သျှမ်းတပ်နှစ်ခုကြားဖြစ်ပွားနေသည့်တိုက်ပွဲများ ရပ်တန့်ထားမည်ဟုကြေငြာ
သျှမ်းပြည်မြောက်ပိုင်းတွင် RCSS နှင့် SSPP တို့အကြားပဋိပက္ခများအမြန်ရပ်တန့်နိုင်ရေးအတွက် ဖြစ်ပွါးနေ သော တိုက်ပွဲများ ရပ်တန့်ထားဟု သိရှိရသည်။ မတ်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ရောက်ရှိရာအရပ်တွင် တပ်များ ရပ်တန့်ထားပြီး ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ထားမည်ဖြစ်ကြောင်း အချက် ၅...
သျှမ်း တော်လှန်ရေးသမားဟောင်းများအား RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ဖိတ်ခေါ်တွေ့ဆုံကာ သျှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပွါးနေသော ပဋိပက္ခများပြေငြိမ်းပြီး ညီညွှတ်ရေးအတွက် ၀ိုင်းဝန်းပံ့ပိုးပေးရန် တောင်းဆိုခဲ့သည်ဟု သိရသည်။ မတ်လ ၁၀ ရက်နေ့က RCSS/SSA ဥက္ကဌမှခေါ်ယူတွေ့ဆုံသူများမှာ ပူနန်စော၊ စဝ်ကဏ်းကျစ်၊ စဝ်ပိုင်းမိန်း၊ စဝ်ခွန်ထူး (စဝ်ဆူးလိုင်း)တို့အပြင်တခြားသော အတွေ့အကြုံရှိ ပုဂ္ဂိုလ်များ အများအပြားပါ၀င်သည်ဟုသိရ...
နမ့်လန်မြို့နယ်အတွင်း တိုက်ပွဲကြောင့် ဒေသခံ ကျည်စ ထိမှန်
သျှမ်းပြည်နယ်မြောက်ပိုင်း နမ့်လန်မြို့နယ် နားမခေါ် ကျေးရွာ အနောက်ဘက် နမ့်မော်လုံ ရွာတွင် ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဒေသခံ အမျိုးသားတဦး ကျည်စ ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။ မတ်လ ၁၂ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး ကျည်စ ထိမှန်သူသည် အသက် ၂၅ နှစ် အရွယ် စိုင်းကာလိန်...
တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် RCSS/SSA ကိုယ်စားလှယ်များတွေ့ဆုံ
တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည် တပ်မတော် RCSS/SSA ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံရာ သျှမ်းပြည်မြောက်ပိုင်း တွင်ဖြစ်ပွါး နေသော ကိစ္စရပ်များအပြင်တခြားအချက်အလက်များဆွေးနွေးခဲ့ကြောင်းသိရသည်။ မတ်လ ၁၂ ရက်နေ့က နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ ပေါင်းလောင်းရိပ်သာ၌ တွေ့ဆုံခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။ ထိုသို့တွေ့ဆုံရာတွင် တပ်မတော်၊ RCSS/SSA နှင့် SSPP/SSA အဖွဲ့တို့ သုံးပွင့်ဆိုင် ဆွေးနွေးရေး...
SSPP တပ်စခန်းကို အစိုးရတပ်မတော် စစ်လေယာဉ်ဖြင့်တိုက်
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ၊ မိုင်းကိုင်မြို့နယ်၊ မိုင်းရယ်မြို့နယ် နှင့် သီပေါမြို့နယ်ကြား လွယ်ပန်ခါးတောင်ကြောရှိ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းကို အစိုးရတပ်မတော် စစ်ကြောင်းက စစ်လေယာဉ်ဖြင့် ယနေ့ မွန်းလွဲပိုင်းက တိုက်ခိုက်သည်ဟုသိရသည်။ ၂၀၁၉ မတ် ၁၀ ရက်နေ့ နံနက် ရ အချိန်မှ...
အစိုးရတပ်အား TNLA ချောင်းပစ် မိုင်းငေါ့မြို့ခံတဦးထိမှန်
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ အတွင်း အစိုးရတပ်မတော် စစ်ကြောင်း တခုအား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကစောင့်ကြပ်ပစ်ခတ်ရာ စျေးရောင်းဖို့သွားသည့် ဒေသ ခံ အမျိုးသမီး တဦးအားထိမှန်ကြောင်း သတင်းရရှိသည်။ မတ်လ ၉ ရက် နံနက် ၁၀ နာရီကျော်အချိန် မိုင်းငေါ့မြို့ အနောက်ဘက် ရန်ကင်းတောင်ဘုရားကုန်းပေါ်တွင်...
