သျှမ်းနှစ်တပ်ညီညွှတ်ရေး ပံ့ပိုးပေးရန် ၀ါရင့်တော်လှန်သမားဟောင်းများအား RCSS/SSA ခေါင်းဆောင် ဖိတ်ခေါ်တွေ့ဆုံ

0

သျှမ်း တော်လှန်ရေးသမားဟောင်းများအား RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ဖိတ်ခေါ်တွေ့ဆုံကာ သျှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပွါးနေသော ပဋိပက္ခများပြေငြိမ်းပြီး ညီညွှတ်ရေးအတွက် ၀ိုင်းဝန်းပံ့ပိုးပေးရန် တောင်းဆိုခဲ့သည်ဟု သိရသည်။

Photo RCSS/ သျှမ်းနှစ်တပ်ညီညွှတ်ရေး ပံ့ပိုးပေးရန် ၀ါရင့်တော်လှန်သမားဟောင်းများအား RCSS/SSA ခေါင်းဆောင် ဖိတ်ခေါ်တွေ့ဆုံ

မတ်လ ၁၀ ရက်နေ့က RCSS/SSA ဥက္ကဌမှခေါ်ယူတွေ့ဆုံသူများမှာ ပူနန်စော၊ စဝ်ကဏ်းကျစ်၊ စဝ်ပိုင်းမိန်း၊ စဝ်ခွန်ထူး (စဝ်ဆူးလိုင်း)တို့အပြင်တခြားသော အတွေ့အကြုံရှိ ပုဂ္ဂိုလ်များ အများအပြားပါ၀င်သည်ဟုသိရ သည်။

တွေ့ဆုံမှုတွင် ဗိုလ်ချုပ်ကြီးယွက်စစ်က – “သက်ကြီးမိဘတွေ ရှေ့ဆောင်လမ်းပြတွေဆီကနေ အကူအညီ တောင်းချင်ပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ သျှမ်းလက်နက်ကိုင် ၂ ဖွဲ့ကြား တိုက်ပွဲတွေရပ်တန့်အောင်နဲ့ ဝေးကွာနေတာကို နီးကပ်လာအောင် ဘယ်ဘက်မှ မယိမ်းမယိုင်ဘဲ ကြားဝင်ညှိနှိုင်းပေးပါ။” – ကပြောသည်။

RCSS/SSA သည် အစိုးရနှင့် အပစ်ရပ်လက်မှတ်ရေးထိုးထားသောအဖွဲ့ဖြစ်သော် လည်း ယနေ့တိုင် အစိုးရတပ်မတော်နှင့် တိုက်ပွဲပေါင်း ၃၀၀ ထက်မနည်း ဖြစ်ပွါးခဲ့ဖူးကြောင်း သိရသည်။

တဖက်တွင်လည်း ၂၀၁၅ ခုနှစ်မှစပြီး SSPP နှင့် TNLA တို့ကလည်း RCSS/SSA အားသျှမ်းပြည်မြောက်ပိုင်းသို့ ကျူးကျော်လှုပ်ရှားလာသည်ဟု ပြောဆိုကာ တိုက်ပွဲများဆင်နွဲလာရာမှာ ယနေ့တိုင်ဖြစ်သည်။

တိုက်ပွဲများနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်ကြီးယွက်စစ်က – “ အဲဒီဘက်ကို ကျနော်တို့က ၂၀၀၆ ကတည်းက သွားလှုပ်ရှားနေခဲ့တယ်။ ကျနော်တို့က တောင်ပိုင်း သျှမ်းပြည်တပ်မတော်လို့သာ နာမည်ရနေတာ တပ်ဖွဲ့ဝင် တော်တော်များများက ၈၀ ရာခိုင်နှုန်းလောက်က မြောက်ပိုင်းသားတွေပါ။ ကျနော်တို့က ပစ်ခတ်မှုမလုပ်ချင်ဘူး။ ဒါကြောင့်အခုတိုက်ပွဲတွေက ကျနော်တို့ဘက်က မိမိကိုယ်မိမိ ကာကွယ်ဖို့ ခံစစ်အနေနဲ့ ဘဲ တိုက်ခိုက် နေရတာဖြစ်ပါတယ်။ ဆိုတော့ သံဃာတော်တွေ ဒေသခံပြည်သူလူထုတွေကို ကျနော်တို့ ၂ ဖွဲ့ကြားဝင်ပြီး ကူညီဖြန်ဖြေပေးဖို့ အကူအညီတောင်းချင်ပါတယ် ” – ဟု ပြောသည်။

ဆွေးနွေးမှုတွင် နှစ်ဘက်တပ်များပစ်ခတ်နေမှု ရပ်တန့်ဖို့ရန် အဓိကဖြစ်ကြောင်း၊ နှစ်ဘက်တပ်များ တပ်ဆုတ်စရာမလိုသေးဘဲ ရောက်သည့်နေရာတွင် ဆက်လက်နေထိုင်သွားကြစေလိုကြောင်းလည်း ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ SSPP အပါ အဝင် မြောက်ပိုင်းမဟာမိတ်တပ်များက RCSS တပ်များအနေဖြင့် လုံးဝ တပ်ဆုတ်ရမည်ဖြစ်ကြောင်း၊ တပ်ဆုတ်ပြီးမှသာ တွေ့ဆုံဆွေးနွေးမည်ဟု ထုတ်ပြန်ထားသည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here