နောင်ချို စိန်ရတနာ ပရိယတ္တိ စာသင်တိုက် တိုက်ခိုက်ခံရခြင်းသည် စစ်ကောင်စီ သတင်းပေးလက်ချက်ဟုဆို
SHAN -
သျှမ်းပြည် နောင်ချိုမြို့ရှိ စိန်ရတနာ ပရိယတ္တိ စာသင်တိုက် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခံရခြင်းသည် ဖုန်းလိုင်း ခေတ္တပြန်ဖွင့်ပြီးနောက် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီထံ သတင်းပေးမှုကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ ယမန်နေ့ (မတ်လ ၁၆ ရက်) ညနေပိုင်းတွင် နောင်ချိုမြို့ တောင်ရပ်ကွက်ရှိ စိန်ရတနာ ပရိယတ္တိ စာသင်တိုက်ကို...
စစ်တပ်နှိပ်စက်မှုကြား အားကိုးရာမဲ့ မိခင်များ
“ဒိုင်း” ဆိုတဲ့ သေနတ်သံကို ကြားကြားချင်း ဝါးထရံထောင့်မှာ ပြေးပုန်းနေချိန်၊ “ဝုန်း”ဆိုပြီး ရုတ်တရက် အိမ်တံခါးကို စစ်ဖိနပ်နဲ့ ဆောင့်ကန်လိုက်တဲ့ အရှိန်ကြောင့် ခနော်ခနဲ့ ဖြစ်နေတဲ့ ဝါးထရံက ပြိုကျသွားပါတယ်။ အဲ့အချိန်မှာ ဝါးထရံထောင့်နား ပုန်းနေတဲ့ ဒေါ်ငယ် တစ်ယောက်ဆီကို စစ်ယူနီဖောင်း ဝတ်ထားတဲ့ စစ်သား (၅)ယောက်က...
ဆီဆိုင်မြို့ လောင်းကစားဝိုင်းများ ပြန်လည်ဖွင့်လှစ်နေ၊ ဒေသခံများ လုံခြုံရေးစိုးရိမ်ရ
သျှမ်းပြည် ဆီဆိုင်မြို့တွင် လောင်းကစားဝိုင်းများ စတင်ဖွင့်လှစ်လာပြီး ခိုးဆိုးလုယက်မှု ပေါများခြင်းကြောင့် ဒေသခံများ လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေရကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားနိုင်သည့် ဆီဆိုင်မြို့တွင် ယခုနှစ်ဆန်းပိုင်း ၂၀၂၅ ဇန်နဝါရီလမှ စတင်၍ လောင်းကစားဝိုင်းများ ပြန်လည်ဖွင့်လှစ်လာခဲ့ပြီး ရပ်ကွက်အချို့ထဲတွင် ပေါ်ပေါ်ထင်ထင် ပြုလုပ်နေကြကြောင်း ဆီဆိုင်မြို့ ဒေသခံအမျိုးသား တစ်ဦးက...
နောင်ချိုမြို့ ဘုန်းကြီးကျောင်းပေါ် လေကြောင်းဗုံးကြဲခံရ၊ ကိုရင် ၈ ပါး အပါအဝင် ၁၄ ဦးထက်မနည်း သေဆုံး
သျှမ်းပြည် နောင်ချိုမြို့ပေါ်ရှိ စိန်ရတနာ ပရိယတ္တိ စာသင်တိုက်ကို စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကိုရင်(၈)ပါးနှင့် ပြည်သူ (၅)ဦး အပါအဝင် စုစုပေါင်း (၁၄) ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) ညနေပိုင်း ၅ နာရီခွဲခန့်တွင် နောင်ချိုမြို့ပေါ်သို့...
သျှမ်းပြည် သိန္နီမြို့မဈေးထဲ ဖြစ်ပွားခဲ့သည့် လူသတ်မှုအတွက် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မသင်္ကာသူအဖြစ် ဖမ်းဆီးသွားသည့် စည်ပင်ဝန်ထမ်း အမျိုးသားတစ်ဦး ရိုက်နှက်စစ်ဆေးခံရပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၂) ရက် ညပိုင်းတွင် သိန္နီမြို့ရှိ မြို့မဈေး (ဈေးဟောင်း) ၌ ငါးခြောက်ရောင်းချသည့် အသက် (၅၀)...
