တိုင်းရင်းသားဒေသအမျိုးသမီးများ အခွင့်အရေးချိုးဖောက်မှုခံနေရဆဲ တအာင်းအမျိုးသမီးအဖွဲ့ပြော

ဒီမိုကရေစီစနစ်သို့ပြောင်းလဲပြီဟုဆိုသော်လည်း တိုင်းရင်းသားဒေသများတွင် ဒေသခံအမျုုိးသမီးများအခွင့်အရေး ချိုးဖောက် ခံနေရသည့်ဘဝ မှာ ပြောင်းလဲမှုမရှိသေးကြောင်း တအာင်းအမျိုးသမီး မှတ်တမ်းနှင့်သုတေသနဌာနကပြောဆိုလိုက်ပါသည်။

လက်နက်ကိုင်တပ်ဖွဲ့များ၊အထူးသဖြင့် တပ်မတော်စစ်ကြောင်းလှုပ်ရှားရာဒေသတို့တွင် အမျိုးသမီးများဘဝ လုံခြုံမှုမရှိသေး ကြောင်းနှင့် အခွင့်အရေးချိုးဖောက်ခံရမှုများရှိနေသေးကြောင်း တအာင်းအမျိုးသမီး မှတ်တမ်းနှင့်သုတေသနဌာနတာဝန်ခံ လွေးပိုးကမေးခြိူဝ်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။

“မြို့နဲ့နီးတဲ့နေရာ သွားရလာရလွယ်ကူတဲ့နေရာဆိုရင် တိုးတက်ပြောင်းလဲမှုက နဲနဲပါးပါးတွေ့ရတယ်ဆို ပေမယ့် မြို့နဲ့ အလှမ်းဝေးတဲ့ကျေးလက်တောရွာတွေဆိုရင် အမျိုးသမီးတွေဟာ ကြောက်ရွံ့နေတာတွေ၊ ရိုးရာ ယဉ်ကျေးမှုအရ ရှေးရိုးစွဲ အယူတွေရှိနေသေးတာကြောင့် ပြောဆိုအားပေးမှုကိုလက်ခံဖို့မလွယ်ဘူး ။ ဒါတွေ ရှိနေသေးတဲ့အတွက် အခွင့်အရေး ချိုးဖောက်ခံရတာ၊ အဓမ္မပြုကျင့်ခံရတာတွေလည်း အများကြီး ရှိနေ တယ်။ မပြောရဲ မတိုင်ရဲတာကြောင့် သတင်းတွေ မကြားမိတာတွေအများကြီးရှိနေပါသေးတယ်။ ဒါကြောင့် ကျေးလက်တွေမှာဆိုရင်တော့ ဘာမှပြောင်းလဲမှုမရှိသေးဘူး လို့မြင်ပါတယ်။ ”

ပြီးခဲ့သည့် နို၀င်ဘာလ ၂၄ ရက်နေ့က လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် ပန်ဝိုးလျံရွာတွင် ကျေးလက်အမျိုးသမီး ၄ ဦးအား အစိုးရတပ်မတော်၏ ခမရ ၃၆၄ တပ်ရင်းမှ ဗိုလ်မှူး သန့်ဇင်ကျော် ဦးဆောင်သည့်အဖွဲ့မှ တပ်သား ၄ ဦး က ဗလက္ကာရပြုကျင့်ရန် ဆွဲရမ်းမှုပြုခဲ့ကြောင်း၊ လက်ရှိတွင် ဆွဲရမ်းခံရသူအမျိုးသမီး ၄ ဦးအနက်တချို့မှာ ကြောက်လှန့်တုန်လှုပ်ကာ နေရပ်မှ တိမ်းရှောင်နေမှုလည်း ရှိကြောင်း တအာင်းအမျိုးသမီးအဖွဲ့ မှတ်တမ်းနှင့် သုတေသနဌာနနှင့် တအာင်းကျောင်းသားများသမဂ္ဂက အစီရင်ခံစာတစောင် ထုတ်ပြန်ထားသည်။
တအာင်းအမျိုးသမီးများ ဆွဲရမ်းခံရမှုနှင့်ပတ်သက်ပြီး တအာင်းအမျိုးသမီးအဖွဲ့က ကွင်းဆင်းကာ တွေ့ဆုံမေးမြန်း ရန်ကြိုးပမ်းခဲ့သော်လည်း ကျေးလက်အကြီးအကဲများက တပ်မတော်သားတို့၏ ပြန်လည် ရန်ပြုမှုကို ကြောက်ရွံ့သောကြောင့် ၄င်းကိစ္စကို မပြောဝံ့ဘဲ ပြဿနာမရှိပါဟု ဖြေဆိုကြောင်း အဆိုပါအစီရင်ခံစာတွင်ဖော်ပြထားသည်။

