လောက်ကိုင်ဒေသ ညမထွက်ရအမိန့် ထပ်မံ ထုတ်ပြန်
သျှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အတွင်း ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ထပ်မံ ထုတ်ပြန်ကြေညာခဲ့သည်။ စက်တင်ဘာလ ၉ ရက်နေ့ရက်စွဲပါ လောက်ကိုင်မြို့နယ် အထွေထွေးအုပ်ချုပ်ရေးမှူးရုံး မှထုတ်ပြန်သော ကြေညာချက် တွင် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သည့်...
ကွတ်ခိုင်မြို့နယ်အတွင်း ကား ၇ စီး မီးရှို့ခံရ
သျှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ရွာ အတွင်း ကား ၇ စီး မီးရှို့ခံရကြောင်း သတင်းရရှိသည်။ စက်တင်ဘာလ ၃ ရက် ညပိုင်းတွင် မီးရှို့ခံရသည့် ကားများမှာ မူဆယ်မှ မန္တလေးသို့ ဆင်းမည့် ခရီးသည်တင်ကား ၃ စီးနှင့် ပန်းသီးတင်ကား၊ အဝတ်အထည်တင်ကားများ ၊...
ကွတ်ခိုင်တွင်လက်နက်ကြီးကြောင့်အရပ်သားသေဆုံးမှု နှစ်ဖက်တပ် အပြန်အလှန်စွပ်စွဲ
သျှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း လက်နက်ကြီးများ ကျသဖြင့် အရပ်သားများ သေဆုံးသည့် ကိစ္စ နှစ်ဖက်တပ် အပြန်အလှန်စွပ်စွဲနေကြသည်။ သြဂုတ် ၃၁ ရက် မနက် ၉ နာရီ ကျော် ကွတ်ခိုင်မြို့နယ် မော်ဟိတ်စုစည်းကျေးရွာ တွင် လက်နက်ကြီးကျကာ အမျိုးသမီး များနှင့် လသားကလေးငယ်...
ကွတ်ခိုင်မြို့နယ်အတွင်း မြန်မာ့တပ်မတော် လေကြောင်းဖြင့် ပစ်ခတ် ရွာသားများပြော
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း မြန်မာ့တပ်မတော်မှ လေကြောင်းဖြင့် တိုက်ခတ်သဖြင့် ဘုန်းကြီး ကျောင်းနှင့်နေအိမ်တချို့ ပျက်စီးသည်ဟု ဒေသခံများပြောပြချက် အရသိရသည်။ စက်တင်ဘာလ ၂ ရက် ညနေ ၄ နာရီ ကျော်တွင် မြန်မာ့တပ်မတော်မှ လေကြောင်းဖြင့် ပစ်ခတ်မှုကြောင့် ကွတ်ခိုင် မြို့နယ် ဟွေ့ခုတ်ကျေးရွာ ဘုန်းကြီးကျောင်း...
မြန်မာ့တပ်မတော် အပစ်ရပ်တိုးသော်လည်း သျှမ်းမြောက် တိုက်ပွဲ ဖြစ်နေဆဲ
မြန်မာ့ တပ်မတော် အနေဖြင့် အပစ်ရပ်ကာလ ၂၁ ရက် ထပ်တိုးထားသော်လည်း သျှမ်းမြောက်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသေးကြောင်း သတင်းရရှိသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC နှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့ လက်ရှိ ဆွေးနွေးဆဲ အခြေအနေ ဆက်လက် ဆောင်ရွက်နိုင်ရန်...
လားရှိုးမြို့တောင်ဘက်ကျေးလက်အတွင်း တိုက်ပွဲဖြစ်ပွါးမှု စစ်ရှောင် ၇၀၀ကျော် ရှိ
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်အုပ်စုတွင် ဖြစ်ပွါးသောတိုက်ပွဲကြောင့် ဒေသခံရွာသား ရ၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း သိရသည်။ သြဂုတ်လ ၂၈ ရက် ယနေ့ မနက် ၆နာရီ ဝန်းကျင်က ညီနောင် မဟာမိတ် ၃ ဖွဲ့က လားရှိုးမြို့ အခြေစိုက် ရမခ တိုင်း...
သျှမ်းမြောက်တိုက်ပွဲ အရပ်သား ၁၁ ဦး သေဆုံး ၂၅ ဦး ဒဏ်ရာရ
သျှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှု ၁၁ ဦးအထိရှိပြီး ဒဏ်ရာရရှိသူ ၂၅ ဦးရှိသွားပြီး ဟု ရှမ်းမြောက် လူမှု အဖွဲ့အစည်း ပြောကြားချက် အရ သိရသည်။ အရပ်သား ၁၁ ဦး သေဆုံး နှင့် ဒဏ်ရာရရှိသူ ၂၅ ဦးသည် သျှမ်းပြည်နယ် မြောက်ပိုင်း...
လားရှိုး ရမခ တိုင်းစစ်ဌာနချုပ်အောက်က တပ်ရင်းတခု တိုက်ခိုက်ခံရ
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် ရမခ တိုင်းစစ်ဌာနချုပ်လက်အောက်ရှိ နမ့်ပေါင်အုပ်စုက တပ်ရင်းတခုအား ညီနောင်မဟာမိတ်တပ်ဖွဲ့များဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟုသိရသည်။ သြဂုတ်လ ၂၈ ရက် ယနေ့မနက်ပိုင်းက ခလရ ၂၉၁ တပ်အား ညီနောင်မဟာမိတ် ၃ ဖွဲ့က ၀င်ရောက်ပစ်ခတ်တိုက်ခိုက်ရာ လမ်းတံတားများဖျက်ဆီးခံရမည်ကို ဒေသခံများစိုးရိမ်နေကြပါသည်။ “မနက် ၅ နာရီခွဲလောက်ကတည်းက သေနတ်သံထွက်နေတယ်။ ခလရ ၂၉၁...
ကွတ်ခိုင် တိုးဂိတ်အနီး အိမ်စီးကားတစီး သေနတ်ပစ်ခံရ ယာဉ်မောင်း ဒဏ်ရာရ
စစ်ရေးတင်းမာနေဆဲဖြစ်သော သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် တိုးဂိတ်တွင် အိမ်စီးကားတစီး သေနတ်ပစ်ခံရပြီး ယာဉ်မောင်း နားရွက်ကျည်ထိမှန် ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။ သြဂုတ်လ ၂၇ ရက် ယနေ့မနက် ၁၀ နာရီခွဲ ဝန်းကျင်က မူဆယ်မြို့အထွက် ကွတ်ခိုင်တိုးဂိတ် တွင် သေနတ်ပစ်ခံရသည့် အိမ်စီးကားသည် အနက်ရောင် Crown အမျိုးအစား...
ကွတ်ခိုင်တွင် ရွာအတွင်းလက်နက်ကြီး ကျ အမျိုးသား တဦးသေဆုံး
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာအုပ်စု ပန်းဆေးရွာအတွင်း လက်နက်ကြီး ကျည်ကျရာ အသက် ၅၀ ၀န်းကျင်အမျိုးသားတဦး ကျည်စထိမှန် သေဆုံးခဲ့ကြောင်းသိရသည်။ သြဂုတ်လ ၂၆ ရက် ယမန်နေ့ ညနေ ရ နာရီဝန်းကျင်က ကွတ်ခိုင်မြို့နယ် ရပ်ကွက် ၅ ဘုရားကျောင်းအနီးတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး...





