CATEGORY

သတင်း

စစ်ရေးအခြေအနေငြိမ်သက်ပြီဖြစ်သဖြင့် မိုင်းရင်မှ နမ္မတူသို့ တိမ်းရှောင်နေသည့် ဆရာ ဆရာမများ သက်ဆိုင်ရာကျောင်းများသို့ပြန်သွားကြပြီး

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ရောက် မိုင်းရင်အုပ်စုမှ ကျောင်းဆရာ ဆရာမ ၃၀ ကျော်မှာ ဒေသတွင်းအခြေအနေပြန်လည်ကောင်းမွန်လာပြီဖြစ်သဖြင့် နေရပ်သို့ပြန်သွားကြပြီဖြစ်ကြောင်း သိရသည်။ ဒီဇင်ဘာလဆန်းပိုင်းက ဒေသတွင်း တအာင်းတပ်ဖွဲ့နှင့် SSPP/SSA တပ်ဖွဲ့တို့အကြား၊ တအာင်းတပ်ဖွဲ့နှင့်အစိုးရတပ်မတော်ကြား စစ်ရေးတင်းမာမှုများကြောင်း လုံခြုံရေးအတွက် နမ္မတူမြို့ပေါ်သို့တိမ်းရှောင်ခိုလှုံနေကြသော ဆရာ ဆရာမ ၃၁ ဦးမှာ ဒီဇင်ဘာလ ၁၁...

မိုင်းပန်မြို့နယ် SNLD ပါတီဥက္ကဌ အဆုတ်ကင်ဆာဖြင့်ကွယ်လွန်

သျှမ်းပြည်တောင်ပိုင်းလင်းခေးခရိုင် မိုင်းပန်မြို့နယ် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ဥက္ကဌ စိုင်းအုန်းကျော် အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားကြောင်းသိရသည်။ SNLD ပါတီစတင်တည်ထောင်စဉ် ၁၉၈၈ ခုနှစ်ကတည်းက မိုင်းပန်မြို့နယ်၏ ပါတီအတွင်းရေးမှူး တာဝန် ကိုထမ်းဆောင်လာခဲ့သူ စိုင်းအုန်းကျော် အသက် ၆၈ နှစ်သည် အဆုတ်ကင်ဆာရောဂါဖြင့် ဒီဇင်ဘာလ ၁၀ ရက်နေ့က မိုင်းပန်မြို့ ရွာသစ်ရပ်ကွက်ရှိနေအိမ်တွင်...

မူးယစ်ဆေးသုံးစွဲသူလူငယ် မိခင်ကိုပြန်ရိုက်နှက်ရန်ရှာ

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် လူငယ်တဦး မိမိ၏မိခင်အား ရိုက်နှက်မှုဖြစ်ပွါးခဲ့ကြောင်းသိရသည်။ ဒီဇင်ဘာလ ရ ရက်မနက် ၉ နာရီက တန့်ယန်းမြို့နယ် မိုင်းပတ်အုပ်စု ၀မ့်ဆိုင်းရွာသား စိုင်းဆန်ခမ်း အသက် ၃၀ နှစ်သည် ၄င်း၏မိခင်ဖြစ်သူ ဒေါ်ပါ့ယိန်အား ရန်ရှာရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ မိုင်းပတ်ဒေသခံ စိုင်းမွမ်းက - စိုင်းဆန်ခမ်းက...

