သီပေါစစ်ဘေးရှောင်များ စားနပ်ရိက္ခာအထူးလိုအပ်
သျှမ်းပြည်မြောက်ပိုင်း တွင် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နေရပ်မှ စွန့်ခွါနေရသော စစ်ဘေး ရှောင်များအတွက် စားနပ်ရိက္ခာအထူးလိုအပ်နေကြောင်း သိရသည်။ မတ်လ ၄ ရက်နေ့အထိ သီပေါမြို့ရောက် စစ်ဘေးရှောင် ၁၇၀၀ ကျော်ရှိနေပြီး ၄င်းတို့အတွက် စားနပ် ရိက္ခာအထူးလိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီရေးကော်မတီကပြောသည်။ “အခုကျနော်တို့အထူးလိုအပ်နေတာက စားနပ်ရိက္ခာပေါ့။ အဝတ်အထည် အိပ်ရာထိုင်ခင်းမလိုဘူး။ ကျနော်တို့ရှိထားတဲ့ စားနပ်ရိက္ခာကကုန်ခါနီးနေပြီ။...
ကျောက်မဲမြို့ကျေးလက်အနီးတိုက်ပွဲကြောင့် ခလေးများသျှမ်းစာသင်တန်းကျောင်းအား ကျည်ဆံထိမှန်
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နွေရာသီသျှမ်းစာသင်တန်း ကျောင်းဖွင့်လှစ်ထားသည့် ဘုန်းကြီးကျောင်းအထိ ကျည်ဆံများရောက်ရှိကြောင်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကွဲကုန်းအုပ်စု နောင်ပိန်အွန် ရွာအနီးမြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS တိုက်ကြားတိုက်ပွဲကြောင့် နွေရာသီသျှမ်းစာသင်တန်းကျောင်းစတင်ဖွင့်လှစ်သည့် မတ်လ ၁ ရက် ယနေ့တွင်ပင် ၄င်းတို့၏ ကျည်ဆံများ နောင်ပိန်အွန်ရွာ ဇေယျသုခဘုန်းကြီးကျောင်းအထိ ကျရောက်လာကြောင်း ဒေသခံရွာသား...
SSPP/SSA နှင့်အစိုးရတပ်မတော်ကိုယ်စားလှယ်များတွေ့ဆုံ
အစိုးရ၏ တပ်မတော်ကိုယ်စားလှယ်အဖွဲ့နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် တို့ နေပြည်တော်စစ်တိုင်းရုံးတွင် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၂၅ ယနေ့ မနက် ၉ နာရီအချိန်ခန့်က SSPP မှ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်ဆိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တပ်မတော် ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်...
ကျောက်မဲမြို့နယ် နမ့်မန်းရွာ ဒေသခံ ၃ ဦး လက်နက်ထိမှန်
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် နမ့်မန်းရွာ အတွင်း လက်နက်ကိုင်တပ်ဖွဲ့ မှ လက်နက်ကြီး ဖြင့် လှမ်းပစ် သဖြင့် ရွာသား ၃ ဦး ဒဏ်ရာရရှိကာ ကျောက်မဲမြို့ ဆေးရုံသို့ တက်ရောက် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းက နမ့်မန်းရွာတွင်လက်နက်ကြီးထိမှန်ခဲ့သူများမှာ အသက်...
တိုက်ပွဲကြောင့် လက်နက်ကြီးရွာထဲကျ တပတ်ကျော်အကြာ သိမ်းနိုင်မှ စစ်ရှောင်များနေရပ်ပြန်ရဲ
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွါးသောတိုက်ပွဲမှ ရွာတွင်းကျသည့် မပေါက်ကွဲသည့် လက်နက်ကြီး တလုံးအား တပတ်ကျော်အကြာတွင် သိမ်းယူနိုင်မှသာ စစ်ရှောင်ရွာသားများ ရွာပြန်ရဲကြကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကတည်းက ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွါးသော RCSS နှင့် SSPP ကြားဖြစ်ပွါး သော တိုက်ပွဲကြောင့် နမ့်ပျဉ်ကျေးရွာနှင့် ပန်လော့ကျေးရွာသား...
