Tuesday, January 27, 2026

ဘီလူးချောင်း မိုးဗြဲရေကာတာအနီးကျေးလက် ရ အုပ်စု ယနေ့တိုင်လျှပ်စစ်မီးမရသေး

သျှမ်းပြည်နယ် ၊ တောင်ပိုင်း တောင်ကြီးခရိုင် ၊ ညောင်ရွှေမြို့နယ်၏တောင် ဘက် ၊ အင်းလေးကန်၏ အနောက်ဖက်ခြမ်းတွင်တည်ရှိသော လုံကန်ကျေး ရွာအပါအဝင် စံကားဒေသ (၇) အုပ်စုသည် လျှပ်စစ်မီးရရှိရေးနှင့် လမ်းပန်း ဆက်သွယ်ရေးအတွက် ခေတ်အဆက်ဆက် အစိုးရထံတောင်းဆိုလာသော် လည်း ယနေ့ထက် ထိမအောင်မြင်နိုင်သေးကြောင်း သိရသည် ။

မိုးဗြဲရေကာတာအနီး စံကားဒေသ သဘာဝ

” အဲ့ဒီဒေသကြီးကလေ အစိုးရအဆက်ဆက်က မေ့လာကြတာ၊ ဟိုနေရာ လိုလို ဒီနေရာလိုလို နဲ့မေ့ နေကြ တော့ တကယ်တမ်း တစ်နိုင်ငံလုံးအတွက် လျှပ်စစ် မီးပေးဖို့အတွက် အဲ့ဒီဒေသကလူမှုဘဝတွေ ၊ သဘာဝ ပတ်ဝန်း ကျင်တွေ အကုန်လုံးပျက်စီး ဆုံးရှုံးခဲ့ရတာ အစိုးရအဆက်ဆက်က တာဝန်မ ကျေခဲ့ တာလေ ခုလူထုအစိုးရဆိုရင်တော့ ဒါကြီးကိုတာဝန် ကျေစေချင် တယ် ” ဟု Justice Drum အဖွဲ့မှ ဦးအောင်ဇေ ကပြောသည် ။

မိုးဗြဲရေကာတာအနီး စံကားဒေသ သဘာဝ

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်မီးရရှိရေးအတွက် လွန်ခဲ့သောနှစ် ပေါင်းလေးဆယ်ကျော် ၊ ၁၉၇၀ ခုနှစ်ကတည်းက ဘီလူးချောင်းအတွင်း မိုးဗြဲ ရေ ကာတာတည်ဆောက်ရာတွင် အဆိုပါ စံကားဒေသ (၇) အုပ်စုသည် လယ်ယာမြေ နှင့် အိုးအိမ်များဆုံးရှံုးခဲ့ရသော်လည်း အဆိုပါဒေသတွင် ယနေ့ထက်ထိ လျှပ်စစ်မီးမ ရ ရှိသေးကြောင်းသိရသည် ။

” လျှပ်စစ်မီးသာရမယ်ဆိုရင် သစ်တောတွေမဖြုန်းတီးတော့ဘူးပေါ့ ၊ ထင်း ခုတ်တာတွေလျော့နည်းလာမယ် ၊ နေ့စဉ်စားဝတ်နေရေးအတွက်ဒီ ထင်း တွေနဲ့ပဲအသုံးပြုနေရတော့ သစ်ပင်တွေခုတ်ရတာများတယ် သစ်တော ဖြုန်းတီးမှုတွေဖြစ်ပြီး မိုးတွေလဲ နည်းလာတယ် ရေခမ်းခြောက်မှု တွေဖြစ်လာ တယ် ၊ အဓိကတော့ ဒီလျှပ်စစ် မီးသာ ရမယ်ဆိုရင် အကုန်လုံးအဆင်ပြေ သွားလိမ့်မယ်” ဟုလုံကန် ဒေသခံ ဦးစိုးလယ်ကရှင်းပြသည် ။

