ကွတ်ခိုင်တိုက်ပွဲကြား ပိတ်မိနေသည့် တောင်ယာသမားများ အတွက်စိုးရိမ်

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း တိုက်ပွဲများပြန်လည်ဖြစ်ပွားသဖြင့် တောင်ယာသွားရောက် အလုပ်လုပ်ကိုင်သူများ ပိတ်မိနေမည်ကို စိုးရိမ်ကြောင်း စုံစမ်းသိရသည်။

Photo by Kut kai/Facebook

ကွတ်ခိုင်မြို့နယ် ကာလိုင်၊ နောင်ဖန်း ကျေးရွာ အနီးတွင် ဇွန်လ ၁၆ ရက် ယမန်နေ့ညနေပိုင်း တွင်တကြိမ်၊ ယနေ့ မနက်တွင် တကြိမ် တိုက်ပွဲဖြစ်ပွားကာ ထိုအနီးပတ်ဝန်းကျင်သို့ သွားရောက်ပြီး တောင်ယာ အလုပ်သွားသည့် ကွတ်ခိုင်မြို့နယ် ကာလိုင် ဇွတ်အောင် စစ်ရှောင်စခန်းမှ အမျိုးသားတချို့ပိတ်မိနေသဖြင့် စိုးရိမ်နေရကြောင်း စစ်ရှောင် စခန်း မှ ဆရာ နောင်လတ် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ဒီနှစ် တိုက်ပွဲတွေ ငြိမ်နေတော့ စစ်ရှောင် အိမ်ခြေ ၃၀၊၄၀က သူုတို့ မူရင်းနေရာ ကိုပြန်ပြီး တောင်ယာသွားလုပ်တယ်။ မနေ့ ညနေ တိုက်ပွဲစပြန်ဖြစ် ဒီနေ့မနက်ထိဖြစ်တယ်။ သူတို့ တိုက်ပွဲကြားညှပ်မှာ ကြောက်တယ်။တောင်ယာလုပ်တဲ့သူတွေကလည်း အမျိုးသားတွေပဲ။ မိသားစုတွေက စိုးရိမ်နေကြတယ်” ဟု ဆရာနောင်လတ်က ဆိုသည်။

ယခုနှစ်အတွင်း တိုက်ပွဲများ ငြိမ်နေသဖြင့် ကာလိုင်ဇွပ်အောင် စစ်ရှောင်စခန်းမှ ပြည်သူတချို့သည် မိမိမူလ နေရပ်တွင် တောင်ယာပြန်လုပ်ကြကြောင်း၊ ထိုတောင်ယာ လုပ်ဆောင်နေစဉ် တိုက်ပွဲ များထပ်မံဖြစ်လာသဖြင့်အတွက် တိုက်ပွဲကြားညှပ်ပြီး စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားမည်ကို စိုးရိမ်နေရကြောင်း ဆရာ နောင်လတ် ပြောသည်။

ယမန်နေ့ ညနေ ၃ နာရီက ဖြစ်ပွါးသည့်တိုက်ပွဲသည် ကွတ်ခိုင်မြို့နယ် နောင်ဖန်းကျေးရွာ အနီးဖြစ်ပြီး၊ ယနေ့မနက် ၆ နာရီခွဲတွင်ဖြစ်ပွားသည့်တိုက်ပွဲသည် ကွတ်ခိုင်မြို့နယ် နောင်ဖန်းကျေးရွာ နှင့် နမ့်ဖူးကျေးရွာ အနီးပတ်ဝန်းကျင်တွင်ဖြစ်ကြောင်းသိရသည်။

“အမျိုးသားတွေဆိုတော့ ၁၇/၁နဲ့သော်လည်းကောင်း မသင်္ကာမှုနဲ့ သော်လည်းကောင်း ဖမ်းသွားမှာ ကြောက်နေရတယ်။ ဖုန်းလိုင်းမမိ ဖြစ်တော့ စိုးရိမ်ပြီး စောင်ေ့နရတယ်” ဟု ဆရာနောင်လတ်က ထပ်လောင်းပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာသည် ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာ ဇွပ်အောင် စစ်ရှောင်စခန်း မှ ဆိုင်ကယ်ဖြင့် သွားပါက တနာရီခွဲကျော် ကြာကြောင်းသိရသည်။

ကွတ်ခိုင်မြို့နယ် အတွင်း ဖြစ်ပွားသည့် တိုက်ပွဲနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ မြန်မာ့တပ်မတော် သတင်းမှန်ပြန်ကြားရေး နှင့် တအာင်း(ပလောင်) လွတ်မြောက်ရေးတပ်မတော် (TNLA) ကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေဆိုခြင်းမရှိခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက်မှလာသော ငွေကျပ် ၁၅ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးတွင် ဖမ်းမိ

0
သျှမ်းပြည်မြောက်ပိုင်းမှ တင်သွင်းလာသော ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးမြို့တွင် ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင်က ယမန်နေ့ (ဧပြီလ ၈ ရက်) တွင် သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် ဧပြီလ ၆ ရက်တွင် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ရာ စိတ်ကြွဆေးပြား...

စက်သုံးဆီပြဿနာကြောင့် ကွတ်ခိုင်-မန္တလေး အရေးပေါ်လူနာပို့ခ ကျပ်သိန်း ၂၀ ထိရှိလား

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့မှ အရေးပေါ်လူနာများကို မန္တလေးမြို့အထိ သယ်ယူပို့ဆောင်ရာတွင် ကုန်ကျစရိတ် ကျပ်သိန်း ၂၀ အထိ ရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့ကို “၁၀၂၇ စစ်ဆင်ရေး” အတွင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...

ကွတ်ခိုင်ကို MNDAA အလုံးစုံထိန်းချုပ်၊ မူဆယ်-လားရှိုးပြည်ထောင်စုလမ်းမကြီး ပြန်ဖွင့်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ အလုံးစုံ ထိန်းချုပ်လိုက်ပြီးနောက် မူဆယ်-လားရှိုး တိုက်ရိုက်သွားလာနိုင်ရန် ပြည်ထောင်စုလမ်းမကြီးကို ပြန်ဖွင့်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) နံနက်ပိုင်းမှ စတင်ပြီး ကွတ်ခိုင်မြို့နယ် တစ်ခုလုံးကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ အလုံးစုံ တိုက်ခိုက်ထိန်းချုပ်လိုက်ပြီးနောက်...

ကွတ်ခိုင်-နမ့်ခမ်းကြား TNLA နှင့် MNDAA တိုက်ပွဲပြင်းထန်၊ မိုင်းယုလေးဒေသကို MNDAA ထိန်းချုပ်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် ဖြစ်ပွားနေသည့် TNLA နှင့် MNDAA ကြား မြေပြင်တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေပြီး နမ့်ခမ်းမြို့ဘက်သို့ ဦးတည်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၅ ရက်) နံနက် ၃ နာရီကျော်မှ စတင်၍ ကွတ်ခိုင်မြို့ပြင်ဘက်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...