သျှမ်းပြည် တောင်ပိုင်း နှင့် မြောက်ပိုင်း နယ်မြေ အစပ်တွင် ယခုတပတ်အတွင်းဖြစ်ပွါးသော တိုက်ပွဲကြောင့် မိုင်းစထိမှန်သူ ရွာသား ၂ ဦး ကို ယနေ့ ထိ မကယ်ထုတ်နိုင်သေးကြောင်း သတင်းရရှိသည်။ တိုက်ပွဲသည် သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ နမ့်လန်မြို့ မန်လီအုပ်စု လွယ်ငင်းကျေးရွာ နှင့် ပါကမ်းကျေးရွာ...
သျှမ်းတွေရလိုက်တဲ့ အရှုံးထဲက အရှုံး
SHAN -
(ဆောင်းပါးရှင်- ခမ်းအွန်) သျှမ်းလူမျိုးတွေ သျှမ်းခေါင်းဆောင်တွေ စည်းလုံးညီညွတ်မှုအင်အားဖြင့် ဖြတ်သန်းလာခဲ့တာ ဖေဖော်ဝါရီ ရ ရက် “ သျှမ်းအမျိုးသားနေ့” နှစ် ၇၂တိုင်ခဲ့ပါပြီ။ ဖေဖော်ဝါရီ ရ ရက်နေ့ သျှမ်း အမျိုးသားနေ့ အထိမ်းအမှတ်အနေနဲ့ သျှမ်းပြည်နယ် တဝှမ်း သာမက သျှမ်းလူမျိုးတွေ နေထိုင်တဲ့ ပြည်နယ် နဲ့...
သျှမ်း ၂ ဖွဲ့ တိုက်ပွဲ နမ့်လန် စစ်ရှောင် ၅၀၀ကျော် ရောက်၊ မိုင်းထိမှန်သူ ၂ ဦး မကယ်ထုတ်နိုင်သေး
သျှမ်းပြည် တောင်ပိုင်း နှင့် မြောက်ပိုင်း နယ်စပ်တွင် RCSS နှင့် SSPP တိုက်ပွဲဖြစ်မှုကြောင့် စစ်ဘေးရှောင် ၅၀၀ ကျော်နှင့်မိုင်းထိမှန်သူ ၂ ဦး ရှိကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၂၀ ရက်မနက်ပိုင်းကဖြစ်ပွါးသော တိုက်ပွဲသည် သီပေါမြို့နယ် နမ့်လန်မြို့ မန်လီအုပ်စုအတွင်းရှိ လွယ်ငင်းကျေးရွာ နှင့်...
သီပေါကကျေးလက်ရွာသူကြီး မိုင်းနင်းမိသေဆုံး နောက်လိုက်ရွာသား ၂ ဦးဒဏ်ရာရ
RCSS နှင့် SSPP ကြား နယ်မြေအငြင်းပွားမှု၊ စစ်ရေးပဋိပက္ခ ဖြစ်ပွားမှုတွေကြောင့် သျှမ်းပြည်မြောက်ပိုင်းသီပေါမြို့ တောင်ဘက် ရှိကျေးရွာတရွာမှ ကျေးရွာသူကြီးတဦး မိုင်းနင်းမိသေဆုံးပြီး နောက်လိုက်ရွာသား နှစ်ဦး ထိခိုက်ဒဏ်ရာရကာ လားရှိုးဆေးရုံသို့ ပို့ဆောင်ကုသရသည်ဟု သတင်းရရှိသည်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညပိုင်းက သီပေါမြို့နယ် နောင်ကော်အုပ်စု နမ့်မော်လုံရွာနေ...
မြောက်ပိုင်းမဟာမိတ်တပ်နှင့် RCSS တပ်တို့ နမ္မတူမြို့နယ်အတွင်းတိုက်ပွဲဖြစ် ဒေသခံ ၃ ဦးဒဏ်ရာရ
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံအုပ်စုဘက်တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS/SSA တို့အကြား တိုက်ပွဲကြောင့် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရှိသည့်အပြင် ဘုန်းတော်ကြီးကျောင်းလည်းထိမှန်သည်ဟု သတင်းရရှိသည်။ ဖေဖော်ဝါရီလ ၁၆ ရက် ယနေ့မနက်ပိုင်းက နမ္မတူမြို့နယ်အတွင်း RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၀င်များဖြစ်ကြသည့် TNLA တပ် နှင့်...






