မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်၍ စစ်တမ်းကောက်

သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ်သတင်းသမားများ၏ စိုးရိမ်ပူပန်မှုများ၊ လက်ရှိ စိန်ခေါ်မှုများ နှင့် ပြုပြင်ပြောင်းလဲလိုမှုများကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းအဖွဲ့ မြန်မာ Free Expression Myanmar က တောင်ကြီးမြို့ ရှိ နယ်ခံသတင်းသမားများနှင့် တွေ့ဆုံ၍ စစ်တမ်းကောက် ယူမှုများ ပြုလုပ်ခဲ့ပါသည် ။

” ဒီက ဂျာနယ်လစ် သတင်းသမားတွေရဲ့ ဒီမီဒီယာလွတ်လပ်ခွင့် အပေါ်မှာ ဘာတွေစိုးရိမ် သောက တွေရှိနေလဲ၊ သူတို့ဘာတွေပြုပြင် ပြောင်းလဲ ချင်သ လဲ ဆိုတာ ကို စစ် တမ်းလာကောက်ရ ခြင်းဖြစ် တယ် ။ ရည်ရွယ်ချက် ကတော့ စစ်တမ်းက ရလာတဲ့အချက်အလက်တွေကို အစိုးရတွေဆီပေးပို့မယ်။ ဒီဥပဒေ နဲ့ပေါ်လစီ တွေကို ပြုပြင်ပြောင်းလဲပေး နိုင်တဲ့အစိုးရထံကို ကျမတို့က ချိတ်ဆက် ပြီးတော့ ပြောဆိုတဲ့အခါမှာ ၊ Advocacy လုပ်တဲ့အခါ မှာ သက်သေတွေ ရဖို့အတွက်ပြုလုပ်ရခြင်းဖြစ် ပါတယ် ” ဟု စစ်တမ်းကောက် ရသည့် ရည်ရွယ်ချက်ကို Free Express Myanmar မှ Program Manager ဒေါ်ယဉ်ရတနာသိန်းက ရှင်းပြသည် ။

တောင်ကြီးမြို့ခံသတင်းသမားများအနေဖြင့်သတင်းလွတ်လပ်ခွင့်နှင့် လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မှုမှာ ပြည်နယ် အစိုးရ၏လုပ်ဆောင်များအား သတင်းရယူရာတွင် အခက်အခဲရှိနေပြီး သျှမ်းပြည်နယ်လွှတ်တော်အတွင်း မီဒီယာများခွဲခြား ဆက်ဆံခြင်းများရှိနေကြောင်း တောင်ကြီး သတင်းများကပြောသည် ။

” သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီးသတင်းသမားတွေအပေါ်ပုဒ်မ ၆၆(ဃ) နဲ့ အရေး ယူနေတာ တွေ အသရေဖျက်မှုလိုဟာမျိုးတွေ မတရားသင်း ဆက်သွယ်တဲ့ပုဒ်မ ၁၇(၁) လို မျိုးတွေ အင်္ဂလိပ် ခေတ်ကတည်း ကရေးဆွဲခဲ့တဲ့ လျှို့ဝှက်အက် ဥပဒေလို ဟာမျိုးတွေ အဓိက အားဖြင့် သတင်းသမား တွေကို ခြိမ်းခြောက် နှိပ်ကွပ်နေတဲ့ ရာဇသတ်ကြီး ပုဒ်မ တွေ။ အင်္ဂလိပ်ခေတ်က ရေးခဲ့တဲ့ အက်ဥပဒေ တွေတချို့ ပယ်ဖျက်သင့်သလို တချို့ ပြင်ဆင် ရေးဆွဲသင့်ပါတယ် ။ တကယ်တမ်း ဖြစ်လာတော့ ဘယ်သူမှ မကယ်နိုင်ဘူး။ သတင်းသမားတွေ အတွက် အာမခံချက် နည်းနေတယ် ။ ” ဟု တောင်ကြီးသတင်းထာက်များအသင်း TJA မှ ကိုစည်သာဟိန်းကပြောသည် ။

အဆိုပါ တွေ့ဆုံပွဲကို ဖော်ဖော်ဝါရီ ၁၃ နေ့က Heart Beat Restaurant တွင် ကျင်းပခဲ့ပါသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံက သက်ငယ်မုဒိန်းကျူးလွန်သည့် အမျိုးသား နှစ်လကျော်ကြာသည်အထိ မဖမ်းမိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တပင်ပျော်ကျေးရွာမှ သက်ငယ်မုဒိမ်းကျူးလွန်သည့် အမျိုးသား နှစ်လကျော် ကြာသည်အထိ မဖမ်းမိသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ဒုတိယပတ်တွင် ရွာငံမြို့နယ် တပင်ပျော်ကျေးရွာ၌ အသက်(၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦးကို တစ်ရွာတည်းနေ အသက်(၄၀)ကျော်အရွယ် မောင်တူးဆိုသူက အဓမ္မပြုကျင့်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်အပြီး တရားခံဖြစ်သူကို ဖမ်းဆီးစစ်ဆေးနေစဉ် မောင်တူးသည် ရွာငံဆေးရုံမှ...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

တောင်ကြီးတွင် အချင်းချင်း စကားများရန် ဖြစ်ရာမှ ဓားဖြင့် ထိုးသတ် အမျိုးသားတစ်ဦး သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၉)ရက်နေ့တွင် စိန်ပန်းရပ်ကွက် နှင်းဆီလမ်းထိပ် အရက်ဆိုင်တွင် သက်လတ်ပိုင်းအရွယ် ကိုထွန်းထွန်းနိုင်နှင့် ကိုထက်ပိုင်မှူး တို့ စကားများရန်ဖြစ်ကြပြီး ဓားဖြင့်ထိုးမှုကြောင့် ကိုထက်ပိုင်မှူး...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

စရိတ်ကြီးမားမှုကြောင့် G-Z များ အိမ်မွေးတိရိစ္ဆာန်များ မွေးရန် ပိုရွေးချယ်လာ

0
ထိုင်းနိုင်ငံတွင် ကလေးမွေးဖွားမှုနှုန်း အလျင်အမြန်ကျဆင်းလာနေပြီး နေထိုင်စရိတ်ကြီးမြင့်လာမှုများကြောင့် မိသားစုဘဝထူထောင်ခြင်းအပါအဝင် ဘဝ၏အရေးကြီးသော ဆုံးဖြတ်ချက်များကိုပါ ရပ်ဆိုင်းလာနေကြကြောင်း ဘန်ကောက်ပို့စ်သတင်းတွင်ဖော်ပြသည်။ ယမန်နှစ်က မွေးဖွားသူဦးရေ ခန့်မှန်းခြေ ၄၁၆,၅၀၀ ဦးသာ ရှိခဲ့သော်လည်း သေဆုံးသူဦးရေမှာ ၅၅၉,၀၀၀ ကျော်အထိ မြင့်တက်လာခဲ့ရာ ထိုင်းနိုင်ငံ၏ စုစုပေါင်းလူဦးရေသည် သိသာစွာ နည်းလာစေပြီး လူဦးရေဆိုင်ရာအကျပ်အတည်းများဖြစ်ပေါ်လာနေလျက်ရှိသည်။ Deloitte ၏...