မိုင်းရှူးမြို့ မြောက်ဘက်ခြမ်း လမ်းဖေါက်လုပ်ရေး စီမံကိန်း တပ်မတော်မှ သျှမ်းပြည်နယ်အစိုးရထံ တစုံတရာ ပြောကြားခြင်းမရှိ ဟု သျှမ်းပြည်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးပြော

အစိုးရတပ်မတော် နှင့် သျှမ်းပြည်တပ်မတော် စစ်ရေးအငြင်းပွားသည့်နယ်မြေ မိုင်းရှူးနယ်အတွင်း ကားလမ်းဖောက်လုပ်ရေး စီမံကိန်းနှင့်ပတ်သက်၍ သျှမ်းပြည်နယ်အစိုးရ မသိရှိရဘဲ တပ်မတော် ဘက်မှ စီစဉ်နေခြင်းသာဖြစ်သည်ဟု သျှမ်းပြည်နယ် အစိုးရ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက သျှမ်းပြည်နယ်လွှတ်တော် အစည်းအဝေး တွင် ပြောသည်။

ဒုတိယအကြိမ် သျှမ်းပြည်နယ် လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ဖြစ်သော ဒီဇင်ဘာ ၆ ရက်နေ့ တွင် မိုင်းရှူးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) သျှမ်းပြည်နယ် လွှတ်တော်အမတ် ဒေါ်နန်းကောင်ခမ်း က “လမ်းဖောက်လုပ်မည့် ဒေသအနီးတဝိုက်တွင် လက်နက်ကိုင် အဖွဲ့အစည်းများ အခြေပြုလှုပ်ရှားရာ ဒေသဖြစ်သကဲ့သို့ သက်ဆိုင်ရာဌာနက ဦးစီးပြီးလမ်းဖောက်လုပ်လျှင် စစ်ရေးလှုပ်ရှားမှုများ ရှိလာနိုင်ပြီး တိုက်ပွဲများ ဖြစ်ပေါ်လာနိုင်ကြောင်း” ကြယ်ပွင့်ပြမေးခွန်း တင်ပြမေးမြန်းခဲ့ခြင်းဖြစ်သည်။

“လမ်းဖောက်လုပ်မယ့် ဒေသတစ်ဝိုက်မှာ လက်နက်ကိုင်အဖွဲ့အစည်း တွေရဲ့ အခြေပြုလှုပ်ရှားရာဒေသ ဖြစ်နေပါတယ်။ ဒါကြောင့်မလို့ ပြည်သူလူထုက ဒေသဖွံ့ဖြိုးရေးအတွက်ထက် လတ်လလော လမ်းဖောက်လုပ်မှုကြောင့် စစ်ရေးစစ်ငွေ့တွေ သန်းလာမယ့်အခြေနေ ဒေသတွင်းမတည်ငြိမ်မှု ဖြစ်ပေါ်လာမယ့် အန္တရာယ်ကို ပြည်သူတွေဘက်က စိုးရိမ်ပူပန်နေကြပါတယ်” ဟု ၄င်းကပြောသည်။

နန်းကောင်ခမ်း၏မေးခွန်းနှင့်ပတ်သက်ပြီး သျှမ်းပြည်နယ် အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး က – မိုင်းရှူးနယ်မြေအတွင်းရှိ လွိုင်နိုင်း ၊ ဝမ်လွယ်မှ သံလွင်မြစ်အနီး တာဝန်းနောင် ကူးတို့ဆိပ်သို့ မူလရှိသော ကားလမ်းအား တပ်မတော်မှ အဆင့်မြင့်တင်ဖောက်လုပ်သွားမည့် အကြောင်း သျှမ်းပြည်နယ်အစိုးရအဖွဲ့ထံ တစ်စုံတစ်ရာ အကြောင်းကြားမှု မရရှိသေးဟုသာ – ဖြေကြားသည်။

“လွိုင်နိုင်း နှင့် ဝမ်လွယ်အုပ်စုအတွင်းရှိ ကျေးရွာချိတ်ဆက်လမ်းတွေကို လက်နက်ကိုင်အဖွဲ့အစည်းတွေက ဦးဆောင်ပြီး ဖောက်လုပ်မယ်ဆိုရင် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပေါ်လာနိုင်ပြီး နယ်မြေ တည်ငြိမ်းအေးချမ်းမှုကို ထိခိုက်ပျက်ပြားစေနိုင် တဲ့အတွက် ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကိုမှ မဆောင်ရွက်စေလိုပါဘူး၊ တကယ်လို့ ဖော်ပြပါလမ်းတွေ အမှန်တကယ် ဖောက်လုပ်သွားခဲ့မယ်ဆိုရင် လက်နက်ကိုင်အဖွဲ့အစည်းမဟုတ်တဲ့ အရပ်ဘက်အဖွဲ့ဖြစ်တဲ့ ကုမ္ပဏီများကိုသာ တာဝန်ယူဖောက်လုပ်သွားစေလိုတယ်လို့ ပြည်သူလူထုဘက်က တောင်းဆိုလာတယ် ” ဟု ဒေါ်နန်းကောင်ခမ်း ကပြောသည်။

အစိုးရတပ်မတော်သည် ဒေသအတွင်း လမ်းဖေါက်လုပ်ရေးစီမံကိန်းအတွက် မိုင်းရှူး – တန့်ယန်း လမ်းမ မှတဆင့် ဝမ့်လွယ်၊ လွယ်နိုင်း၊ တာ့ဝန်းနောင်း (သံလွင်မြစ်ကူးတို့ဆိပ်) လမ်း ပေါ်ရှိ SSPP/SSA တပ်များ ဆုတ်ပေးရန် အောက်တိုဘာ လဆန်းပိုင်းက ပြောကြားလာသဖြင့် ၂ ဖက်စစ်ရေးတင်းမာမှုရှိခဲ့ကြောင်း SSPP/SSA မှပြန်ကြားရေးအရာရှိက သျှမ်းသံတော်ဆင့်အားပြောပြခဲ့ဖူးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...