SSPP/SSA နှင့်အစိုးရတပ်မတော်ကိုယ်စားလှယ်များတွေ့ဆုံ

အစိုးရ၏ တပ်မတော်ကိုယ်စားလှယ်အဖွဲ့နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် တို့ နေပြည်တော်စစ်တိုင်းရုံးတွင် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

Photo SSPP/SSA :ဖေဖော်ဝါရီလ ၂၅ ရက် ၂၀၁၉ အစိုးရ၏ တပ်မတော်ကိုယ်စားလှယ်အဖွဲ့နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် တို့ နေပြည်တော်စစ်တိုင်းရုံးတွင် တွေ့ဆုံ

ဖေဖော်ဝါရီလ ၂၅ ယနေ့ မနက် ၉ နာရီအချိန်ခန့်က SSPP မှ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်ဆိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တပ်မတော် ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ အလွှတ်သဘော တွေ့ဆုံခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

တွေ့ဆုံမှုတွင် ပါ၀င်သည့် SSPP မှ ဗိုလ်မှူးဖုန်းဟန် က သျှမ်းသံတော်ဆင့်အား -“ဒီဇင်ဘာ ၂၁ ရက်နေ့နဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့က စစ်တပ်ကနေ ထုတ်ပြန်တဲ့ ကြေငြာချက်တွေကို ပြန်ဖတ်ပြတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က ဖြစ်ချင်တာတွေကို ရှင်းလင်းပြောပြတယ်”- ဟု ပြောသည်။

၄င်းတို့တွေ့ဆုံမှုတွင် တလတကြိမ် အနည်းဆုံး တွေ့ဆုံနိုင်ဖို့၊ မြောက်ပိုင်း ပဋိပက္ခတွေ အပါအဝင် ဖြစ်ပွါးနေသည့် ပဋိပက္ခများအား လျှော့ချနိုင်ဖို့ နည်းလးမ်းများကိုပါ ဆွေးနွေးခဲ့ကြကြောင်း၊ ထိုု့အပြင် အပြန်အလှန် ယုံကြည်မှု၊ နားလည်မှု တည်ဆောက်ပြီး ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်သွားကြမည်ဟုလည်း သဘောတူခဲ့ကြကြောင်း ၄င်းက ဆိုပါသည်။

ကျနော်တို့ဘက်က ဆွေးနွေးဖြစ်ခဲ့တာကတော့ – ၁၉၄၇ ခုနှစ်ကတည်းက ပင်လုံမြို့မှာ သဘောတူထားတဲ့ တိုင်းရင်းသားတွေ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် စတာတွေကို အရင်ကိုင်တွယ်ဖြေရှင်းရမယ်။ ဒါတွေကို တခုမှ အကောင်အထည်မဖော်ရသေးဘူး။ ပြဿနာအရင်းကို မဖြေရှင်းဘဲ အဖျားကိုပဲ ဖြေရှင်းခဲ့တာကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေ တောပြန်ခိုရတဲ့သာဓကတွေ ကျနော်တို့မှာ အများကြီး ရှိခဲ့ဖူးပါတယ်။ ပင်လုံစာချုပ်ပါ အချက်အလက်တွေကို အကောင်အထည်မဖော်နိုင်ဘဲ နိုင်ငံရေးကို စစ်ရေးနည်းနဲ့ဖြေရှင်းနေတာ နှစ်ပေါင်း ရ၀ ကျော်ပြီ။ ဒီနိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ရှင်းလင်းအဖြေရှာမယ်ဆိုရင် လက်နက်ကိုင်တိုက်ခိုက်စရာအကြောင်း မရှိဘူး။ ပင်လုံစာချုပ်ကို ကနေ့ထိ တချက်မှ အကောင်အထည် မဖော်နိုင်သေးလို့ ဒီနေ့ထိ ပြဿနာဖြစ်နေရတာဖြစ်တယ်- စတဲ့အချက်တွေ ဖြစ်တယ်”- ဟု စိုင်းဖုန်းဟန်က ပြောသည်။

