CATEGORY

လူ့အခွင့်အရေး

သိန္နီမြို့ရှိ ကျေးလက်လူထု ၁၆ ဦးအား လက်နက်ကိုင်တပ်ဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် ကျေးလက်လူထု ၁၆ ဦးအား လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က ဖမ်းဆီးသွားရာ ယနေ့တိုင်ပြန်မလွှတ်ပေးသေးကြောင်းသိရသည်။ သိန္နီမြို့နယ် ဟိုမွန်းကျေးရွာတွင် မတ်လ ၁၇ ရက်နေ့မနက်ပိုင်းက လက်နက်ကိုင်အဖွဲ့တဖွဲ့မှ ၀င်ရောက်ကာ ရွာသား ၁၈ ဦးအားဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိန္နီမြို့ ပြည်နယ်လွှတ်တော်အမတ် စိုင်းစိန်လူကပြော သည်။ ပြီးခဲ့တဲ့အပတ်က စစ်ဘေးရှောင်ရာကနေ ရွာပြန်ရောက်လာတဲ့ဒေသခံလူထုကို ရွာထဲအထိ...

လားရှိုးမြို့မြောက်ဘက်ကျေးလက်ဒေသတွင် ဌာနေပြည်သူ့စစ်များ အခွန်ကောက်ခံမှုကြောင့် ရွာသားများအခက်တွေ့

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းကျက်အုပ်စုတွင် ဒေသတွင်းအုပ်ချုပ်ရေးမှူးအဆင့်ရှိ ဒေသဌာနေပြည်သူ့စစ်က ကျေးလက်အုပ်စု သားများအပေါ် အခွန်ကောက်ခံမှုကြောင့် ရွာသားများအခက်တွေ့နေကြောင်းသိရသည်။ မတ်လ ၁၃ ရက်က ဒီဇယ်အရောင်းခွန် ဟုဆိုကာ ကောက်ခံခဲ့သည်ဟု ရွာသားများကပြောသည်။ “မတ်လ ၁၃ ရက်နေ့က ပြည်သူ့စစ်ရဲ့ ဒေသတွင်း အုပ်ချုပ်ရေးမှူးအဆင့်ရှိသူ စိုင်းထွန်း က မိုင်းကျက် အုပ်စုမှာရှိတဲ့...

ဘီလူးချောင်း မိုးဗြဲရေကာတာအနီးကျေးလက် ရ အုပ်စု ယနေ့တိုင်လျှပ်စစ်မီးမရသေး

သျှမ်းပြည်နယ် ၊ တောင်ပိုင်း တောင်ကြီးခရိုင် ၊ ညောင်ရွှေမြို့နယ်၏တောင် ဘက် ၊ အင်းလေးကန်၏ အနောက်ဖက်ခြမ်းတွင်တည်ရှိသော လုံကန်ကျေး ရွာအပါအဝင် စံကားဒေသ (၇) အုပ်စုသည် လျှပ်စစ်မီးရရှိရေးနှင့် လမ်းပန်း ဆက်သွယ်ရေးအတွက် ခေတ်အဆက်ဆက် အစိုးရထံတောင်းဆိုလာသော် လည်း ယနေ့ထက် ထိမအောင်မြင်နိုင်သေးကြောင်း သိရသည်...

RCSS/SSA နှင့်ပတ်သက်သည့် ဟိုပုံးဒေသခံ ၈ ဦး ထောင်ဒဏ် ၁ နှစ်မှ ၁၀ နှစ်အထိချမှတ်ခံရ

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည်တပ်မတော် RCSS/SSA အား ထောက်ပံ့ဆက်သွယ်မှုဖြင့်ဖမ်းဆီးခံရသည့်ရွာသားများအား ဟိုပုံးမြို့နယ်တရားရုံးက ထောင်ဒဏ် ၁ နှစ်မှ ၁၀ နှစ် ထိ ချမှတ်လိုက်သည်။ ဖေဖော်ဝါရီ ၂၆ ရက်နေ့က  တရားခံ ၈ ဦးကို သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် တရားရုံးက အမှ​ုပေါင်းများစွာ...

ကွန်ဟိန်း မြို့နယ် တောင်သူလယ်သမားအဖွဲ့ ဖွဲ့စည်း

တောင်သူလယ်သမားများ အခွင့်အရေးအတွက်ရည်ရွယ်ကာ ကွန်ဟိန်းမြို့နယ်တောင်သူလယ်သမားအဖွဲ့ ဖွဲ့စည်းခဲ့ကြောင်းသိရသည်။ ဖေဖော်ဝါရီလ ၁၇ နှင့် ၁၈ ရက်နေ့က သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့ရှိ မိုင်းပန်ခန်းမတွင် တောင်သူလယ်သမားအခွင့် အရေးဆိုင်ရာတွေ့ဆုံဆွေး နွေးပွဲကျင်းပခဲ့ပြီး တောင်သူ ရာကျော်ခန့်ပါ၀င်သည့် " ကွန်ဟိန်း မြို့နယ် တောင်သူလယ်သမားအဖွဲ့ " ဖွဲ့စည်းနိုင်ခဲ့ ပါသည်။ ဒေသခံတောင်သူများနှင့် သက်ဆိုင်ရာဒေသတွင်း...