သျှမ်း၊မြောက်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်တင်မြောက်ရေးအသိပညာဆွေးနွေးပွဲ သျှမ်းလူမှုအသင်းအဖွဲ့မှ ပြုလုပ်

သျှမ်းလူမှုအခြေပြုအဖွဲ့အစည်းများစုပေါင်းကာ ရပ်ကျေးအုပ်ချုပ်ရေးရွေးချယ်ရေးနှင့်ပတ်သက်သည့် အသိပညာပို့ချခြင်းသင်တန်းကို သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင်ကျင်းပခဲ့သည်။ ဒီဇင်ဘာလ ၆ ရက်နေ့နှင့် ရ ရက်နေ့က လားရှိုးမြို့နယ် တာ့ပုံအုပ်စုရှိ ကော်တိုင်းရုံးတွင် အဆိုပါသင်တန်းပြုလုပ်ရာ စုစုပေါင်းလူဦးရေ ၉၀ ခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။ “ဒီကာလမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးရွေးကောက်တင်မြှောက်ရေးလုပ်နေတဲ့အချိန်ပေါ့နော်။ ကိုယ့်ရပ်ရွာလူထုအတွက် အကျိုးပြုမယ့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကိုရွေးချယ်တတ်အောင်အသိပညာပေးရုံပါဘဲ”- ဟု တွေ့ဆုံရေးဖြစ်မြောက်ရေးအတွက်စီစဉ်ဆောင်ရွက်သည့် စိုင်းလိုင်းခမ်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။ သင်တန်းသို့...

တိုင်းရင်းသားဒေသအမျိုးသမီးများ အခွင့်အရေးချိုးဖောက်မှုခံနေရဆဲ တအာင်းအမျိုးသမီးအဖွဲ့ပြော

ဒီမိုကရေစီစနစ်သို့ပြောင်းလဲပြီဟုဆိုသော်လည်း တိုင်းရင်းသားဒေသများတွင် ဒေသခံအမျုုိးသမီးများအခွင့်အရေး ချိုးဖောက် ခံနေရသည့်ဘဝ မှာ ပြောင်းလဲမှုမရှိသေးကြောင်း တအာင်းအမျိုးသမီး မှတ်တမ်းနှင့်သုတေသနဌာနကပြောဆိုလိုက်ပါသည်။ လက်နက်ကိုင်တပ်ဖွဲ့များ၊အထူးသဖြင့် တပ်မတော်စစ်ကြောင်းလှုပ်ရှားရာဒေသတို့တွင် အမျိုးသမီးများဘဝ လုံခြုံမှုမရှိသေး ကြောင်းနှင့် အခွင့်အရေးချိုးဖောက်ခံရမှုများရှိနေသေးကြောင်း တအာင်းအမျိုးသမီး မှတ်တမ်းနှင့်သုတေသနဌာနတာဝန်ခံ လွေးပိုးကမေးခြိူဝ်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။ “မြို့နဲ့နီးတဲ့နေရာ သွားရလာရလွယ်ကူတဲ့နေရာဆိုရင် တိုးတက်ပြောင်းလဲမှုက နဲနဲပါးပါးတွေ့ရတယ်ဆို ပေမယ့် မြို့နဲ့ အလှမ်းဝေးတဲ့ကျေးလက်တောရွာတွေဆိုရင်...

SSPP/SSA အခြေချရာသို့ PSLF/TNLA ၀င်ရောက်မှုကြောင့် နမ္မတူမြို့နယ်အတွင်း ၂ ဘက်တိုက်ပွဲဖြစ်

သျှမ်းပြည်မြောက်ပိုင်း နမ်တူမြို့နယ် မိုင်းရင်အုပ်စုမှာ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA တို့တို်က်ပွဲဖြစ်ပွါးခဲ့ပါတယ်။ ဒီဇင်ဘာလ ၅ ရက် ည ၉ နာရီကနေ မနက် ၁ နာရီအထိ TNLA နဲ့ SSPP တို့အကြားတိုက်ပွဲ ၂...