ထို့အပြင် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးတွင် ပါဝင် ဆောင်ရွက်ရန် အခက်အခဲများ ကြုံတွေ့သည့်အပေါ် တင်ပြဆွေးနွေးခဲ့ပြီး အစိုးရတပ်မတော်မှဖမ်းဆီးထားသော SSPP တပ်ဖွဲ့ဝင် ၁၇ ဦး ပြန်လွှတ် ပေးရန်လည်း တောင်းဆိုခဲ့ကြောင်း ဗိုလ်မှူး စိုင်းဖုန်းဟန်က ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “NCA ထိုးနိုင်ဖို့အတွက် ကြားထဲမှာ ဘာတွေအခက်အခဲရှိလဲ။ တဆင့်တဆင့် ဘယ်လိုတွေသွားကြမလဲဆိုတာ ကျနော်တို့ ဆွေးနွေးတယ်။ သို့သော် သူတို့ဘက်ကလည်း ဟိုဘက်မှာ တင်ပြရမဲ့ကိစ္စတွေရှိတယ်။ ကျနော်တို့ဘက်ကလည်း ပြန်ပြီး တင်ပြပြီး လုပ်ရမှာတွေရှိတယ်။ နောက်ထပ်လည်း ထပ်ပြီး အမြန်ဆုံးတွေ့ဆုံသွားဖို့ရှိပါတယ်”ဟု ဖေဖော်ဝါရီ ၂၂ ရက်နေ့ SSPP နှင့် NRPC တွေ့ဆုံဆွေးနွေးမှုအပြီး ပြောသည်ဟု ဧရာဝတီသတင်းဌာနက ဖော်ပြထားသည်။

SSPP သည် ဖေဖော်ဝါရီ ၂၂ ရက်က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် လည်းကောင်း၊ ဖေဖော်ဝါရီ ၂၅ ရက်တွင်မူ တပ်မတော်ညှိနှိုင်းရေးအဖွဲ့ဖြင့်လည်းကောင်း အသီးသီး တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

SSPP သည် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ၂၀၁၂ ခုနှစ်က လက်မှတ် ရေးထိုးထား သည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်

0
သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်...

မိုင်းကိုင်- နမ့်လန်ကြား SSPP စစ်ဆေးရေးဂိတ်များ စစ်ကော်မရှင်တပ် ထပ်မံဆုတ်ခိုင်း

0
သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့ မှ သျှမ်းပြည် မြောက်ပိုင်း နမ့်လန်မြို့ကို သွားတဲ့ လမ်းမပေါ်ရှိသည့် SSPP/SSA စစ်ဆေးရေးဂိတ်များ ထပ်မံ ဖြုတ်သိမ်းဆုတ်ခွာရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိုင်းကိုင် - နမ့်လန် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA စစ်ဆေးရေးဂိတ်ကို စစ်ကော်မရှင်တပ်...

တရုတ်ဖိအားကြောင့်လားရှိုး-မူဆယ် လမ်းမပေါ်ရှိ SSPP နှင့် KIA ဂိတ်များ ဖြုတ်သိမ်းဆုတ်ခွာရ

0
မြန်မာ - တရုတ်နယ်စပ် အဓိက ကုန်သွယ်ရေးလမ်းဖြစ်သည့် လားရှိုး - မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ SSPP/SSA နှင့် KIA တပ်တို့၏ စစ်ဆေးရေးဂိတ်များ တရုတ်ဖိအားကြောင့် ဖြုတ်သိမ်းဆုတ်ခွာရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ တတိယပတ်တွင် လားရှိုး - မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ဖမ်းဆီးခံရသည့် ရွာသားနှစ်ဦး ပြန်မလွှတ်သေး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဖမ်းဆီးခဲ့သည့် ရွာသားများထဲမှ အချို့မှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၁၀) ရက်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)...

ကွဲအက်ရာကို ကျော်လွှားပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို ရင်ဆိုင်နိုင်ဖို့

0
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ တရားဝင်အခင်းအကျင်းရဖို့ ဟန်ပြရွေးကောက်ပွဲကျင်းပပြီး တရားဝင်လွှတ်တော်၊ တရားဝင်အစိုးရ၊ တရားဝင်သမ္မတ နေရာရဖို့ အာဏာသိမ်းစစ်တပ်က လုံးပမ်းနေချိန်မှာ သျှမ်းပြည်တိုင်း ရင်းသား လက်နက်ကိုင်အုပ်စုကြားမှာ ယှဉ်ပြိုင်မှုတွေ ပြည့်နှက်လာပြီး ပဋိပက္ခတွေဟာ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ TNLA နဲ့ KIA ၊ TNLA နဲ့ SSPP ၊...