SSPP/SSA အခြေချရာသို့ PSLF/TNLA ၀င်ရောက်မှုကြောင့် နမ္မတူမြို့နယ်အတွင်း ၂ ဘက်တိုက်ပွဲဖြစ်

သျှမ်းပြည်မြောက်ပိုင်း နမ်တူမြို့နယ် မိုင်းရင်အုပ်စုမှာ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA တို့တို်က်ပွဲဖြစ်ပွါးခဲ့ပါတယ်။

ဒီဇင်ဘာလ ၅ ရက် ည ၉ နာရီကနေ မနက် ၁ နာရီအထိ TNLA နဲ့ SSPP တို့အကြားတိုက်ပွဲ ၂ ကြိမ်ဖြစ်ပွါးခဲ့ပါတယ်။

“တအာင်းတပ်တွေ မိုင်းရင်ထဲအထိ၀င်လာတယ်။ စျေးတွေထဲဝင်လာတယ်။ ဒေသခံလူထုကိုဆင့်ခေါ်တယ်။ သန်းခေါင်စာရင်းတွေကောက်တယ်။ သန်းခေါင်စာရင်းမပေးမနေရ။ စာရင်းအမှန်ကိုပေးရမယ်လို့ ပြောတယ်။ သန်းခေါင်စာရင်းမှာနာမည်မပါတဲ့သူကို တောတောင်တွေထဲမှာသွားစစ်ဆေးတွေ့မိရင် RCSS/SSA ရဲ့လူဆိုပြီး သတ်မှတ်ခံရမယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုလာတယ်။ နောက်ဆုံး ကျနော်တို့ကို ဟိုမသွားရ ဒီမသွားရ တားဆီးတာတွေရှိလာတယ်။ ကျနော်တို့ ၀မ်းရေးအခက်အခဲဖြစ်လာတယ်။ အခုလိုတိုက်ပွဲထပ်ဖြစ်တော့ ပိုဆိုးတော့တာပေါ့။ အခြေအနေတင်းမာနေရင် လယ်ယာခြံတွေပစ်ပြီး ထွက်ပြေးရဦးမယ်ကျနော်တို့ ” -လို့ ဒေသခံ စိုင်းဟန်ကပြောပါတယ်။

TNLA နဲ့ SSPP တို့ဟာ ပြီးခဲ့တဲ့လကတည်းက ၂ ဘက်တပ်တွေ စစ်ရေးတင်းမာနေခဲ့တာဖြစ်တယ်လို့ SSPP/SSA စစ်မြေပြင်တာဝန်ကျ အရာရှိကပြောပါတယ်။

“ပြီးခဲ့တဲ့နို၀င်ဘာလ ၉ ရက်နေ့ကတည်းက SSPP လှုပ်ရှားနယ်မြေထဲကို TNLA က တအာင်းပြည်နယ်အတွင်းဆိုတဲ့ စာသားပါရှိတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပိုစတာကြီးတွေစိုက်ထူပြီး ၀င်ရောက်လှုပ်ရှားတယ်။ ကျနော်တို့ဘက်ကတော့ တမြေတည်းနေတဲ့ တိုင်းရင်းသားညီအကိုအချင်းချင်းမို့ တိုက်ပွဲမဖြစ်ချင်ဘူး။ တတ်နိုင်သလောက်ရှောင်တယ်။ နမ့်ဆွန်ချောင်းမြောက်ပိုင်းသူတို့နေမယ်။ ချောင်းတောင်ဘက်ပိုင်းကျနော်တို့နေမယ် ဆိုပြီးသူတို့က စပြီးသတ်မှတ်တယ်။ နောက်ဆုံးသူတို့ရဲ့ သတ်မှတ်ချက်ကို သူတို့ချိုးဖောက်ပြီး ကျနော်တို့ဘက်ကိုကျူးကျော်လာတယ်။ ကျနော်တို့ဆီဦးတည်လာလို့ တိုက်ပွဲဖြစ်ရတာဖြစ်တယ်” – ဟု SSPP/SSA စစ်မြေပြင်တာဝန်ကျ အရာရှိတဦးကသျှမ်း သံတော်ဆင့်ကိုပြောပါတယ်။

တိုက်ပွဲမှာ ၂ ဘက်ထိခိုက်ဒဏ်ရာရမှုအနည်းငယ်ရှိခဲ့ပြီး TNLA ဘက်က ၂ ဦးကျဆုံးခဲ့တယ်လို့ SSPP/SSA ပြန်ကြားရေးအရာရှိကလည်းပြောပါတယ်။