မိုင်းရှူးမြို့ မြောက်ဘက်ခြမ်း လမ်းဖေါက်လုပ်ရေး စီမံကိန်း တပ်မတော်မှ သျှမ်းပြည်နယ်အစိုးရထံ တစုံတရာ ပြောကြားခြင်းမရှိ ဟု သျှမ်းပြည်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးပြော

အစိုးရတပ်မတော် နှင့် သျှမ်းပြည်တပ်မတော် စစ်ရေးအငြင်းပွားသည့်နယ်မြေ မိုင်းရှူးနယ်အတွင်း ကားလမ်းဖောက်လုပ်ရေး စီမံကိန်းနှင့်ပတ်သက်၍ သျှမ်းပြည်နယ်အစိုးရ မသိရှိရဘဲ တပ်မတော် ဘက်မှ စီစဉ်နေခြင်းသာဖြစ်သည်ဟု သျှမ်းပြည်နယ် အစိုးရ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက သျှမ်းပြည်နယ်လွှတ်တော် အစည်းအဝေး တွင် ပြောသည်။ ဒုတိယအကြိမ် သျှမ်းပြည်နယ် လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ဖြစ်သော ဒီဇင်ဘာ...

နိုင်ငံကူးလက်မှတ် လုပ်ရာမှာ သျှမ်းပြည်သားများ အခက်အခဲ ဖြစ်နေသေးကြောင်း လွှတ်တော်သို့ သိန္နီအမတ် တင်သွင်း

သျှမ်းပြည်တွင်း မြို့ကြီးများတချို့တွင် နိုင်ငံကူးလက်မှတ် Passport လျှောက်ထားနိုင်ပြီဟုဆိုသော်လည်း ဒေသခံပြည်သူလူထု လွယ်ကူမြန်ဆန်မှုမရသေးဘဲ အခက်အခဲအမျိုးမျိုးကြုံတွေ့နေရသေးကြောင်း သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) နန်းခင်ထားရီ ကပြောသည်။ ဒီဇင်ဘာ ၅ ရက်နေ့က ကျင်းပပြုလုပ်သော ဒုတိယအကြိမ် သျှမ်းပြည်နယ် လွှတ်တော် အဌမ ပုံမှန်အစည်းအဝေး(ဒုတိယ) နေ့တွင် သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) နန်းခင်ထားရီ...

မိုင်းရှူးမြို့ ကျေးလက်တခုအတွင်း ညသန်းခေါင် လက်နက်ကြီးကျ ကားတစီးနှင့် အိမ်တလုံးပျက်စီး

လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ် မိုင်းအောတ် အုပ်စုတွင် နိုဝင်ဘာလကုန်က ညသန်းခေါင်  ဒေသခံများ အိမ်မောကျနေချိန် လက်နက်ကြီး လက်နက်ငယ်များ  ရွာအတွင်းသို့ ကျလာရာ နေအိမ်တလုံး၊ ကားတစီး ပျက်စီးကာ တရွာလုံး ထိပ်လှန့်ကြသည်ဟု ဒေသခံများက ပြောသည်။ နိုဝင်ဘာလ ၃၀ ရက်က မိုင်းရှူးမြို့အရှေ့မြောက်ဘက်ရှိ မိုင်းအောတ်အုပ်စု ကိန်းတောင်းရွာအတွင်းသို့ ...

နမ္မတူမြို့နယ်တွင် အသက် ၈ နှစ်အရွယ် ခလေး မိဘယာခင်းအတွင်း မြေမြုပ်မိုင်းနင်းမိ သေဆုံး

သျှမ်းပြည်မြောက်ပိုင်း နမ္မတူ မြို့နယ်မှ အသက် ၈ နှစ်အရွယ် ကလေးငယ်တဦး ၄င်းမိဘပိုင်ယာခင်းအတွင်း ဟင်းရွက်ဆင်းခူးစဉ် မြေမြုပ်မိုင်းနင်းမိကာ သေဆုံးခဲ့ရကြောင်းသိရသည်။ နို၀င်ဘာလ ၂၈ ရက်နေ့က နမ္မတူမြို့ အရှေ့မြောက်ဘက် မိုင် ၃၀ ကျော်ကွာ ၀မ့်ဆာလုံအုပ်စု ၀မ့်နားဆန်းရွာ နှင့် ၃ မိုင်ကွာဝေးသော ကောင်းတွယ်ဟောက်တောင်ကုန်းရှိ...

Latest news