“အခုလိုစစ်တပ်သွားတဲ့လမ်းကြောင်းက ရွာကအမျိုးသမီးတွေကို အနိုင်ကျင့်တယ်ပြုကျင့်တယ်ဆိုတာတွေမျိုးခုခေတ်မှာ မရှိသင့်တော့ဘူး။ တကယ်လို့ ပေါ်လစီရှိလို့ ပြုကျင့်တယ်ဆိုရင်လည်း ပေါ်လစီတွေကိုဖျက်သိမ်းသင့်တယ် ။ ဒါက အမျိုးသမီးတွေကိုဖိနှိပ်တာမျိုးဖြစ်တယ်။ ဒါပေမယ့် ပေါ်လစီမရှိဘူး၊ ထုံးအနေနဲ့ အမျိုးသမီးတွေကို အနိုင်ကျင့်နေတာမျိုး လုပ်နေမယ်ဆိုရင်တော့ ဒီလိုစနစ်ကြီးပ ပျောက်အောင်အားလုံးဝိုင်းဝန်းပြီးတိုက်တွန်းရမယ်။ အစိုးရအနေနဲ့ ဒါကိုသေသေချာချာကိုင်တွယ်သင့်တယ်လို့ မြင်ပါတယ်။ ”- ဟု လွေးပိုးကမေးခြိူဝ်း က တိုက်တွန်းပါသည်။

ထိုသို့ ဒေသခံတိုင်းရင်းသူအမျိုးသမီးများ ဖိနှိပ်ခံရမှု မခံရအောင် လူမှုအခြေပြု သက်ဆိုင်ရာအဖွဲ့အစည်းများမှ အသိပညာ ဗဟုသုတ ပေးမှု၊ စိတ်ပိုင်းဆိုင်ရာအားပေးမှုများ အားတိုက်ကွင်းဆင်းဆောင်ရွက်သင့်ကြောင်းလည်း ဆိုပါသည်။

ပန်ဝိုးလျံရွာသည် မိုင်းယော်တိုက်နယ်အရှေ့မြောက်ဘက် လွယ်စက်တောင်၏တဖက်ခြမ်းတွင်တည်ရှိပြီး မိုင်းယော်မှ တရက်ခန့်ခရီးသွားရကြောင်း၊ တအာင်းလူမျိုးတို့နေထိုင်သည့်ရွာဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် တရုတ်နိုင်ငံသားများ ဖမ်းဆီးရမိ

0
စိုင်းဆိုင်အိုက်၊ ၂၀၂၆ ဩဂုတ်လ ၈ ရက် ရွှေတြိဂံဟု နာမည်ကြီးသည် မြန်မာ-ထိုင်း-လာအိုနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ သြဂုတ် ၆ရက် မနက်ပိုင်းတွင် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)အုပ်စု၊ဝှေလေလန် ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးရှိ ရှောင်ကွင်းလမ်းတွင် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့်...

ထိုင်းရောက် အာဏာသိမ်းသမ္မတနှင့် စစ်ရာဇဝတ်မှု စွပ်စွဲချက်များ

0
အာဏာသိမ်း သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းအစိုးရက လက်ခံတွေ့ဆုံမှုကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၎င်းကိုယ်တိုင် စီစဉ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်၏ ထိုတွေ့ဆုံမှုသည် စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ရာရောက်ပြီး မြန်မာပြည်သူများ...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

မြန်မာ အာဏာသိမ်း သမ္မတ ထိုင်းလွှတ်တော်သို့ ရောက်ရှိစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦး အော်ဟစ် ဆန္ဒပြ

0
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ ဩဂုတ်လ ၇ ရက် (သောကြာနေ့) က ထိုင်းလွှတ်တော်သို့ ရောက်ရှိလာစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦးက "ငြိမ်းချမ်းရေးအတွက်၊ လူသားချင်းစာနာမှုအတွက်" (For peace, for humanity) ဟု ကျယ်လောင်စွာ ကြွေးကြော်၍ ပြင်းပြင်းထန်ထန်...