သျှမ်းတောင်နှင့်မြောက် နယ်စပ် နမ့်လန်မြို့ တောင်ပေါ်တိုက်ပွဲတွင် မိုင်းထိရွာသား ၂ ဦး မကယ်ထုတ်နိုင်သေး

သျှမ်းပြည် တောင်ပိုင်း နှင့် မြောက်ပိုင်း နယ်မြေ အစပ်တွင် ယခုတပတ်အတွင်းဖြစ်ပွါးသော တိုက်ပွဲကြောင့် မိုင်းစထိမှန်သူ ရွာသား ၂ ဦး ကို ယနေ့ ထိ မကယ်ထုတ်နိုင်သေးကြောင်း သတင်းရရှိသည်။

Photo Credit to Shar Htat Paing/ မန်လီဘုန်းကြီးကျောင်းရောက် စစ်ဘေးရှောင်များ

တိုက်ပွဲသည် သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ နမ့်လန်မြို့ မန်လီအုပ်စု လွယ်ငင်းကျေးရွာ နှင့် ပါကမ်းကျေးရွာ အနီးတွင် RCSS နှင့် SPPP တို့ကြား ဖြစ်ပွါးခဲ့ခြင်းဖြစ်ပါသည်။

တိုက်ပွဲကြောင့် မိုင်းထိမှန်သည် ရွာသား အမျိုးသား၂ ဦးအား လက်ရှိအခြေအနေထိ သွားရောက် ကယ်ထုတ်နိုင်ခြင်းမရှိသေးကြောင်း ၊ ကူညီကယ်ထုတ်ရန် အတွက် လက်နက်ကိုင်အဖွဲ့ အစည်းများအား ညှိနှိုင်းရန်ကြိုးစားသော်လည်း အဆင်မပြေသေးကြောင်း Dear Ranger (နမ့်လန်) လူမှု ကူညီရေး အသင်းမှ ကိုဇော်ညီညီ က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ မိုင်းထိတဲ့ ၂ ဦးက အခုလွယ်ငင်းကျေးရွာ ဘုန်းကြီးကျောင်းမှာပါ။ ကျနော်တို့ ကို တောင်ပေါ် ပေးမတက်ဘူး။ ထိမှန်မှာ ကြောက်လို့ထင်တယ်။ မိုင်းထိမှန်တဲ့ ၂ အခြေအနေ သိပ်မစိုးရိမ်ရဘူးလို့ ကြားသိရပါတယ်” ဟု ကိုဇော်ညီညီ က ဆိုသည်။

မိုင်းထိမှန်သူ ၂ ဦးကို ကယ်ထုတ်ရန် အတွက် တောင်တက်လမ်းတွင် အန္တရာယ် ရှိနေသဖြင့် ပေးမတက်ကြောင်း၊ လက်ရှိမှာ မိုင်းထိမှန်သူ ၂ ဦး နေထိုင်သည့် ကျေးရွာတွင် ကျန်းမာရေး လုပ်သားရှိကြောင်းလည်း ကိုဇော်ညီညီ က ပြောသည်။

သျှမ်းလက်နက်ကိုင် ၂ ဖွဲ့သည် ဖေဖော်ဝါရီ ၂၀ ရက်မနက်ပိုင်း တွင် စတင်ကာ သီပေါမြို့နယ် နမ့်လန်မြို့ မန်လီအုပ်စု အတွင်းရှိ လွယ်ငင်းကျေးရွာ နှင့် ပါကမ်းကျေးရွာ အနီးရှိ တောင်ကြာတွင် တိုက်ပွဲများဖြစ်ပွားခဲ့ သည်။

လက်ရှိတွင် မန်လီကျေးရွာ ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင် ၅၈၇ ဦး ရှိပြီး၊ အစားအသောက် အတွက် ဖူလုံ သော်လည်း အိပ်ယာ စောင်ခင်းများ လိုအပ်နေကြောင်းလည်း သိရသည်။

သျှမ်းလက်နက်ကိုင် ၂ ဖွဲ့ ကြား ဖြစ်ပွားသည် တိုက်ပွဲကြောင့် သီပေါမြို့နယ် အတွင်း စစ်ရှောင် ၁၂၀၀ ကျော် ရှိနေကြောင်း၊ သီပေါမြို့ နားမခေါ်၊ ဧဝံဂေလိ လီဆူဘုရားကျောင်း၊ နမ့်မော်ဆွေဘုန်းကြီးကျောင်း၊ ဆွန်အွိုက်ဘုန်းကြီးကျောင်း၊ ဘိုးတော်ကျောင်းနှင့် ကျင်သီ ဘုန်းကြီးကျောင်းတို့တွင်ခိုလှုံနေကြကြောင်း စစ်ရှောင် များကို ကူညီပေးနေသည့် အဖွဲ့များထံမှ သိရသည်။

သျှမ်းတပ် ၂ ဖွဲ့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာ လကုန် တွင် စတင်ဖြစ်ပွားခဲ့ရာ လက်ရှိ စစ်မီးမှာ ပိုမိုတင်းမာလာပြီး ပြည်သူများ ထိခိုက်မှု ပိုများလာကြောင်းလည်း လူမှုကူညီရေးအသင်းများက ပြောဆိုကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ထိန်းချုပ် သီပေါမြို့အနီး ရှော့တိုက်ဒုံးပစ်ခတ်ခံရ

0
သျှမ်းပြည် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၄ ရက်) ညနေ ၅ နာရီခွဲကျော်တွင် စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံး (၃) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စံဖိတ်ကျေးရွာအုပ်စုရှိ ဖာဖိတ်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...