တိုက်ပွဲကြောင့် လက်နက်ကြီးရွာထဲကျ တပတ်ကျော်အကြာ သိမ်းနိုင်မှ စစ်ရှောင်များနေရပ်ပြန်ရဲ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွါးသောတိုက်ပွဲမှ ရွာတွင်းကျသည့် မပေါက်ကွဲသည့် လက်နက်ကြီး တလုံးအား တပတ်ကျော်အကြာတွင် သိမ်းယူနိုင်မှသာ စစ်ရှောင်ရွာသားများ ရွာပြန်ရဲကြကြောင်း သိရသည်။


ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကတည်းက ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွါးသော RCSS နှင့် SSPP ကြားဖြစ်ပွါး သော တိုက်ပွဲကြောင့် နမ့်ပျဉ်ကျေးရွာနှင့် ပန်လော့ကျေးရွာသား ရ၀၀ ခန့်မှာ ပန်လော့အုပ်စု ဘုန်းကြီးကျောင်း သို့ ထွက်ပြေး ခိုလှုံခဲ့ကြရာ နမ့်ပျဉ်ရွာအတွင်း စေတီဘုရားတွင်ကျသော လက်နက်ကြီး မပေါက်ကွဲသည့်အပြင် မည်သည့်အဖွဲ့မှလည်း သိမ်းပေးခြင်းမရှိသဖြင့့် ရွာသားများ ရွာမပြန်ရဲကြခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်ရွာ သားတဦးက ပြောသည်။

“လက်နက်ကြီးကျည်က ဘာအမျိုးအစားလဲ ကျနော်တို့မခေါ်တတ်ဘူး။ နမ့်ပျဉ်ရွာက စေတီနားမှာ ကျပြီးစိုက်ထား တယ်။ အဲ့နားတဝိုက်မှာလည်း ကျည်ခွံတွေကျထားတာ အများကြီး။ အဲတာ တပတ်လောက်ကြာ လည်းမကွဲ၊ ဘယ်သူမှလည်းလာမသိမ်း တော့ ကျနော်တို့ရွာသားတွေက အစိုးရတပ်က စစ်သား ၃၀ လောက် အကူအညီနဲ့ သွားသိမ်းတာ။ လက်နက်ကြီးက မကွဲတော့ အဲ့စေတီနဲ့ ၁၀ လံကျော်အကွာမှာ ကျင်းတူးပြီး မြှုပ်ထားလိုက်တယ် ။” – ဟု နမ့်ပျဉ်ရွာသား လုံးစိုင်းခမ်း က သျှမ်းသံတော်ဆင့် အားပြောသည်။

ဖေဖော်ဝါရီလ ၁၉ ရက်က လက်နက်ကြီးအား စေတီဘုရားမှသိမ်းယူကာသွားရောက် မြှုပ်နှံထားသော နေရာ တွင် မြေအိတ် အလုံး ၂၀ ခန့်ဖြင့်လည်း ကာထားကြောင်း ရွာသားများကပြောသည်။

စေတီဘုရားများအား လက်နက်ထိမှန်ခြင်းသည် နိမိတ်မကောင်းကြောင်းထို့အတွက် တိုက်ပွဲများအမြန်ရပ်ဆိုင်း စေလိုကြောင်း နမ့်ပျဉ်ဒေသခံများကပြောသည်။

“ခုတော့အခြေအနေက ငြိမ်သက်သွားပြီဖြစ်လို့ ကျနော်တို့ မနေ့က ရွာပြန်ခဲ့ကြပါပြီ။ ဆိုပေမယ့်လည်း ဘယ်ချိန် သေနတ်သံထပ်ထွက်မလဲဆိုတဲ့ စိုးရိမ်စိတ်တော့အမြဲရှိနေသေးတယ် ” – ဟု ရွာသား တဦးကလည်း ပြောသည်။

ကျောက်မဲမြို့တွင် ဖေဖော်ဝါရီလ ၂ ရက်နေ့ကတည်းက RCSS နှင့် SSPP တို့ ပစ်ခတ်မှုပြန်လည်ဖြစ်ပွါးလာပြီး လက်ရှိတွင် တိုက်ပွဲမှာ သျှမ်းတောင်နှင့် သျှမ်းမြောက်အစပ်တို့တွင်ဖြစ်ပွါးနေကြောင်းသိရပါသည်။

နမ္မတူ ၊ ကျောက်မဲ၊ သီပေါ မြို့နယ်များအတွင်းဖြစ်ပွါးသော တိုက်ပွဲကြောင့် နေရပ်မှစွန့်ခွါခဲ့ရသော စစ်ဘေး ရှောင်ဒေသခံထောင်နှင့်ချီရှိနေပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ပဋိပက္ခကြားက ကျောက်မဲ အထက်ရဲရွာစီမံကိန်းကို စစ်တပ်ပြန်စရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...