သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ပတ်သက်ဆက်နွယ်မှုဖြင့် ရ လ ကျော်ဖမ်းခံထားရသည့် ဟိုပုံးကျေးလက်ရွာသား ၉ ဦး အမှု ၁၃ မှု ရင်ဆိုင်နေရ

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ပတ်သက် ဆက်နွယ်သူများဟုစွပ်စွဲခံရကာ အဖမ်းခံရသည့် ရွာသား ၉ ဦးအား တပ်မတော်မှ အမှု ပေါင်း (၁၃) မှုဖြင့် တရားစွဲဆိုထားရသည်ဟု အမှုလိုက်ပေးနေသော တရားလွှတ်တော်ရှေ့နေ စဝ်မြဝတီက ပြောသည် ။

” ဥပဒေနဲ့အညီဆောင်ရွက်ရင်တော့လွတ်နိုင်တာပေါ့ ၊ ဒါပေမဲ့ တရားသူကြီးအပိုင်းကပြတ်ပြတ်သားသား မဆုံးဖြတ်ရဲ သေးတဲ့ အပိုင်းတွေတော့ရှိတာပေါ့ ၊ ဖြစ်စေချင်တာကတော့ NCA ကိစ္စတွေ ၊ ငြိမ်းချမ်းရေးကိစ္စတွေ လုပ်နေချိန်မှာ တရားလိုဖြစ်တဲ့ စစ်တပ်ဖက်ကနေ ကျေအေးတယ် ၊ ရုပ်သိမ်းတယ်ဆိုရင် အားလုံးအတွက်သိပ်ကောင်းသွားမှာပေါ့ ” ဟု ၄င်းကပြောသည် ။

သျှမ်းပြည်တောင်ပိုင်း ၊ ဟိုပုံးမြို့နယ် ၊ နမ့်ခုတ်ကျေးရွာအုပ်စု မှ ဒေသခံတောင်သူ ၉ ဦးအား သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့်ပက်သက်၍ ဟိုပုံးမြို့နယ်မြောက်ဘက် တွင် လှုပ်ရှားသည့် ခမရ ၄၂၄ ၊ ခလရ ၂၂၅ ၊ ခလရ ၂၄၉ တို့မှ လက်နက်မှု ၊ပို့ကုန်သွင်းကုန်ဥပဒေ ၊ ဆက်သွယ်ရေးဥပဒေနှင့် စစ်ဆင်ရေးနယ်မြေအတွင်း ၀င်ရောက်မှု ၊ ကာကွယ်ရေးဥပဒေ စသည်တို့ဖြင့် အရေးယူထားလျှက်ရှိသည် ။

အဆိုပါဖမ်းဆီးခံထားရသူ (၉) ဦးအနက် အသက် (၁၂) အရွယ်ကျောင်းသားငယ် တစ်ဦးပါရှိပြီး ယင်းကျောင်းသားအား ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်ဟု သိရသည် ။

“၁၂ နှစ်ဘဲ ရှိသေးတယ်။ ကလေးက။ ဘာမှ သိတာမဟုတ်ဘူး။ တရားရုံးကို သွားသွားနေရတော့ ကျောင်းတက်ပျက်ကွက်တယ်။ အမှန် တော့ ကလေးဆိုတာ အနာဂါတ်တိုင်းပြည်အတွက် လူကြီးဘဲ။ မဟုတ်တာ လုပ်မိတယ်လို့ အကျင့်စာရိတ္တ ပိုမိုကောင်းမွန်လာ အောင် လျှောက်နေတဲ့ လမ်းဖြောင့်မတ်မှန်ကန်အောင် အဘက်ဘက်က ၀ိုင်းဝန်းပြုပြင်ပေးရမယ်လေ” – ဟု အမျိုးတော်စပ်သူ တဦးကပြောသည်။

လက်ရှိတွင် တရားခံဘက်မှစစ်ချက်တစ်ဝက်နီးပါးပြီးမြောက်ထားပြီး ရုံးချိန်းပေါင်း (၁၅) ကြိမ် ၀န်းကျင်ရှိပြီဖြစ်ကာ အချိန်အားဖြင့် ခြောက်လနီးပါးကြာမြင့် ပြီးဖြစ်သည်ဟု စဝ်မြဝတီကပြောသည် ။

