နိုင်ငံကူးလက်မှတ် လုပ်ရာမှာ သျှမ်းပြည်သားများ အခက်အခဲ ဖြစ်နေသေးကြောင်း လွှတ်တော်သို့ သိန္နီအမတ် တင်သွင်း

သျှမ်းပြည်တွင်း မြို့ကြီးများတချို့တွင် နိုင်ငံကူးလက်မှတ် Passport လျှောက်ထားနိုင်ပြီဟုဆိုသော်လည်း ဒေသခံပြည်သူလူထု လွယ်ကူမြန်ဆန်မှုမရသေးဘဲ အခက်အခဲအမျိုးမျိုးကြုံတွေ့နေရသေးကြောင်း သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) နန်းခင်ထားရီ ကပြောသည်။

ဒီဇင်ဘာ ၅ ရက်နေ့က ကျင်းပပြုလုပ်သော ဒုတိယအကြိမ် သျှမ်းပြည်နယ် လွှတ်တော် အဌမ ပုံမှန်အစည်းအဝေး(ဒုတိယ) နေ့တွင် သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) နန်းခင်ထားရီ က တာချီလိတ်မြို့ မြဝတီမြို့နှင့် ကော့သောင်းမြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ် (Passport) လျှောက်ထား ခြင်းနှင့် စပ်လျဉ်းပြီး လွယ်ကူမြန်ဆန်မှုရှိစေရန်နှင့် ကုန်ကျစျေးနှုန်းအတွက် ပြန်လည်တင်းကျပ်ပေးရန် အဆိုတင် သွင်းခဲ့ကြောင်းသိရသည် ။

” လားရှိုး မြို့မှာဆိုရင် သျှမ်းမြောက်က ပြည်သူတွေသွားလုပ်ရင် တလစောင့်ရတာတွေရှိပါတယ်။ စျေးနှုန်းကလည်း တချို့ နှစ်သောင်း ခုနှစ်ထောင် ပေးရတယ် ၊ တစ်ချို့ကျတော့ ခြောက်သောင်း ၊ ခုနှစ်သောင်း စသဖြင့် စျေးနှုန်းက အမျိုးမျိုးဖြစ်နေတယ် ၊ အမြန်ကြေးဆိုပြီးတော့ ၃ ရက်အတွင်းနဲ့ အပြီးလုပ်ပေးရင် ၂ သိန်း ၅ သောင်း တောင်းတာတွေလည်းရှိတယ်လို့ ပြည်သူလူထုကလာပြီးတိုင်ကြားလို့ ဒီဟာက နိုင်ငံတော်ကို ဘယ်လောက်ပေးဆောင်ရသလဲ။ အကုန်အကျသက်သာအောင်နဲ့ လွယ်ကူမြန်ဆန်မှုရှိအောင် ဘယ်လိုလုပ်ဆောင်သင့်သလဲ စသဖြင့်တင်ပြ မေးမြန်း ရခြင်းဖြစ် တယ် ” ဟု နန်းခင်ထားရီကပြောသည် ။

သျှမ်းပြည်နယ် အစိုးရအဖွဲ့ လုံခြံုရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်းအောင် က ယင်းအဆိုနှင့် ပတ်သက်၍ – ” သာမာန်မြန်မာနိုင်ငံ ကူးလက်မှတ်လျှောက်ထားသူများအနေဖြင့် ဌာနတစ်ခု ချင်း အလိုက် ငွေပေးသွင်းစရာမလိုဘဲ နိုင်ငံကူးလက်မှတ် (Passport) တစ်စောင်လျှင် နိုင်ငံတော်အခွန် အဖြစ်မြန်မာ့စီးပွားရေးဘဏ်တွင် နှစ်သောင်းငါးထောင် ကျပ် ပေးဆောင်ရန်သတ်မှတ်ထားကြောင်း ၊ အကြောင်းအမျိုးမျိုးကြောင့် ပြည်တွင်း၌နိုင်ငံကူးလက်မှတ် ပျောက်ဆုံး ပျက်စီး လျှင် အသစ်ပြန်လည် လျှောက်ထားမှုအတွက် ဒဏ်ကြေးငွေ လေးသောင်းကျပ် နှင့် (Passport)စာအုပ်ဖိုး နှစ်သောင်းငါးထောင်ကျပ် ပေး ဆောင်ရမှာဖြစ်ကြောင်း၊ ပြည်ပတွင် ပျောက်ဆုံးပါက ဒဏ်ကြေးအဖြစ် အမေရိ ကန်ဒေါ်လာ ရ၅ ဒေါ်လာနှင့် ညီမျှသော မြန်မာကျပ်ငွေ နှင့် (Passport) စာအုပ်ဖိုး နှစ်သောင်းငါးထောင် ကျပ် ကိုပေးသွင်းစေပြီး ပြန်လည်ဆောင်ရွက်ပေး လျှက်ရှိကြောင်း ၊ လျောက်ထားသူ၏ကိုယ်ရေးမှတ်တမ်း ကင်းရှင်း သူများအ နေဖြင့် လာရောက်လျောက်ထားသည့် နေ့မှစ၍ (၁၀) ရက်ပြည့်သည့်နေ့ တွင်နိုင်ငံကူးလက်မှတ်ထုတ်ပေး လျှက်ရှိ ကြောင်း” ဖြေကြားခဲ့သည်။