မြေဧက တိုးပေးမည်ဟုဆိုကာ မြေစာရင်းဝန်ထမ်းမှ ပုံစံ ၁၀၅ သိမ်းယူ၊ အိမ်ပိုင်ရှင်အမှုရှုံး၍ နေအိမ်ဖယ်ရှားခံရ

ညောင်ရွှေမြို့နယ်မြေစာရင်းဦးစီးဌာနမှတရားဝင်ထုတ်ပေးထားသောမြေစာရင်းပုံစံ (၁၀၅) အားအကြောင်းပြချက်မရှိ ပြန်လည်သိမ်းဆည်းလိုက်ခြင်း ကြောင့်အမှုရှံုးကာ ဒေသခံတဦး နေအိမ်ဖယ်ရှားဖျက်ဆီးခံရကြောင်းစုံစမ်းသိရှိရသည်။ ညောင်ရွှေမြို့နယ် ရွာသစ်ရွာ၊ ရွာသာကျေးရွာအုပ် ကွင်းအမှတ် (၁၉) ဦးပိုင်အမှတ်(၂၀၁) စုရှိ လယ် မြေဧက (၄.၂၉) ဧရိယာတွင် နေထိုင်သည့် ဒေါ်လှရင် မိသားစုသည် ၁၉၈၅ ခုနှစ်မှစ၍ မြေစာရင်းဦးစီးဌာနသို့ သီးနှံ...

၈ လကျော်ကြာအဖမ်းခံထားရသည့် ဟိုပုံးဒေသခံများအမှု အပြီးသတ်ချမှတ်တော့မည်

၂၀၁၇ ခုနှစ် ဂျုလိုင်လ လယ်ပိုင်းက အစိုးရတပ်မတော်မှ ဖမ်းဆီးထိန်းသိမ်းထားသည့် ဟိုပုံးမြို့နယ်အတွင်းက ကျေးလက်ရွာသား ၈ ဦးအား တရားရုံးတော်မှာ တပ်မတော်ဘက်မှ အမှု ၁၂ မှု ဖြင့် အမှုဖွင့် တရားစွဲဆိုထားသည်မှာ ပြီးဆုံးခါနီးပြီဖြစ်ကြောင်းသိရသည်။ အဆိုပါ တရားခံ ၈ ဦးကို လာမည့် ဖေဖော်ဝါရီ...

မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်၍ စစ်တမ်းကောက်

သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ်သတင်းသမားများ၏ စိုးရိမ်ပူပန်မှုများ၊ လက်ရှိ စိန်ခေါ်မှုများ နှင့် ပြုပြင်ပြောင်းလဲလိုမှုများကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းအဖွဲ့ မြန်မာ Free Expression Myanmar က တောင်ကြီးမြို့ ရှိ နယ်ခံသတင်းသမားများနှင့် တွေ့ဆုံ၍ စစ်တမ်းကောက် ယူမှုများ ပြုလုပ်ခဲ့ပါသည် ။ " ဒီက ဂျာနယ်လစ် သတင်းသမားတွေရဲ့ ဒီမီဒီယာလွတ်လပ်ခွင့်...

လူခွန်ဟုဆိုကာ ဌာနေပြည်သူ့စစ်တပ်ဖွဲ့မှ လားရှိုး- ကျေးလက်လူထုထံပိုက်ဆံကောက်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းကျက်အုပ်စုတွင် ဌာနေပြည်သူ့စစ်အဖွဲ့က အုပ်စုသား များထံ လူခွန်ဟုဆိုကာ ကျပ်ငွေသိန်း ၅၀ ပေးဆောင်ရန် ဆင့်ဆိုသည်ဟုသိရသည်။ လားရှိုးမြို့အရှေ့ဘက် မိုင် ၅၀ ကျော်အကွာ မိုင်းကျက်အုပ်စု ၁၃ ရွာအား မန်ပန်ဌာနေပြည်သူ့စစ်၏ ဒေသတွင်းအုပ်ချုပ်ရေးမှူးအဆင့်ရှိသူက မိုင်းကျက်ဒေသခံလူထုထံမှ အခွန်ငွေများ ဆင့်ဆိုကာ တပို့တွဲလဆန်း ၇...

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ပတ်သက်ဆက်နွယ်မှုဖြင့် ရ လ ကျော်ဖမ်းခံထားရသည့် ဟိုပုံးကျေးလက်ရွာသား ၉ ဦး အမှု ၁၃ မှု ရင်ဆိုင်နေရ

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ပတ်သက် ဆက်နွယ်သူများဟုစွပ်စွဲခံရကာ အဖမ်းခံရသည့် ရွာသား ၉ ဦးအား တပ်မတော်မှ အမှု ပေါင်း (၁၃) မှုဖြင့် တရားစွဲဆိုထားရသည်ဟု အမှုလိုက်ပေးနေသော တရားလွှတ်တော်ရှေ့နေ စဝ်မြဝတီက ပြောသည် ။ " ဥပဒေနဲ့အညီဆောင်ရွက်ရင်တော့လွတ်နိုင်တာပေါ့...

Latest news