“ငြိမ်းချမ်းရေး ဒီဆောက်နေတဲ့အချိန်မှာ ရွာသားတွေကို နိုင်ငံရေးဓါးစာခံအဖြစ် မလုပ်သင့်ဘူး။ RCSS ဆိုတာ ကလဲ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲ ရေးစာချုပ်လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေဆိုတော့ ငြိမ်းချမ်းရေးဖြစ်စဉ် နဲ့ မကိုက်ညီဘူး။ နိုင်ငံတော် အစိုးရမှာ လဲ တာဝန်ရှိတယ်။ အဖမ်းခံထားရတဲ့ ရွာသားတွေ ချွန်းချက်မရှိ အမြန်လွတ်ပေးသင့်တယ် – ဟု သျှမ်းလူ့အခွင့်အရေးမဏ္ဌိုင်က စိုင်းဟော်ဆိုင်ကပြောသည်။

၂၀၁၇ ဂျူလိုင်လတုန်း က ဖမ််းဆီးခံထားရသည့် ဟိုပုံးကျေးလက်ဒေသခံ ၉ ဦးမှာ နားပုံကျေးရွာအုပ်စု နမ့်ခုတ်ရွာသား ၃ ဦး၊ နမ့်ပါခီးကျေးရွာအုပ်စု ၀မ့်ခုတ်လောင်းရွာသား ၂ ဦး နှင့် ၀မ့်ခိုတောင်းရွာသား ၂ ဦး ၊ လိုင်ဆတ်ကျေးရွာအုပ်စု ၀မ့်မတ်လန်း ရွာသား ၁ ဦး၊ မိုင်းပြင်းကျေးရွာအုပ်စု ၀မ့်ကွန်ကွန်း ရွာသး ၁ ဦး တို့ဖြစ်ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဒီဂျစ်တယ်ထောင်ချောက်နှင့် နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်းများ

0
မိမိ၏ ဘဏ်အကောင့်ထဲသို့ အမည်မသိဘဲ ဝင်လာသည့် ငွေလွဲတခုသည် ဘဝတစ်သက်တာ စုဆောင်းငွေများကို မိနစ်ပိုင်းအတွင်း ပျောက်ကွယ်သွားစေနိုင်ရုံသာမက အပြစ်မဲ့ပြည်သူတဉီးဘဝကနေ တရားခံတဉီးအဖြစ်သို့ ဥပဒေကြောင်းအရ အရေးယူခံရစေနိုင်သည့် ဒီဂျစ်တယ်ထောက်ချောက်တခု ဖြစ်လာနေသည်။ လက်ရှိတွင် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများနှင့် သျှမ်းပြည်တွင်းရှိ အသေးစားစီးပွားရေး လုပ်ငန်းရှင်များသည် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များ၏ နည်းပညာသုံး...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

ထိုင်းတွင် တားမြစ်အလုပ် လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားများကို ပြည်နှင်ဒဏ်အထိ တင်းကြပ်စွာ အရေးယူမည်

0
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိဘဲ ရွှေ့ပြောင်းလုပ်သားများကို ငှားရမ်းခြင်း သို့မဟုတ် ဥပဒေအရ ခွင့်ပြုထားသည့် အလုပ်အကိုင်နယ်ပယ် ပြင်ပတွင် ခိုင်းစေခြင်းများ မပြုလုပ်ကြရန် ထိုင်းအစိုးရက အလုပ်ရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူသို့ သတိပေးကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြသည်။ အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ မနက်ဒါရက်စ် (Patdarasm Thongsaluaykorn)...

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

ဖယ်ခုံမြို့နယ်အတွင်းရှိ နေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့

0
သျှမ်း-ကရင်နီ(ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က ကျန်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် “၁၁၁၁”စစ်ဆင်ရေးတွင် စစ်တပ်က မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် ကျေးရွာအများစုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်...