Wednesday, January 28, 2026

သျှမ်းတပ်နှစ်ခုကြားဖြစ်ပွားနေသည့်တိုက်ပွဲများ ရပ်တန့်ထားမည်ဟုကြေငြာ

သျှမ်းပြည်မြောက်ပိုင်းတွင် RCSS နှင့် SSPP တို့အကြားပဋိပက္ခများအမြန်ရပ်တန့်နိုင်ရေးအတွက် ဖြစ်ပွါးနေ သော တိုက်ပွဲများ ရပ်တန့်ထားဟု သိရှိရသည်။

RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် SSPP ခေါင်းဆောင် ဗိုလ်ချုပ်ကြီးပန်ဖှ

မတ်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ရောက်ရှိရာအရပ်တွင် တပ်များ ရပ်တန့်ထားပြီး ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ထားမည်ဖြစ်ကြောင်း အချက် ၅ ချက်ပါ ကြေငြာချက်တစောင်ထုတ်ပြန်ထားသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၏ ထုတ်ပြန်ကြေငြာချက်တွင် – မတ်လ ၂၀ ရက်နေ့ RCSS ၏ CEC အစည်းဝေး၌ လက်ရှိနိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ သျှမ်းပြည်နယ်အရေး ကိစ္စများ အကျယ်တဝင့် ဆွေးနွေးကြ ကြောင်း၊ ထိုအစည်းအဝေးမှ အချက် ၆ ချက်ပါ ကြေငြာချက်တစောင် ထုတ်ပြန်ရာ SSPPနှင့် ဖြစ်ပွားနေသောတိုက်ပွဲများ မတ်လ ၂၀ ရက်နေ့ မှစ၍ ရပ်တန့်ထားမည် ဖြစ်ကြောင်းလည်း ပါရှိပါသည်။


”ကျနော်တို့တပ်တွေတော့အကုန်ရပ်ထားပြီ။ ၁၉ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ် အချိန် တိုက်ခိုက်မှု အားလုံး ရပ်ထားဖို့ အထက်က ညွှန်ကြားလာလို့ အဲ့ဒီ့အချိန်ကတည်းက ပဋိပက္ခဖြစ်ပွားတဲ့ ဒေသကနေ တပ်တွေခွာ ထား လိုက်တာ အခုထိဘဲ”- ဟု SSPP တပ်မှူးကြီးတဦးကလည်း သျှမ်းသံတော်ဆင့်သို့ ပြောသည်။

နယ်မြေစိုးမိုးရေးပြဿနာကြောင့် သျှမ်းလက်နက်ကိုင်တပ် နှစ်ခုသည် ၂၀၁၈ နှစ်နှောင်းပိုင်းမှ စ၍ ၂၀၁၉ မတ်လ ၁၉ ရက်အနေ့ တိုက်ပွဲများ ဆက်တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲကြောင့်လည်း သီပေါ၊ ကျောက်မဲ၊ နမ္မတူ၊ ကျေးသီး၊ မိုင်းကိုင် စသည့်မြို့နယ်များမှ ဒေသခံ ထောင်ဂဏန်း စစ်ဘေးစစ်ဒဏ်သင့်သကဲ့သို့ သေဆုံးမှု ၊ သျှမ်းလူထုအသက်အိုးအိမ်ပျက်စီးဆုံးရှုံးမှု အကြိမ်ကြိမ်ဖြစ်ပွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်စန်မြို့နယ်အတွင်း RCSS နှင့် SSPP တိုက်ပွဲဖြစ်

0
သျှမ်းပြည် နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စုရှိ ကျောက်မီးသွေးတွင်းများမှ အခွန်ကောက်ခံရန် သျှမ်းတပ်နှစ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ပထမပတ်အတွင်း နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စု နမ့်မိုကျေးရွာအနီးတွင် SSPP နှင့် RCSS တပ်ဖွဲ့တို့ ဒရုန်းဖြင့် အပြန်အလှန် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနီးပတ်ဝန်းကျင် ကျေးရွာများရှိ အိမ်ခြေ (၂၀၀) ကျော်မှ...

ကံဆိုးမိုးမှောင်ကျစေသည့် ပင်လုံစာချုပ်နှင့် လမ်းပျောက်နေသည့် သျှမ်းလူထု

0
အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်နေသည်ဟု ကြွေးကြော်သည့် မြန်မာ စစ်တပ်သည် ဒေသခံများ အထွဋ်အမြတ်ထားသည့်ဘုရားကျောင်းကန်များကို လက်နက်ကြီးသာမက လေကြောင်းကပါ ပစ်ခတ်ဖျက်ဆီး၍ ၄င်းတို့၏ အမျက်ဒေါသကို ဖော်ပြနေသည်။

သျှမ်းတပ်အချင်းချင်း တိုက်ခိုက်မှုကို မလိုလားသဖြင့် သျှမ်းလူငယ်များ သျှမ်းစစ်သားမလုပ်လို

0
သျှမ်းပြည် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ့်လန်မြို့တွင် သျှမ်းတပ်မှ တပ်သားသစ် အတွက် ဒေသခံ လူငယ်များ လာရောက်ဖမ်းဆီးခေါ်ဆောင်ရာ သျှမ်းတပ် အချင်းချင်း တိုက်ခိုက်မှုကို မလိုလားသည့်အတွက် တပ်သားသစ် စုဆောင်းမှုတွင် မပါချင်ကြောင်း စုံစမ်းသိရသည်။ “အရင်ကတော့ တစ်ရွာ၊ တစ်ရပ်ကွက်ကို ဘယ်လောက်ဆိုပြီးတော့ စာရင်းချပေးတာ။ အခုတော့ သူတို့...

သျှမ်းပြည်နယ်အတွင်းကိုယ်စားပြုတိုက်ပွဲ Proxy War စတင်နေပြီလား?

0
သျှမ်းပြည်တပ်မတော် ဝမ်ဟိုင်း နဲ့ သျှမ်းပြည်တပ်မတော် လွိုင်တိုင်းလျဲန်းတို့ဟာ ၂၀၁၇ က စပြီး နယ်မြေစိုးမိုးရေးအားပြိုင်  တိုက်ပွဲဖြစ်ပွားလာခဲ့ပါတယ်။ တိုက်ပွဲကြောင့် သျှမ်းလူထု အသက်အိုးအိမ်ဆုံးရှုံးရတာတွေ၊ စစ်ဘေးရှောင်နေရတာတွေကြောင့် သျှမ်းပြည့်ကံကြမ္မာအတွက် မျက်ရည်မျက်ခွက်နဲ့ ရင်နင့်နေသူဟာ ကျနော် တစ်ယောက်တည်း တော့ ဟုတ်မယ်မထင်ပါဘူး။ သျှမ်းအမျိုးသားအတွက် ရှေ့တန်းတင်ဖို့၊ စည်းလုံးဖို့၊ တောင်းဆိုနေတာတွေလဲ...

RCSS နှင့် SSPP တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ

0
သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ် လွယ်ဟွန်းတောင်ကြောတစ်လျောက်တွင် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် သျှမ်းပြည်တိုး တက်ရေးပါတီ(SSPP/SSA) တို့ တိုက်ပွဲသည် ယမန်နေ့ (ဇွန် ၁၀)ရက် ညနေပိုင်းထိ တိုက်ပွဲပြင်းထန်နေသေးကြောင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့မှ စတင်ကာ အပြန်အလှန်နယ်မြေလုသည် ဆိုသည့် အကြောင်းပြချက်ဖြင့်...