ကျောက်မဲမြို့ကျေးလက်အနီးတိုက်ပွဲကြောင့် ခလေးများသျှမ်းစာသင်တန်းကျောင်းအား ကျည်ဆံထိမှန်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နွေရာသီသျှမ်းစာသင်တန်း ကျောင်းဖွင့်လှစ်ထားသည့် ဘုန်းကြီးကျောင်းအထိ ကျည်ဆံများရောက်ရှိကြောင်းသိရသည်။

Photo by Kyaut Mae Youth:နွေရာသီ သျှမ်းစာပေသင်တန်းကျောင်းတွင်ကျလာသည့် ကျည်ဆံ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကွဲကုန်းအုပ်စု နောင်ပိန်အွန် ရွာအနီးမြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS တိုက်ကြားတိုက်ပွဲကြောင့် နွေရာသီသျှမ်းစာသင်တန်းကျောင်းစတင်ဖွင့်လှစ်သည့် မတ်လ ၁ ရက် ယနေ့တွင်ပင် ၄င်းတို့၏ ကျည်ဆံများ နောင်ပိန်အွန်ရွာ ဇေယျသုခဘုန်းကြီးကျောင်းအထိ ကျရောက်လာကြောင်း ဒေသခံရွာသား တဦး ကပြောသည်။

“တော်သေးတယ် ကလေးတွေကိုမထိပေလို့ပေါ့။ ဒီနေ့မှ သင်တန်းစဖွင့်တာ။ သေနတ်သံထွက်တာမကြာဘူး ကျည်ဆံတွေကျလာတာ။ ကလေးတွေကိုမထိလို့တော်သေးတယ်။ ဘုန်းဘုန်းတွေရောရွာသားတွေရော စိတ် မကောင်းဖြစ်ရတာပေါ့။ မနက် ၁၁ နာရီက ဖြစ်တာလေ။ ခုတော့ရွာမှာ လူတွေမရှိတော့ဘူး။ မြို့ကိုပြေးကုန်ပြီ” – ဟု ဒေသခံ ရွာသားတဦးက သျှမ်းသံတော်ဆင့်အားပြောသည်။

Photo by Kyaut Mae Youth: ကျောက်မဲမြို့ဇေယျသုခဘုန်းကြီးကျောင်းအတွင်း ကျည်ဆံမကျမှီက နွေရာသီသင်တန်းစတက်မည့် ကျောင်းသားလူငယ်လေးများအာ တွေ့ရစဉ်

သို့သော် ဘယ်ကျောင်းများတွင် ခိုလှုံနေကြသည်ကိုမူ မသိရသေးဟု ၄င်းကပြောသည်။

ယနေ့မနက်က စတင်ဖွင့်လှစ်သော နွေရာသီ သျှမ်းစာသင်တန်းကျောင်းသို့ ကျောင်းသားလူငယ် ၁၀၀ ခန့် တက်ရောက်ကြောင်းသိရပါသည်။

ကျွဲကုန်းအုပ်စုသည် မန္တလေးမှ ကျောက်မဲအဝင် ညာဘက်ချိုးဝင်ရသော ကျောက်မဲမြို့အရှေ့ဘက် ၂ မိုင်အကွာခန့်တွင် တည်ရှိပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ဖမ်းဆီးခံရသည့် ရွာသားနှစ်ဦး ပြန်မလွှတ်သေး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဖမ်းဆီးခဲ့သည့် ရွာသားများထဲမှ အချို့မှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၁၀) ရက်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...