စစ်ရေးအခြေအနေငြိမ်သက်ပြီဖြစ်သဖြင့် မိုင်းရင်မှ နမ္မတူသို့ တိမ်းရှောင်နေသည့် ဆရာ ဆရာမများ သက်ဆိုင်ရာကျောင်းများသို့ပြန်သွားကြပြီး

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ရောက် မိုင်းရင်အုပ်စုမှ ကျောင်းဆရာ ဆရာမ ၃၀ ကျော်မှာ ဒေသတွင်းအခြေအနေပြန်လည်ကောင်းမွန်လာပြီဖြစ်သဖြင့် နေရပ်သို့ပြန်သွားကြပြီဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလဆန်းပိုင်းက ဒေသတွင်း တအာင်းတပ်ဖွဲ့နှင့် SSPP/SSA တပ်ဖွဲ့တို့အကြား၊ တအာင်းတပ်ဖွဲ့နှင့်အစိုးရတပ်မတော်ကြား စစ်ရေးတင်းမာမှုများကြောင်း လုံခြုံရေးအတွက် နမ္မတူမြို့ပေါ်သို့တိမ်းရှောင်ခိုလှုံနေကြသော ဆရာ ဆရာမ ၃၁ ဦးမှာ ဒီဇင်ဘာလ ၁၁ ရက် ယနေ့မနက်ပိုင်းက မိုင်းရင်ရှိ သက်ဆိုင်ရာကျောင်းများသို့ အသီးသီးပြန်သွားကြပြီဖြစ်ကြောင်း နမ္မတူမြို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့က သျှမ်းသံတော်ဆင့်အားပြောပြသည်။

Photo..မိုင်းရင်အုပ်စု ဝိန်းနနွရွာအဝင်

“ပြီးခဲ့တဲ့ ၅ ရက်နေ့နဲ့ ၆ ရက်နေ့က မိုင်းရင်မှာဖြစ်ပွါးတဲ့ SSPP နဲ့ TNLA တိုက်ပွဲကြောင့် သူတို့ နမ္မတူမြို့ကိုရောက်လာတာ။ အခုတော့ အဲ့မှာ အခြေအနေကငြိမ်နေပြီဆိုတော့ သူတို့ပြန်သွားကြပြီ။ ကျောင်း ၉ ခု ဆရာ ဆရာမတွေဖြစ်တယ်လို့ပြောတယ်။ သူတို့လာတော့ ကျောင်းတွေပိတ်ထားရတယ်ပြောတယ်။ ဒေသခံတွေတော့ ရောက်မလာကြဘူး။ ”- ဟု စစ်ဘေးရှောင်ကူညီရေးကော်မတီမှ စိုင်းဘဉာဏ်ကပြောသည်။

အဆိုပါ ဆရာ ဆရာမ များမှာ မိုင်းရင်အုပ်စုအတွင်းရှိ ၀ိန်းနန်ရွာ၊ ၀မ့်ဟော်နားရွာ၊ ၀မ့်နားလင်းရွာ၊ မန့်ပန်ရွာတို့ရှိ မူလတန်းကျောင်းမှ ဆရာ ဆရာမ များဖြစ်ကြကြောင်းသိရသည်။

“အခုက ပစ်ခတ်သံသာငြိမ်နေတာ။ ဒီဘက်မှာ အဖွဲ့အစုံရှိနေတော့ ပစ်ခတ်သံကအချိန်မရွေးပြန်ဖြစ်နိုင်တယ်လေ။ ရွာသားတွေ မတိမ်းရှောင်တာကတော့ ဒီချိန်က ခြံထွက်သီးနှံတွေရိတ်သိမ်းချိန်ဆိုတော့လေ။ပြီးတော့လဲ တိုက်ပွဲက ပြင်းပြင်းထန်ထန်ကြီးမဖြစ်လိုက်ရဘူး။ တည ဘဲဆိုတော့ ”- ဟု မိုင်းရင်ဒေသခံစိုင်းစိုင်းကပြောသည်။

