မြေဧက တိုးပေးမည်ဟုဆိုကာ မြေစာရင်းဝန်ထမ်းမှ ပုံစံ ၁၀၅ သိမ်းယူ၊ အိမ်ပိုင်ရှင်အမှုရှုံး၍ နေအိမ်ဖယ်ရှားခံရ

ညောင်ရွှေမြို့နယ်မြေစာရင်းဦးစီးဌာနမှတရားဝင်ထုတ်ပေးထားသောမြေစာရင်းပုံစံ (၁၀၅) အားအကြောင်းပြချက်မရှိ ပြန်လည်သိမ်းဆည်းလိုက်ခြင်း ကြောင့်အမှုရှံုးကာ ဒေသခံတဦး နေအိမ်ဖယ်ရှားဖျက်ဆီးခံရကြောင်းစုံစမ်းသိရှိရသည်။

ညောင်ရွှေမြို့နယ် ရွာသစ်ရွာ၊ ရွာသာကျေးရွာအုပ် ကွင်းအမှတ် (၁၉) ဦးပိုင်အမှတ်(၂၀၁) စုရှိ လယ် မြေဧက (၄.၂၉) ဧရိယာတွင် နေထိုင်သည့် ဒေါ်လှရင် မိသားစုသည် ၁၉၈၅ ခုနှစ်မှစ၍ မြေစာရင်းဦးစီးဌာနသို့ သီးနှံ မြေခွန် ပုံစံ(၈) ကိုနှစ်စဉ်ကျသင့်ငွေများဆောင်ခဲ့သော်လည်း ၂၀၁၁ ခုနှစ်က ညောင်ရွှေမြို့ နယ်မြေစာရင်းဦးစီးဌာနမှ တရားဝင်ထုတ် ပေးခဲ့သော မြေပုံစံ (၁၀၅) ကို ညောင်ရွှေမြို့နယ်မြေစာရင်းဦးစီးဌာန မြေစာရင်းဝန်ထမ်းက သိမ်းယူသွားခဲ့ခြင်းဖြစ်ကြောင်း ၄င်းမြေတွင်နှစ်ပေါင်း ၅၀ ကျော်နေလာသူ ပိုင်ရှင်ဒေါ်လှရင်က ပြောသည်။

” ကျမအသက် ၈ နှစ်ကတည်းက ဒီမြေပေါ်မှာလယ်ကောက်စိုက်ပြီး နေလာ တာအခု အသက် ၆၀ ရောက်မှအမှုဖြစ်တယ်။ အခုဒီအမှုရင်ဆိုင်လာတာ ၅ နှစ်ရှိပြီ ၊ ညောင်ရွှေမြို့မြေစာရင်းက နေမျိုးသူ ဆိုတဲ့တစ်ယောက်က မြေဧက တိုးပေးမယ်ဆိုပြီးမူရင်းပုံစံ(၁၀၅) မူရင်းကို လာယူသွားတာ ကျမတို့ပြန် တောင်းတာခုထိပြန်မရဘူး မိတ္တူပဲရှိတယ် ၊ အမှုဖြစ်တော့ ကျမတစ်ခါမှ မမြင်ဖူးတဲ့လူဆီမှာ အဲ့ဒီပုံစံ(၁၀၅)ရောက်နေတယ် ” ဟု ဒေါ်လှရင် ကပြောသည် ။

ပုံစံ ၁၀၅ လိမ်လည်ယူသွားခံရသဖြင့် အိမ်ရှင်အမှုရှုံးပြီး အဖျက်ခံရတော့မည့် ဒေါ်လှရင်၏နေအိမ်

အဆိုပါမြေယာအငြင်းပွားမှုကြောင့် (၅) နှစ်တာနီးပါးခန့်တရားရုံးတွင် တရားရင်ဆိုင်ရာကာ အမှုှရှံုး ၍ ဖေဖော်ဝါရီ (၁၉) ရက်နေ့ တွင် ညောင်ရွှေ တရားရုံးအမိန့်စာဖြင့် သက်ဆိုင်ရာရဲဌာနနှင့် တရားရုံးမှ တာဝန်ရှိသူများက ဒေါ်လှရင် ၏နေအိမ်အား ဖျက်သိမ်းခဲ့ကြောင်းသိရသည် ။

” မြေစာရင်းက (၁၀၅) ကို မလိမ့်တစ်ပါတ်နဲ့လာပြီးတော့ ပြန်သိမ်းသွားတယ်။ ဒီအချက်မှာမသင်္ကာစရာတွေပဲ ။ ဘာကြောင့်အကြောင်းပြချက် ဘာမှမရှိပဲ ဘာဖြစ်လို့ လာသိမ်းသွား တာလဲ ၊ မြေယာမူလမှုခင်းရှိနေတဲ့နေရာတွေ မှာပဲ တစ်ဖက်မှာ လယ်ယာ မြေလုပ်ပိုင်ခွင့် ပုံစံ(၇) ဘာကြောင့်ထုတ်ပေး ရတာလဲ။ ဥပဒေမှာဆို ဒီလိုအ ငြင်းပွားမယ်ဆိုရင် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) ထုတ်ပေးစရာ အကြောင်းမရှိဘူး၊ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) ထုတ်ပေးတဲ့အခါမှာလဲ ပုံစံ(၂) နဲ့ ကန့်ကွက်လူကကန့်ကွက်နိုင်ရန်ဆိုပြီး ကန့်ကွက်စာထုတ်ရမယ် ဒါဟာ ၂၀၁၂ လယ်ယာမြေဥပဒေမှာပါပြီးသား ဒါပေမဲ့ ဒီကိစ္စဟာ လုပ်ထုံးလုပ်နည်းတွေ ၊ တာဝန်ယူမှုတာ ၀န်ခံမှုတွေပျက် ကွက်ခဲ့တယ် ” ဟု တောင်ကြီး၊ တရားဥပဒေစိုးမိုးရေးကွန်ရက် ဥက္ကဌ ဦးဝင်းနိုင်စိုးကပြောသည် ။