သျှမ်း တောင်-မြောက် နယ်စပ်ကြား SSPP/SSA ၏တပ်စခန်းတခုအား အစိုးရတပ်မတော် အင်အားသုံးတက်တိုက်
သျှမ်းပြည်မြောက်ပိုင်းသီပေါမြို့နယ်အတွင်း လွယ်ပန်ခါးအရပ်ဘက်တွင် ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်းသိရသည်။ ၂၀၁၉ မတ်လ ၈ ရက် မွန်းတည့်ချိန်မှစပြီး မွန်းလွဲပိုင်းအထိ သီပေါမြို့နယ် ၊ ကျေးသီးမြို့နယ်နှင့် မိုင်းကိုင်မြို့နယ်စပ်အကြား လွယ်ပန်ခါးတွင် တိုက်ပွဲဖြစ်ပွါးနေကြောင်း၊ မိုင်းကိုင် - တုံလောဘက်မှ တပ်များအင်အားထပ်မံဖြည့်တင်းမှုပြုနေကြောင်း မျက်မြင်ဒေသခံများပြောပြချက်အရသိရသည်။ သီပေါမြို့နယ်အတွင်း လှုပ်ရှားနေသော SSPP/SSA အရာရှိတဦးက-...
တိုင်းရင်းသားချင်း တိုက်ပွဲကြား ပျောက်ဆုံးနေသည့် မန်လီဒေသခံများပြန်လွှတ်ရန် ဆုတောင်းပွဲပြုလုပ်
သျှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် မန်လီ ရွာသား ၁၀ ဦးကျော် ပြန်လွှတ်မြောက်လာရေး အတွက် ယမန်နေ့ မနက်ပိုင်းတွင် စစ်ဘေးရှောင်များ က ဆုတောင်းပွဲ ပြုလုပ်ကြကြောင်း သိရသည်။ အဆိုပါ မန်လီ ကျေးရွာ ဒေသခံ ၁၀ ဦးကျော် သည် မတ် ၁...
တိုက်ပွဲကြောင့် ၅ နှစ်အရွယ်ကလေး လက်နက်ကြီးကျည်စ ထိမှန် လားရှိုးဆေးရုံရောက်
သျှမ်းပြည်မြောက်ပိုင်းမှာဖြစ်ပွါးခဲ့တဲ့တိုက်ပွဲတွေကြောင့် ကလေးငယ်တဦးခေါင်းမှာ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရလို့ နယ်စည်းမခြား လူမှုကူညီရေးအဖွဲ့ကနေ လားရှိုး ဆေးရုံကိုပို့ပေးထားတယ်လို့သိရပါတယ်။ မတ်လ ၄ ရက်နေ့က မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နဲ့ RCSS တို့အကြား သီပေါမြို့နယ် (သီပေါ-ကျေးသီး-မိုင်းကိုင် ကြား) လွယ်ငင်းရွာအနီးမှာ တိုက်ပွဲတွေဖြစ်ပွါးခဲ့တာဖြစ်ပြီး လက်နက်ကြီးကျည် ဟာ ရွာထဲမှာကျတာကြောင့် နေအိမ်တလုံးကိုကျည်စ တွေထိမှန်ခဲ့ရာကနေ အသက်...
တိုင်းရင်းသားချင်း တိုက်ပွဲကြား မန်လီဒေသခံ ၁၀ ဦး ပျောက်ဆုံး
သျှမ်းပြည်နယ် မြောက်ပိုင်း သီပေါနှင့် နမ္မတူမြို့ ကားလမ်းပေါ်ရှိ မန်လီ ကျေးရွာ အနီးတွင် မတ် ၁ ရက် တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားကာ ဒေသခံ ၁၀ ဦးပျောက်ဆုံးမှုများရှိနေသည်ဟု သတင်းရရှိသည်။ အဆိုပါ တိုက်ပွဲသည် မြောက်ပိုင်းမဟာမိတ်ဖြစ်သည့် SSPP ၊ TNLA နှင့်...






