မူးယစ်ဆေးသုံးစွဲသူလူငယ် မိခင်ကိုပြန်ရိုက်နှက်ရန်ရှာ

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် လူငယ်တဦး မိမိ၏မိခင်အား ရိုက်နှက်မှုဖြစ်ပွါးခဲ့ကြောင်းသိရသည်။

ဒီဇင်ဘာလ ရ ရက်မနက် ၉ နာရီက တန့်ယန်းမြို့နယ် မိုင်းပတ်အုပ်စု ၀မ့်ဆိုင်းရွာသား စိုင်းဆန်ခမ်း အသက် ၃၀ နှစ်သည် ၄င်း၏မိခင်ဖြစ်သူ ဒေါ်ပါ့ယိန်အား ရန်ရှာရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မိုင်းပတ်ဒေသခံ စိုင်းမွမ်းက – စိုင်းဆန်ခမ်းက ယာဘသုံးတယ်။ သူဆေးကြောင်ပြီးသူ့အမေကိုလာရန်ရှာတယ်။ စကားများကြတယ်။ နောက်ဆုံးသူ့အမေကိုရိုက်ပြီး အိမ်ကဆင်းသွားတယ်။ ရပ်ရွာထဲကလူက လှမ်းတားတော့ ရွာသားတွေကိုလှမ်းပြီး အော်ဟစ်ဆဲဆိုလိုက်သေးတယ်။ခုတော့သူ့ကို ရွာသူကြီးအိမ်မှာဖမ်းထား တယ်။စစ်ဆေးပြီးရင် ပြစ်ဒဏ်ပေးအရေးယူသွားသင့်တယ်လို့ရပ်မိရပ်ဖတွေပြောတယ်။ ယာဘ မူးယစ်ဆေးက တအားပေါနေပြီလေ ရွာထဲမှာ- ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

မိခင်ဖြစ်သူ ဒေါ်ပါ့ယိန်မှာ အနည်းအကျဉ်းဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

စိုင်းဆန်ခမ်းတွင် အသက် ၂၈ နှစ်ရှိ နန်းယုံနှင့် အိမ်ထောင်ပြုထားကြောင်းလည်းသိရသည် ။

အခု မိုင်းပတ်မှာက ဆေးတွေတအားပေါနေတယ်။ သာရေးနာရေးတွေမှာသွားကူရင် အချင်းချင်းတိုက်ကြတယ်။ လယ်ယာလုပ်ငန်းခွင်ဝင်ရင် ယာဘနဲ့ လုပ်အားခပေးချေတယ်။ စျေးပေါတယ်။ ၀ယ်ရလွယ်တယ်။အဲ့တာကြောင့် လူကြီးလူငယ်အရွယ်မရွေး သုံးကြတယ်။သုံးတော့ ဆိုးခိုးလုယက်မှုတွေဖြစ်တယ်။ သက်ဆိုင်ရာအာဏာပိုင်တွေကို ဒီကိစ္စအသေအချာစီစစ်ရှင်းလင်းပေးဖို့ တောင်းဆိုချင်တယ်။-ဟုလည်း မိုင်းပတ်ဒေသခံ နန်းထွေးကလည်းပြောသည်။

UNODC ကသျှမ်းပြည်နယ်အတွင်းယခုနှစ်ဘိန်းစိုက်ပျိုးမှု ၂၅ % လျော့ကျသွားသည်ဟု အစီရင်ခံစာ ထုတ်ပြန်ထားသော်လည်း ယာဘ စိတ်ကြွဆေးပြားမှာမူ ပျ့ံနှံ့သုံးစွဲနေကြရာ စျေးနှုန်းမှာလည်း အည့ံဆုံး တပြား ၂၀၀ ကျပ်မှ အကောင်းဆုံး တပြား ၂၀၀၀ ကျပ်အထိ ရှိကြောင်း သျှမ်းမူးယစ်စောင့်ကြည့်ရေးအဖွဲ့ကပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စာဖတ်ခြင်းအလေ့အထ

0
ယခုရက်ပိုင်းအတွင်း ကျနော် စာအုပ်မဖတ်ဖြစ်သည်မှာ ကြာလှပြီ ဖြစ်သည်။ ယခင်က တလလျှင် အနည်းဆုံး စာအုပ်တအုပ် ဖတ်မည်ဟု ကိုယ့်ကိုယ်ကိုယ် ကြုံးဝါးခဲ့ဖူးသည်ကို မှတ်မိနေသေး၏။ သို့သော်လည်း လက်တွေ့တွင်မူ ဖုန်းစကရင်ပေါ်မှ ဗီဒီယိုနှင့် ဇာတ်လမ်းတိုများကို ကြည့်ကာ အချိန်များ ကုန်ဆုံးနေခဲ့သည်။ တကယ်တော့ စာဖတ်ခြင်းဆိုသည်မှာ ပညာဗဟုသုတ တိုးပွားရန်နှင့် အတွေးအခေါ်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

ဒီဂျစ်တယ်ထောင်ချောက်နှင့် နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်းများ

0
မိမိ၏ ဘဏ်အကောင့်ထဲသို့ အမည်မသိဘဲ ဝင်လာသည့် ငွေလွဲတခုသည် ဘဝတစ်သက်တာ စုဆောင်းငွေများကို မိနစ်ပိုင်းအတွင်း ပျောက်ကွယ်သွားစေနိုင်ရုံသာမက အပြစ်မဲ့ပြည်သူတဉီးဘဝကနေ တရားခံတဉီးအဖြစ်သို့ ဥပဒေကြောင်းအရ အရေးယူခံရစေနိုင်သည့် ဒီဂျစ်တယ်ထောက်ချောက်တခု ဖြစ်လာနေသည်။ လက်ရှိတွင် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများနှင့် သျှမ်းပြည်တွင်းရှိ အသေးစားစီးပွားရေး လုပ်ငန်းရှင်များသည် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များ၏ နည်းပညာသုံး...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...