တောင်ကြီးမြို့ပေါ်ရပ်ကွက်အတွင်း မီးလောင်မှုထပ်မံဖြစ်ပွား
Eugene -
သျှမ်းပြည်မြို့တော် တောင်ကြီးတွင် မြို့ပေါ်ရပ်ကွက်အတွင်း ဒုတိယအကြိမ် မီးလောင်မှုထပ်မံဖြစ်ပွားခဲ့ကြောင်း တောင်ကြီးမြို့ခံများထံမှ သတင်းရရှိသည်။ ယနေ့ (မတ်လ ၁၆ ရက်) နေ့လည် ၁၂ ခန့်အချိန်တွင် တောင်ကြီးမြို့ ညောင်ရွှေဟော်ကုန်းရပ် မြကန်သာပန်းခြံအနီး၊ နန်းထိုက်ရွှေစင်ကွန်ဒိုနှင့် မိဘအရိပ်ကွန်ဒိုအနီးရှိ လျှပ်စစ်ထရန်စဖော်မာမှ ဝါယာရှော့ဖြစ်ပြီး မီလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများကပြောသည်။ “မနေ့ကလည်း ရတနာသီရိထဲမှာလောင်တယ်၊ ဒီနေ့လည်း...
မိုင်းဆတ်မြို့ နမ့်ခုတ်မြစ်ပေါ် ရွှေတူးဖော်မှုကို ထိုင်းဒေသခံများ ကန့်ကွက်ဆန္ဒထုတ်ဖော်
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်ရှိ နမ့်ခုတ်မြစ်အပေါ်ဘက်တွင် ၂၄ နာရီမပြတ် ရွှေတူးဖော်မှုများကို ထိုင်းပြည်သူ (၇၀၀) ခန့် စုစည်းကာ ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၄ ရက်) တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်မှ မယ်အိုင်မြို့နယ်...
တောင်ကြီးမြို့ ရွှေဘုန်းပွင့်တောင်ပေါ်တွင် တောမီး နှစ်ရက်ဆက်တိုက်လောင်ကျွမ်းနေ
Eugene -
သျှမ်းပြည်မြို့တော် တောင်ကြီးရှိ ရွှေဘုန်းပွင့်စေတီတော် အနီးတောင်စောင်းနေရာများတွင် တောမီး နှစ်ရက်ဆက်တိုက် လောင်ကျွမ်းနေကြောင်း တောင်ကြီးမြို့ခံများထံ စုံစမ်းသိရသည်။ ယမန့်နေ့ (မတ် လ ၁၄ ရက်) ည ၇ နာရီအချိန်မှ စတင်ကာ တောင်ကြီးမြို့ ရွှေဘုန်းပွင့်တောင်ပေါ်တွင် တောမီးလောင်ကျွမ်းခဲ့ပြီး ယနေ့ (မတ်လ ၁၅ ရက်) နေ့လည်ပိုင်းတွင်...
ဝီဂါများကို တရုတ်ထံပြန်ပို့ခြင်းကြောင့် ထိုင်းအစိုးရအဖွဲ့ဝင်များ အမေရိကန် ဗီဇာကန့်သတ်ပိတ်ပင်ခံရ
SHAN -
ထိုင်းနိုင်ငံတွင် ၁၀ နှစ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဝီဂါလူမျိုး Uyghurs (၄၀) ကျော်ကို တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်းကြောင့် ထိုင်းအစိုးရအဖွဲ့ဝင်များကို အမေရိကန်နိုင်ငံမှ ဗီဇာကန့်သတ် ပိတ်ပင်လိုက်ကြောင်း ယမန်နေ့ (မတ်လ ၁၄ ရက်) ရက်စွဲဖြင့် ကြေညာလိုက်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၇) ရက်တွင် ထိုင်းနိုင်ငံအတွင်း...
စံကားဒေသတွင် PNO မှ ပအိုဝ်းကျေးရွာများကို စစ်သားကောက်ပြီး ကျန်ကျေးရွာများတွင် လစဉ်ဆက်ကြေးကောက်
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် စံကားဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO)မှ ပအိုဝ်းလူမျိုးများ နေထိုင်သည့် ကျေးရွာများကို စစ်သားစုဆောင်းမှု ပြုလုပ်နေပြီး အခြားလူမျိုးများထံ လစဉ် ဆက်ကြေး (အခွန်) ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ လက်ရှိ ညောင်ရွှေမြို့နယ် စံကားဒေသတွင် ပအိုဝ်းဘာသာစကား နားလည်သူများကို စစ်သားစုဆောင်ရာတွင် ပိုမိုဉီးစားပေး ကောက်ယူနေပြီး၊ အခြားလူမျိုးများထံ...





