သီပေါ စစ်ကောင်စီ လေကြောင်းတိုက်ခိုက် အရပ်သားတစ်ဦးသေဆုံး (၈)ဦးထိခိုက်ဒဏ်ရာရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့တွင် စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး (၈) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့( အောက်တိုဘာလ ၅)ရက်ည (၈) နာရီခွဲ အချိန်မှ (၁၀) နာရီထိစစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့်ဗုံးလာရောက်ကြဲကာ ရဲစခန်းအနီးတွင် ဗုံး (၂)လုံး၊ အနောက်ရပ်ကွက် စံပြမုန့်ဆိုင်တွင် (၁)လုံးနှင့် တောင်မြို့ရပ်ကွက်...
ဆီဆိုင် အသက်ကြီးသူများကို သန်းခေါင်စာရင်းကောက်ယူနေရာ လုံခြုံရေးယူခိုင်း
SHAN -
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ အသက်ကြီးပိုင်းများကို စစ်ကောင်စီက စစ်သင်တန်းပေးခဲ့ပြီး အုပ်ချုပ်ရေးမှူး သန်းခေါင်စာရင်း ကောက်ခံသည့်နေရာတွင် လုံခြုံရေးလိုက်ယူခိုင်းကြောင်း သတင်းရရှိသည်။ အဆိုပါ အသက်ကြီးသူများသည် အသက် ၄၅နှစ်မှ အသက် ၆၅နှစ်အထိဖြစ်ပြီး စစ်ကောင်စီသည် ထိုသူများကို တစ်ပတ်သာ သင်တန်းပေးခဲ့သည်။ သင်တန်းဆင်းပြီးသူများကို အုပ်ချုပ်ရေးမှူး သန်းခေါင်စာရင်ကောက်ရာတွင် လုံခြုံရေးယူပေးရသည့်အပြင် အုပ်ချုပ်ရေးမှူးရုံး နှင့်...
PNA/PNO စစ်ဝတ်စုံ ဝယ်ယူဝတ်ခိုင်းပြီး ဟန်ပြ စစ်အင်အားပြနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ကျောက်တလုံးမြို့နှင့် ညောင်ရွှေမြို့ တောင်ဘက်ဒေသများတွင် ပအိုဝ်းပြည်သူစစ် (PNA/PNO) စစ်ယူနီဖောင်း ဝယ်ယူဝတ်ဆင်ခိုင်းပြီး စစ်သင်တန်းဆင်းပွဲ တွင် ဟန်ပြအနေဖြင့် အင်အားပြခိုင်းကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၃)ရက် ကျောက်တလုံးမြို့ နောင်ယာဆိုင်းတွင် ပြုလုပ်သည့် PNO ပြည်သူစစ် အမှတ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲ သင်တန်းသားပေါင်း ခုနစ်ထောင်ကျော်ဖြင့်ပြုလုပ်ခဲ့သည်။ ထိုထဲတွင် အခြေခံစစ်သင်တန်းမတက်ဖူးသောသူများလည်း စစ်ဝတ်စုံဝတ်ပြီး အင်အားပြခိုင်းကြောင်းကျောက်တလုံးမြို့မှ...
လားရှိုး နာမည်ကြီး တရုတ်ဘုံကျောင်းနှင့် နေအိမ်ကို စစ်ကောင်စီ ပေါင်၅၀၀ ဗုံးဖြင့်ကြဲ
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှိ နာမည်ကြီး တရုတ်ဘုံကျောင်း နှင့် အရပ်သားနေအိမ်များကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် ၅၀၀ရှိ ဗုံး ၄ကြိမ် ပစ်ချကာ အရပ်သားတစ်ဦး ဒဏ်ရာရသည်ဟု စုံစမ်းသိရသည်။ ယနေ့မနက် (စက်တင်ဘာလ ၄ ရက်)နေ့ နံနက်ပိုင်း ရပ်ကွက် (၈) မန်ဆူဘုရား...