မိုင်းရင်အုပ်စုသည် နမ္မတူမြို့၏အရှေ့မြောက်ဘက်အရပ်တွင်တည်ရှိပြီး နမ္မတူ သိန္နီလမ်းတွင်တည်ရှိပါသည်။ အစိုးရတပ်အပြင်၊ ကချင်လက်နက်ကိုင်တပ်ဖွဲ့၊ တအာင်းတပ်ဖွဲ့နှင့် သျှမ်းတပ်ဖွဲ့များသွားလာလှုပ်ရှားရာဒေသဖြစ်သဖြင့် စစ်ရေးအရ အထူးသတိထားနေရသည့်ဒေသဖြစ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Miss World Thailand သျှမ်းတိုင်းရင်းသူ နမ့်ဖွန့် ချင်းမိုင်ခရီးစဉ် စတင်ပြီ

0
Miss World Thailand 2026 အလှမယ် သျှမ်းတိုင်းရင်းသူ နမ့်ဖွန့် (Namphueng Kanteera Techaphatthanakun) သည် ယနေ့ မေလ ၂၂ ရက် မွန်းလွဲ ၃ နာရီတွင် ချင်းမိုင်မြို့သို့ ရောက်ရှိလာခဲ့သည်။ ချင်းမိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသော အသက် ၂၅ နှစ်အရွယ်...

ပင်လောင်းတွင် တောင်ကျရေ ရုတ်တရက်စီးဆင်းမှုကြောင့် စိုက်ခင်းများ ပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးကုန်ကြောင်း သတင်းရရှိသည်။ ယမန်နေ့ မေလ (၂၁)ရက်တွင် ပင်လောင်းမြို့နယ် အပါအဝင် သျှမ်းတောင်တွင် မိုးများရွာသွန်းခဲ့ပြီးနောက် နောင်ပီကျေးရွာတွင် တောင်ကျရေများ ရုတ်တရက်ကျဆင်းကာ ကော်ဖီထုတ်စိုက်ခင်း၊ ပြောင်းစိုက်ခင်းနှင့် ခရမ်းချဉ်စိုက်ခင်းများသို့ ရေဝင်လာသဖြင့် သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံး သွားခဲ့ရသည်။ ထိုသို့ သဘာဝဘေးကြုံတွေ့မှုကြောင့်...

ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်းကြောင့် နွားအကောင်ရေ ၅၀ ခန့်သေဆုံး

0
သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်း ထိမှန်ခြင်းကြောင့် နွားအကောင်ရေ ၅၀ ခန့် သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၁ ရက်) နေ့လယ် ၂ နာရီခန့်တွင် ဆီဆိုင်မြို့နယ် ကောင်ဝါးတောင်ရွာရှိ တောင်ယာအနီးတွင် နွားအုပ်လိုက် ကျက်စားနေချိန် မိုးကြိုးစက်ကွင်း ထိမှန်ခဲ့ခြင်းကြောင့် နွား အကောင်ရေ...

ရွာငံတွင် အမျိုးသား(၃)ဦးထပ်မံ အသတ်ခံရ၊ မေလအတွင်း (၉)ဉီးသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာနှင့် ကျောက်ငှက်ကျေးရွာတို့တွင် အမျိုးသား(၃)ဦးထပ်မံ အသတ်ခံရပြီး၊ မေလအတွင်း (၉)အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် မေလ (၂၀)ရက် ညသန်းခေါင်ယံ အချိန် ကျောက်ငှက်ကျေးရွာတွင် အသက် (၃၀)ကျော် ပျူစောထီးအမျိုးသား တစ်ဦးနှင့် အသက် (၃၀)ကျော် ဒေသခံ အမျိုးသားတစ်ဦးကို ဒလန်ဟု...

“၆၈ နှစ်” သျှမ်းတော်လှန်ရေး ခရီးရှည်ကို ပြန်သုံးသပ်ရန် RCSS ဥက္ကဋ္ဌ တိုက်တွန်း

0
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ကိုယ်တိုင် သုံးသပ်ထားသည့် သဝဏ်လွှာကို ယနေ့ (မေလ ၂၁ ရက်)တွင် ထုတ်ပြန်လာသည်။ သျှမ်းတော်လှန်ရေးသည် ၁၉၅၈ ခုနှစ် မေ ၂၁ ရက်တွင် သျှမ်းလူငယ်ခေါင်းဆောင် စဝ်ဆောယန္တ...