ထို့အပြင်passport စာအုပ်လုပ်ဆောင်ရာတွင် ရိုးရိုးနှင့် အမြန် နှုန်းစသည့် သတ်မှတ်ချက်မရှိ ကြောင်း နှင့် ပြည်ပတွင် သွားရောက်ဆေးကုသ လိုသူများ၊ အဖော်အဖြစ်လိုက်ပါသူများ ၊ ပြည်ပသို့ စီးပွားရေး၊ ပညာရေး ၊ လေ့လာရေး ၊ အလုပ်အကိုင်သွားရောက် လုပ်ကိုင်သူ မှီခိုသူများစသည့် နိုင်ငံကူးလက်မှတ် သက်တမ်းပြန် လည်လျောက်ထားသူများအား (JC) စနစ်ဖြင့် (၅) ရက်အတွင်း ဆောင်ရွက်ပေးလျှက် ရှိကြောင်း – နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်း အောင်ကလွှတ်တော်အစည်းအဝေး တွင်ဖြေကြား သွားခဲ့သည် ။

” လားရှိုးမှာမှ မဟုတ်ဘူး နေရာတိုင်းလိုလို ဒီလိုဖြစ်နေတာလေ၊ တကယ် လက်ရှိ passport ရုံးတိုင်းမှာ မပေးရတဲ့ရုံးမရှိပါဘူး ။ လုံခြံုရေးနှင့် နယ်စပ် ရေးရာ ၀န်ကြီး ဖြေသွားတာ နဲ့ တကယ့်လက်တွေ့ မြေပြင်အခြေ အနေနဲ့ လုံးဝကွာခြားတာပေါ့ ။ သူတို့ လက်အောက်မှာ ရှိတဲ့ဌာနတွေကို တိတိ ကျကျလိုက်နာဖို့ညွှန်ကြားပြီး သူတို့ကလည်း အရေးယူမှု ဆောင်ရွက်မှသာ ဒီကိစ္စတွေက ပပျောက် မှာဖြစ်ပါတယ် ” ဟု နန်းခင်ထားရီကဆက် လက်ပြော ကြားခဲ့သည် ။

ဒုတိယအကြိမ်သျှမ်းပြည်နယ်လွှတ်တော် အဌမပုံမှန်အစည်းအဝေးကို ဒီဇင်ဘာလ(၄) ရက်နေ့မှ (၈) ရက်နေ့အထိ (၅) တိုင်တိုင်ကျင်းပမည်ဖြစ်ပြီး အဆိုပေါင်း (၆၀) ၀န်းကျင်ခန့် တင်သွင်း ဆွေးနွေးသွားမည်ဟု သိရပါသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်လန် – ကျောက်ဂူလမ်းရှိ လက်နက်ကိုင်ပေါင်းစုံ ငွေကြေးတောင်းခံနေ

0
သျှမ်းပြည် မြောက်ပိုင်းနှင့် တောင်ပိုင်းကို ချိတ်ဆက်သွားလာသည့် လမ်းဖြစ်သည် နမ့်လန်-ကျောက်ဂူလမ်းတွင် လက်နက်ကိုင်ပေါင်းစုံ စစ်ဆေးရေးဂိတ်ဖွင့်ပြီး ငွေကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ အဆိုပါ နမ့်လန် - ကျောက်ဂူ လမ်းပိုင်းရှိ နောင်ဝိုးကျေးရွာ အနီးရှိ စစ်ကော်မရှင်တပ် စစ်ဆေးရေးဂိတ်တွင် ယာဉ်များ၏ ကားလိုင်စင်၊ ယာဉ်မောင်း လိုင်စင်များအပြင် ခရီးသည်များ၏...

မယ်ဆိုင်သို့ မြန်မာဘက်လူနာတင်ယာဉ်နှင့် အငှားယာဉ်များ ဝင်ရောက်ခွင့် ကန့်သတ်ခံရ

0
မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင်နယ်စပ်ဂိတ်တွင် ထိုင်းအာဏာပိုင်များ၏ ယာဉ်စည်းကမ်းနှင့် လုပ်ငန်းခွင် ဝင်ရောက်မှုဆိုင်ရာ စစ်ဆေးမှုများ တင်းကျပ်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံဘက်မှ အရေးပေါ် လူနာတင်ယာဉ်များနှင့် အငှားယာဉ်များ အခက်တွေ့နေရကြောင်း ဒေသခံများက ပြောကြားသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်တွင် မယ်ဆိုင်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားဌာနတို့ ပူးပေါင်းပြီး စစ်ဆေးခဲ့ရာ ခွင့်ပြုချက်မရှိဘဲ...

ရွာငံတွင် ဦးဇင်းတပါး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ပွေးနဖားကျေးရွာတွင် ဦးဇင်းတစ်ပါး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု ခေါ်ဆောင်သွားပြီး ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းတွင်...

လားရှိုး-မန္တလေး ကုန်သွယ်ရေး အရေးပါးသည့် သီပေါတံတား ခရီးသည်ဖြတ်သန်းခွင့်ပြု

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသည့် သီပေါတံတားကို ခရီးသည်များကို ဖြတ်သန်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ လားရှိုး-မန္တလေး ကုန်သွယ်ရေးအတွက် အရေးပါသည့် သီပေါတံတားကို (၈)လကြာ ပိတ်ဆိုင်းထားရမှာ ယမန်နေ့ (ဇူလိုင် ၂၁)ရက် မှ စပြီး ခရီးသည်များကို ပြန်လည် ဖြတ်သန်းခွင့်ပြုလုပ်ကြောင်း သီပေါမြို့တွင်နေထိုင်သည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “...

အာဏာသိမ်းသမ္မတ သြဂုတ်လဆန်း ဘန်ကောက်လာမည်

0
မြန်မာ့ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လာရောက်ပြီး ထိုင်းဝန်ကြီးချုပ် အနုတင် သျှာန်ဗီရကူးလ် (Anutin Charnvirakul) နှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက AFP သတင်းဌာနသို့ ပြောကြားသည်။ ယမန်နေ့ (ဇူလိုင်လ ၂၁...