TNLA/PSLF ဒုတိယဥက္ကဌ တာ့ဂျုတ်ဂျားကတော့ SSPP/SSA ခွင့်ပြုချက်နဲ့ အဲဒီဒေသထဲကို ဝင်ရောက်ဆိုင်းဘုတ်ထောင်တယ်လို့ ပြောကြောင်း မဇ္ဈိမသတင်းဌာနကဖော်ပြထားပါတယ်။

TNLA နဲ့ SSPP/SSA တို့ဟာ ၀ တပ်ဖွဲ့ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ FPNCC ထဲမှာပါ၀င်ထားပြီး တော့ NCA စာချုပ်လက်မှတ်ရေးထိုးဖို့ လက်မခံဘဲ နိုင်ငံရေး တိုက်ရိုက် ဆွေးနွေးရေးဖို့ နည်းလမ်း အသစ်ရှာနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

Photo by Citizen journalist

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Miss World Thailand သျှမ်းတိုင်းရင်းသူ နမ့်ဖွန့် ချင်းမိုင်ခရီးစဉ် စတင်ပြီ

0
Miss World Thailand 2026 အလှမယ် သျှမ်းတိုင်းရင်းသူ နမ့်ဖွန့် (Namphueng Kanteera Techaphatthanakun) သည် ယနေ့ မေလ ၂၂ ရက် မွန်းလွဲ ၃ နာရီတွင် ချင်းမိုင်မြို့သို့ ရောက်ရှိလာခဲ့သည်။ ချင်းမိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသော အသက် ၂၅ နှစ်အရွယ်...

ပင်လောင်းတွင် တောင်ကျရေ ရုတ်တရက်စီးဆင်းမှုကြောင့် စိုက်ခင်းများ ပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးကုန်ကြောင်း သတင်းရရှိသည်။ ယမန်နေ့ မေလ (၂၁)ရက်တွင် ပင်လောင်းမြို့နယ် အပါအဝင် သျှမ်းတောင်တွင် မိုးများရွာသွန်းခဲ့ပြီးနောက် နောင်ပီကျေးရွာတွင် တောင်ကျရေများ ရုတ်တရက်ကျဆင်းကာ ကော်ဖီထုတ်စိုက်ခင်း၊ ပြောင်းစိုက်ခင်းနှင့် ခရမ်းချဉ်စိုက်ခင်းများသို့ ရေဝင်လာသဖြင့် သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံး သွားခဲ့ရသည်။ ထိုသို့ သဘာဝဘေးကြုံတွေ့မှုကြောင့်...

ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်းကြောင့် နွားအကောင်ရေ ၅၀ ခန့်သေဆုံး

0
သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်း ထိမှန်ခြင်းကြောင့် နွားအကောင်ရေ ၅၀ ခန့် သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၁ ရက်) နေ့လယ် ၂ နာရီခန့်တွင် ဆီဆိုင်မြို့နယ် ကောင်ဝါးတောင်ရွာရှိ တောင်ယာအနီးတွင် နွားအုပ်လိုက် ကျက်စားနေချိန် မိုးကြိုးစက်ကွင်း ထိမှန်ခဲ့ခြင်းကြောင့် နွား အကောင်ရေ...

ရွာငံတွင် အမျိုးသား(၃)ဦးထပ်မံ အသတ်ခံရ၊ မေလအတွင်း (၉)ဉီးသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာနှင့် ကျောက်ငှက်ကျေးရွာတို့တွင် အမျိုးသား(၃)ဦးထပ်မံ အသတ်ခံရပြီး၊ မေလအတွင်း (၉)အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် မေလ (၂၀)ရက် ညသန်းခေါင်ယံ အချိန် ကျောက်ငှက်ကျေးရွာတွင် အသက် (၃၀)ကျော် ပျူစောထီးအမျိုးသား တစ်ဦးနှင့် အသက် (၃၀)ကျော် ဒေသခံ အမျိုးသားတစ်ဦးကို ဒလန်ဟု...

“၆၈ နှစ်” သျှမ်းတော်လှန်ရေး ခရီးရှည်ကို ပြန်သုံးသပ်ရန် RCSS ဥက္ကဋ္ဌ တိုက်တွန်း

0
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ကိုယ်တိုင် သုံးသပ်ထားသည့် သဝဏ်လွှာကို ယနေ့ (မေလ ၂၁ ရက်)တွင် ထုတ်ပြန်လာသည်။ သျှမ်းတော်လှန်ရေးသည် ၁၉၅၈ ခုနှစ် မေ ၂၁ ရက်တွင် သျှမ်းလူငယ်ခေါင်းဆောင် စဝ်ဆောယန္တ...