ပင်လုံတွင် PNO စစ်သားစုဆောင်းလို့ လူငယ်များထွက်ပြေးနေရ
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင် ပင်လုံ(အရှေ့) ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် (PNO) မှ စစ်သားစုဆောင်းနေတာကြောင့် လူငယ်များ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၀) ရက်တွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို တရားဝင်ပြဌာန်းခဲ့ပြီးနောက် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့မှ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း၊ ရပ်ရွာအလိုက် မဲနှိပ်ကာ တပ်သား စုဆောင်းခြင်းများ...
သီပေါမြို့ နေ့နေ့ညည စစ်ကောင်စီဗုံးကြဲတိုက်ခိုက်၊ ဖုန်းလိုင်းများဖြတ်တောက်ခံထားရ
သျှမ်းပြည် သီပေါမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲခဲ့ခြင်းကြောင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ (၁၀) ခုကျော်မှ စစ်ဘေးရှောင် (၁၅၀၀) ကျော် ထပ်မံထွက်ပြေး တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ နောက်ဆုံးပတ်မှ စတင်ပြီး စစ်ကောင်စီတပ်မှ သီပေါမြို့ပေါ် ရပ်ကွက်များသို့ ညဦးပိုင်းနှင့် လူအိပ်မောကျချိန်...
ဖယ်ခုံမြို့နယ် လအိကျေးရွာတွင် ဘုရားဆင်းတုတော်များ ဖျက်ဆီးခံရ
SHAN -
ကရင်နီပြည်၊ ဖယ်ခုံမြို့နယ် လအိကျေးရွာတွင် ဗုဒ္ဓဘာသာကိုယ်ကွယ်ထားသော ဘုရားဆင်းတုတော်များ ဖျက်ဆီးခံရသည်ဟု စုံစမ်းသိရသည်။ လအိကျေးရွာတွင် ပြီးခဲ့သည့် (စက်တင်ဘာလ ၅ ရက်)နေ့ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးတဲ့နောက်တွင် ရွာခံအားလုံးနီးပါး စစ်ရှောင်နေရသည်။ ယခင် (စက်တင်ဘာလ တတိယပတ်)လောက်သာ ဘုရားဆင်းတုတော်များ ဖျက်ဆီးခံရတာကို သိရပြီး (အောက်တိုဘာ ၂ရက်)နေ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာများပေါ်...
သျှမ်းမြောက်တက်မည့် ကုန်တင်ကားများကို မန္တလေးအထွက်တွင် စစ်ကောင်စီ တင်းကြပ်စစ်ဆေး
သျှမ်းပြည်မြောက်ပိုင်းရှိ ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် မြို့များသို့ ရိက္ခာသယ်ဆောင်လာသည့် ကုန်တင်ကားများကို စစ်ကောင်စီတပ်က မန္တလေးအထွက် (၁၆) မိုင်တိုးဂိတ်မှ စတင်ပြီး တားမြစ်စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ ဒုတိယပတ်မှ စတင်ပြီး သျှမ်းပြည်မြောက်ပိုင်းရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်နှင့်...
ရွာငံ သန်းခေါင်စာရင်းကောက်နေစဉ် စစ်မှုထမ်းရန်ခြိမ်းခြောက်
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့ မြောက်ဘက်ရှိ ကျေးရွာများတွင် စစ်ကောင်စီမှ သန်းခေါင်စာရင်းကောက်ယူနေပြီး စစ်မှုထမ်းရန်ခြိမ်းခြောက်မှုများပါ ရှိနေကြောင်း သတင်းရရှိသည်။ စစ်ကောင်စီမှ သန်းခေါင်စာရင်းကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်အထိ သန်းခါင်စာရင်းကောက်မည်ဟု စစ်ကောင်စီက ကြေညာခဲ့ပြီးနောက် ရွာငံမြို့နယ်အပါဝင် တခြားသော ဒေသများတွင်လည်း စစ်ကောင်စီက သန်းခေါင်စာရင်း စတင်ကောက်ခံနေကြောင်း...
သျှမ်းပြည် သီပေါမြို့ကို စစ်ကောင်စီတပ်မှ သုံးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးနှင့်အမျိုးသမီးအပါအဝင် (၄) ဦးသေဆုံးပြီး (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း သီပေါမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ-(၅၀၃) နှင့် (၅၀၄) တပ်ရင်းတို့ကို TNLA တပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီးနောက်...





