Tuesday, January 27, 2026

မိုင်းရှူးမြို့ မြောက်ဘက်ခြမ်း လမ်းဖေါက်လုပ်ရေး စီမံကိန်း တပ်မတော်မှ သျှမ်းပြည်နယ်အစိုးရထံ တစုံတရာ ပြောကြားခြင်းမရှိ ဟု သျှမ်းပြည်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးပြော

အစိုးရတပ်မတော် နှင့် သျှမ်းပြည်တပ်မတော် စစ်ရေးအငြင်းပွားသည့်နယ်မြေ မိုင်းရှူးနယ်အတွင်း ကားလမ်းဖောက်လုပ်ရေး စီမံကိန်းနှင့်ပတ်သက်၍ သျှမ်းပြည်နယ်အစိုးရ မသိရှိရဘဲ တပ်မတော် ဘက်မှ စီစဉ်နေခြင်းသာဖြစ်သည်ဟု သျှမ်းပြည်နယ် အစိုးရ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက သျှမ်းပြည်နယ်လွှတ်တော် အစည်းအဝေး တွင် ပြောသည်။

ဒုတိယအကြိမ် သျှမ်းပြည်နယ် လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ဖြစ်သော ဒီဇင်ဘာ ၆ ရက်နေ့ တွင် မိုင်းရှူးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) သျှမ်းပြည်နယ် လွှတ်တော်အမတ် ဒေါ်နန်းကောင်ခမ်း က “လမ်းဖောက်လုပ်မည့် ဒေသအနီးတဝိုက်တွင် လက်နက်ကိုင် အဖွဲ့အစည်းများ အခြေပြုလှုပ်ရှားရာ ဒေသဖြစ်သကဲ့သို့ သက်ဆိုင်ရာဌာနက ဦးစီးပြီးလမ်းဖောက်လုပ်လျှင် စစ်ရေးလှုပ်ရှားမှုများ ရှိလာနိုင်ပြီး တိုက်ပွဲများ ဖြစ်ပေါ်လာနိုင်ကြောင်း” ကြယ်ပွင့်ပြမေးခွန်း တင်ပြမေးမြန်းခဲ့ခြင်းဖြစ်သည်။

“လမ်းဖောက်လုပ်မယ့် ဒေသတစ်ဝိုက်မှာ လက်နက်ကိုင်အဖွဲ့အစည်း တွေရဲ့ အခြေပြုလှုပ်ရှားရာဒေသ ဖြစ်နေပါတယ်။ ဒါကြောင့်မလို့ ပြည်သူလူထုက ဒေသဖွံ့ဖြိုးရေးအတွက်ထက် လတ်လလော လမ်းဖောက်လုပ်မှုကြောင့် စစ်ရေးစစ်ငွေ့တွေ သန်းလာမယ့်အခြေနေ ဒေသတွင်းမတည်ငြိမ်မှု ဖြစ်ပေါ်လာမယ့် အန္တရာယ်ကို ပြည်သူတွေဘက်က စိုးရိမ်ပူပန်နေကြပါတယ်” ဟု ၄င်းကပြောသည်။

နန်းကောင်ခမ်း၏မေးခွန်းနှင့်ပတ်သက်ပြီး သျှမ်းပြည်နယ် အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး က – မိုင်းရှူးနယ်မြေအတွင်းရှိ လွိုင်နိုင်း ၊ ဝမ်လွယ်မှ သံလွင်မြစ်အနီး တာဝန်းနောင် ကူးတို့ဆိပ်သို့ မူလရှိသော ကားလမ်းအား တပ်မတော်မှ အဆင့်မြင့်တင်ဖောက်လုပ်သွားမည့် အကြောင်း သျှမ်းပြည်နယ်အစိုးရအဖွဲ့ထံ တစ်စုံတစ်ရာ အကြောင်းကြားမှု မရရှိသေးဟုသာ – ဖြေကြားသည်။

“လွိုင်နိုင်း နှင့် ဝမ်လွယ်အုပ်စုအတွင်းရှိ ကျေးရွာချိတ်ဆက်လမ်းတွေကို လက်နက်ကိုင်အဖွဲ့အစည်းတွေက ဦးဆောင်ပြီး ဖောက်လုပ်မယ်ဆိုရင် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပေါ်လာနိုင်ပြီး နယ်မြေ တည်ငြိမ်းအေးချမ်းမှုကို ထိခိုက်ပျက်ပြားစေနိုင် တဲ့အတွက် ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကိုမှ မဆောင်ရွက်စေလိုပါဘူး၊ တကယ်လို့ ဖော်ပြပါလမ်းတွေ အမှန်တကယ် ဖောက်လုပ်သွားခဲ့မယ်ဆိုရင် လက်နက်ကိုင်အဖွဲ့အစည်းမဟုတ်တဲ့ အရပ်ဘက်အဖွဲ့ဖြစ်တဲ့ ကုမ္ပဏီများကိုသာ တာဝန်ယူဖောက်လုပ်သွားစေလိုတယ်လို့ ပြည်သူလူထုဘက်က တောင်းဆိုလာတယ် ” ဟု ဒေါ်နန်းကောင်ခမ်း ကပြောသည်။

အစိုးရတပ်မတော်သည် ဒေသအတွင်း လမ်းဖေါက်လုပ်ရေးစီမံကိန်းအတွက် မိုင်းရှူး – တန့်ယန်း လမ်းမ မှတဆင့် ဝမ့်လွယ်၊ လွယ်နိုင်း၊ တာ့ဝန်းနောင်း (သံလွင်မြစ်ကူးတို့ဆိပ်) လမ်း ပေါ်ရှိ SSPP/SSA တပ်များ ဆုတ်ပေးရန် အောက်တိုဘာ လဆန်းပိုင်းက ပြောကြားလာသဖြင့် ၂ ဖက်စစ်ရေးတင်းမာမှုရှိခဲ့ကြောင်း SSPP/SSA မှပြန်ကြားရေးအရာရှိက သျှမ်းသံတော်ဆင့်အားပြောပြခဲ့ဖူးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

အရက်ဖြူဂိုဏ်းခေါင်းဆောင်ကို ထိုင်းနိုင်ငံ လမ်းပန်းတွင် ဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဆောင်းရာသီပွဲတော်အတွင်း ဆူပူသောင်းကျန်းရန် ပြင်ဆင်နေသည့် အရက်ဖြူ ဂိုဏ်းခေါင်းဆောင်ကို ချင်းမိုင်ခရိုင် လမ်းပန်း (Lampang) မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း Chiang Mai News သတင်းက ဖော်ပြသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆) ရက်တွင် အမှတ် ၅ နယ်မြေဒေသ၊ ရဲဗိုလ်ချုပ်ကြီး...

အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

0
“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။ ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅...

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

“ပလက်ဖောင်း ကိုကိုကြီး” ဟု ခေါ်ခံရသည့် PP ဥက္ကဌ ရွေးကောက်ပွဲရှုံးနိမ့်

0
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ ဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ပါတီ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ဇန်နဝါရီလ ၂၅ ရက် ညပိုင်းတွင် အတည်ပြုပြောသည်။ စစ်ကောင်စီ ရွေးကောက်ပွဲသည် မြေပေါ် နိုင်ငံရေး (ဝါ)...