Tuesday, January 27, 2026

မိုင်းပန်မြို့နယ် SNLD ပါတီဥက္ကဌ အဆုတ်ကင်ဆာဖြင့်ကွယ်လွန်

သျှမ်းပြည်တောင်ပိုင်းလင်းခေးခရိုင် မိုင်းပန်မြို့နယ် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ဥက္ကဌ စိုင်းအုန်းကျော် အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားကြောင်းသိရသည်။

SNLD ပါတီစတင်တည်ထောင်စဉ် ၁၉၈၈ ခုနှစ်ကတည်းက မိုင်းပန်မြို့နယ်၏ ပါတီအတွင်းရေးမှူး တာဝန် ကိုထမ်းဆောင်လာခဲ့သူ စိုင်းအုန်းကျော် အသက် ၆၈ နှစ်သည် အဆုတ်ကင်ဆာရောဂါဖြင့် ဒီဇင်ဘာလ ၁၀ ရက်နေ့က မိုင်းပန်မြို့ ရွာသစ်ရပ်ကွက်ရှိနေအိမ်တွင် ကွယ်လွန်သွာခဲ့ခြင်းဖြစ်သည်။

ဦးလေးအုန်းကျော်က ရိုးသားကြိုးစားတဲ့သူဖြစ်တယ်။ တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်တယ်။ ပါတီအရေးရော ရပ်ရွာလူထုအရေးရော အလေးအနက်ထားဆောင်ရွက်တယ်။ သူလိုလူ ဆုံးရှုံးရတဲ့အတွက် နှမြောမိတာအမှန်ပါဘဲ – ဟု မိုင်းပန်ဒေသခံ စိုင်းဆေတိုင်း ကပြောသည်။

စိုင်းအုန်းကျော်၏ ကျန်ရှိရုပ်အလောင်း ကို ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ဟွေမဖိန်းသုသာန်သို့ ပို့ဆောင်မီးသဂြိုဟ်မည်ဖြစ်ကြောင်းသိရသည်။

စိုင်းအုန်းကျော်သည် မိုင်းပန်မြို့ လုံးစလေးနန္ဒာနှင့် ဒေါ်ပါလှမြင့်တို့၏ သားသမီး ၅ ဦးအနက် အကြီးဆုံးသားဖြစ်သည်။

၁၉၄၇ ခုနှစ်ကတည်းက ရွာသစ်ကောင်စီအတွင်းအရေးမှူးအဖြစ်တာဝန်ထမ်းဆောင်လာခဲ့သူဖြစ်သည်။ ၁၉၈၈ ခုနှစ် SNLD ပါတီတည်ထောင်စဉ်က မြို့နယ်ပါတီအတွင်းရေးမှူးအဖြစ်ထမ်းဆောင်ခဲ့သည်။ နဝတ အစိုးရလက်ထက်က ဖိအားပေးခံရမှုကြောင့် ပါတီမှ နှုတ်ထွက်ခဲ့ပြီး ပါတီပြန်လည်မှတ်ပုံတင်ခဲ့သည့် ၂၀၁၄ ခုနှစ်တွင် ပါတီတွင်းပြန်ဝင်ကာ ပါတီလုပ်ငန်းများကို ကွယ်လွန်ချိန်အထိ လုပ်ဆောင်လာခဲ့သူတဦးဖြစ်ပါသည်။

လက်ရှိတွင် ဇနီးဒေါ်နန်းနွံနှင့် သားမီး ၅ ဦး မြေး ၅ ဦးကျန်ရစ်ခဲ့ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အရက်ဖြူဂိုဏ်းခေါင်းဆောင်ကို ထိုင်းနိုင်ငံ လမ်းပန်းတွင် ဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဆောင်းရာသီပွဲတော်အတွင်း ဆူပူသောင်းကျန်းရန် ပြင်ဆင်နေသည့် အရက်ဖြူ ဂိုဏ်းခေါင်းဆောင်ကို ချင်းမိုင်ခရိုင် လမ်းပန်း (Lampang) မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း Chiang Mai News သတင်းက ဖော်ပြသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆) ရက်တွင် အမှတ် ၅ နယ်မြေဒေသ၊ ရဲဗိုလ်ချုပ်ကြီး...

အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

0
“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။ ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅...

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

“ပလက်ဖောင်း ကိုကိုကြီး” ဟု ခေါ်ခံရသည့် PP ဥက္ကဌ ရွေးကောက်ပွဲရှုံးနိမ့်

0
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ ဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ပါတီ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ဇန်နဝါရီလ ၂၅ ရက် ညပိုင်းတွင် အတည်ပြုပြောသည်။ စစ်ကောင်စီ ရွေးကောက်ပွဲသည် မြေပေါ် နိုင်ငံရေး (ဝါ)...

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...