တောင် ကြီး တရားဥပဒေစိုးမိုးရေး ကွန်ရက်မှ နစ်နာသူဖက်နေပြီး စုံစမ်းဖော်ထုတ်ပေးသွားမည် ဟု သိရသည် ။

ညောင်ရွှေမြို့နယ်မြေစာရင်းဦးစီးဌာသို့ ဒေါ်လှရင်ကိုင်ဆောင်ထားသည့် မြေစာရင်းပုံစံ (၁၀၅) နှင့်ပတ်သက်၍ သွားရောက်မေးမြန်းခဲ့ရာ ယင်းပုံစံ (၁၀၅) သည် ၄င်းဌာန၏အထောက်ထားဖြစ်ကြောင်း ၉၀%သေ ချာသော်လည်းပြန်လည်စီစစ်ပေးမည် ဟု ညောင်ရွှေမြို့နယ်လယ်ယာမြေစီမံ ခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဟန်ဝင်းအောင်ကပြောသည်။

” မိတ္တူဖြစ်နေတော့ မူရင်းလက်ခံရှိမရှိပြန်လည်စီစစ်ပေးမယ် လက်မှတ် ထိုးထားတဲ့ ရုံးစာရေးကလည်း အလုပ်ထွက်သွားပြီ။ ကျနော်ပြောင်း လာတာ (၃) လပဲရှိသေးလို့ ပြန်စစ်ပေးပြီးအကြောင်းပြန်ပေးပါမယ်” ဟု ဦးဟန်ဝင်း အောင်က ဖြေကြားခဲ့သည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...

ချင်းမိုင်တွင် တရားမဝင် ဧည့်လမ်းညွှန်လုပ်နေသည့် မြန်မာအမျိုးသမီးတစ်ဦးဖမ်းခံရ

0
ထိုင်းနိုင်ငံသားများအတွက်သာ ဥပဒေအရ သီးသန့်ကန့်သတ်ထားသော ဧည့်လမ်းညွှန် (Guide) အလုပ်ကို လုပ်ပိုင်ခွင့်ကျော်လွန်ပြီး မြန်မာခရီးသွားများအား လိုက်လံပို့ဆောင်ကာ ဧည့်လမ်းညွှန်လုပ်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ရဲတပ်ဖွဲ့သည် တိုင်ကြားချက်များရရှိပြီးနောက် သံသယရှိသူများနောက်သို့ ၂ ရက်ခန့် အနီးကပ်နောက်ယောင်ခံကာ သက်သေများကို စုဆောင်းခဲ့သည်။ ထို့နောက် ဒွိုင်ဆူတေ့ပ် ဘုရားပေါ်၌ မြန်မာခရီးသွားအဖွဲ့တစ်စုကို...

တော်လှန်ရေးတပ်ဖွဲ့ အမည်ကို အလွှဲသုံးစားလုပ်ပြီး ဓားပြတိုက်သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း ၊ ရွာငံမြို့နယ်တွင် ဓနုဒေသအခြေစိုက် (၁၀၀၃) တပ်ရင်း အမည်ကို အလွှဲသုံးစားလုပ်၍ ဓားပြတိုက်သူ အမျိုးသားတစ်ဦးကို ဖမ်းဆီးထားကြောင်း (၁၀၀၃) တပ်ရင်းမှ ပြီးခဲ့သည့် ဇွန်လ (၂၂)ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် (၂၀၂၅) ခုနှစ်မှ စ၍ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်ဘက်တွင် ဓားပြတိုက်ခံရမှုများ ဖြစ်ပွားခဲ့ပြီး...

မူဆယ်မြို့ ကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသား အပါအဝင် (၅၉) ဦး ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား အပါအဝင် (၅၉) ဦး ဖမ်းဆီးရခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၂ရက်) ညနေ ၃ နာရီခွဲ မူဆယ်မြို့ တော်ရွက်ရပ်ကွက်ရှိ အဆောက်အဦးတစ်လုံးကို စစ်ကော်မရှင်နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များ ဝင်ရောက် စစ်ဆေးရာ...

ပြည်ထောင်စု ဖွဲ့စည်းပုံ ရေဆွဲရေးအဆိုပြုချက်

0
နိုင်ငံတော်ကို အမျိုးသားပြည်ထောင် (၉) ပြည်ထောင်နှင့် အမျိုးသားများ ပြည်ထောင် (၃) ပြည်ထောင်ဖြင့် စတင်စုစည်းရန်။ အမျိုးသားပြည်ထောင် အင်္ဂါရပ် လက္ခဏာမရှိသေးသော နယ်မြေများကို ကိုယ်ပိုင်အုပ်ချုပ်နယ်မြေ။ ဥပမာ (ပအိုဝ်း၊ ပလောင်၊ နာဂ၊ဓနု လူမျိုးနယ်မြေများဖြစ်သည်။) ကိုယ်ပိုင်အုပ်ချုပ်ရေး မရှိသေးသော နယ်မြေများကို ဥပမာ- ( ကယန်းလူမျိုး၊ ဆလုံလူမျိုး...