတ်တရက် တရုတ်ပြည်သို့ သွားရောက်ခြင်း ဖြစ်သည်။

ဦးသိန်းစိန်နှင့် အတူ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်ဦး၊ ဝန်ကြီးချုပ် ဦးနု၏သမီး ဒေါ်သန်းသန်းနု တို့ အတူတကွ သွားရောက်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တရုတ်သွားသည့် အဖွဲ့ကို စစ်ကောင်စီ ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့ဝင်များ လေဆိပ် ပို့ဆောင်ခဲ့ကြောင်း ဆိုသည်။

လက်ရှိ နိုင်ငံတဝှမ်း စစ်ရှုံးမှုနှင့် မူဝါဒ အမှားများကြောင့် နိုင်ငံ ဖရိုဖရဲ ဖြစ်နေပြီး နေပြည်တော်တွင် တန်ပြန် အာဏာသိမ်းမှုများ ဖြစ်လာနိုင်သည် ဆိုသည့် သတင်းများ ထွက်ပေါ်နေစဥ် ယခုကဲ့သို့ သမ္မတဟောင်း ဦးသိန်းစိန် ၏ တရုတ်ခရီးစဥ် ရုတ်တရက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article