မိုးဗြဲရေကာတာအနီး စံကားဒေသ သဘာဝ

လျှပ်စစ်မီးရရှိရေးအတွက် ခေတ်အဆက်ဆက်ကျေးရွာဥက္ကဌအဆင့် ဆင့်က တောင်းဆိုလာခဲ့သော်လည်း ယနေ့ထက်ထိ လျှပ်စစ်မီးမရရှိခြင်း ၊လမ်းပမ်း ဆက်သွယ်ရေးဆိုးရွားခြင်းကြောင့် ဒေသအတွင်း ပညာရေး ၊ ကျန်းမာရေး ဆိုင်ရာ အခွင့်အရေးများ အဘက်ဘက် ဆုံးရှံုးနစ်နာခဲ့ရကြောင်း လုံကန်ကျေးရွာအုပ်ချုပ် ရေးမှူး ဦးစိန်အောင် ကပြောသည် ။
” ပညာရေးလဲတအားနောက်ကျခဲ့တယ် ကိုယ်ထူကိုယ်ထ စနစ်နဲ့ပဲ ၊ မဲလာ ဆွယ်တုန်းကတော့ အဘက် ဘက်အဖွဲ့ဖွဲ့က ချက်ချင်းပဲမီး ရတော့မယ့် ပုံစံမျိုးနဲ့မဲလာဆွယ်ကြတယ် ။ ဒါပေမဲ့ ခုထိကွင်းဆင်းစစ် ဆေးတာမျိုး ၊ လာကြည့်တာ မျိုးလိုအပ်ချက်တွေ တောင်းဆိုထားတာတွေ ဘာတစ်ခုမှလာ မ လုပ်ပေးသေးဘူး ” ၄င်းကဆိုသည် ။

စံကားဒေသ (၇) အုပ်စုမီးလင်းရေးနှင့်ပတ်သက်၍ ညောင်ရွှေမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကို ဆက်သွယ်မေးမြန်းရာ – အဆိုပါဒေသမီးလင်းရေးနှင့် ပတ်သက်၍ ၂၀၁၆ ခုနှစ်က ပြည်ထောင်စု လွှတ်တော်တွင် တင်ပြဆွေးနွေးခဲ့ဖူးသော်လည်း ၂၀၁၈- ၁၉ ဘတ်ဂျက်ကာလတွင်မပါသေးကြောင်း သိရသည် ။

လမ်းပန်းဆက်သွယ်ရေးဆိုးရွားသောကြောင့် လူနာများအချိန်မှီ ဆေးရုံမ ရောက်နိုင်သဖြင့်လမ်းတွင် အသက်ဆုံးရှံုးခဲ့ရမှုများ မကြာခဏဖြစ်ပေါ်နေ တတ်ပြီး မိုးတွင်းရောက်လျှင်ကားများပင်မရောက် သွားနိုင်တော့ကြောင်း ဒေသခံများပြောဆိုချက်အရသိရသည် ။

” ဒီကဒေသခံတွေက ပြောင်းဖူးတွေစိုက်တယ် လမ်းသာပေါက်သွားရင် ၊ လမ်းကောင်းသွားရင် တောင်သူ တွေအတွက် ပိုပြီးစျေးကောင်းရနိုင်တယ် ၊ လမ်းကအဲ့ဒေသအတွက် တော်တော် အရေးကြီးတယ်” ဟု ဦးအောင်ဇေ ကပြောသည် ။
စံကားဒေသ လုံကန်ကျေးရွာအုပ်စုသည် ညောင်ရွှေမြို့နယ်တောင်ဖက်ခြမ်းရှိ မိုင်(၅၀) ကျော်အကွာတွင် တည်ရှိပြီး အိမ်ခြေပေါင်း (၆၀၈) ၊ အိမ်ထောင်စု(၆၃၃) စု၊ လူဦးရေပေါင်း ၃၀၅၄ ဦး ရှိပြီး လမ်းပမ်းဆက်သွယ် ရေးခက်ခဲသော ဒေသ တစ်ခုလည်းဖြစ်သည် ။

 

သျှမ်းပြည်နယ်သည် ပြည်ထောင်စုမြန်မာနိုင်ငံတဝှမ်းလုံးအနက် လျှပ်စစ်ဓါတ်အားအများဆုံး ထွက်ရှိသည့် ပြည်နယ် ဖြစ်သော်လည်း လက်ရှိအချိန်အထိ ကျေးရွာပေါင်းထောင်နှင့်ချီ လျှပ်စစ်မီးမရရှိသေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ ရေကာတာကို စစ်ကောင်စီမှ ထပ်မံဖွင့်ချ

0
သျှမ်းပြည် မိုးဗြဲမြို့နယ်တွင် စစ်ကောင်စီတပ်မှ ရေကာတာကို ထပ်မံဖွင့်ချမှုကြောင့် လယ်ဧက ရာနှင့်ချီ နစ်မြုပ်ပြီး ဒေသခံအချို့ ပြောင်းရွေ့နေရကြောင်း သိရသည်။ ယမန်နေ့ (သြဂုတ်လ ၂၈ ရက်) ည ၁၁ နာရီဝန်းကျင် မိုးဗြဲမြို့တွင် အခြေစိုက်နေသည့် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ခမရ-(၄၂၂) သည် မိုးဗြဲ...

ဆက်ကြေးမဆောင်သည့် ယာဉ်များကို PNOမှ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် စံကားဒေသအတွင်းရှိ အခွန်(ဆက်ကြေး) မဆောင်သည့် ယာဉ်များကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ သိမ်းဆည်းသွားမည်ဟု ခြိမ်းခြောက်နေကြောင်း စုံစမ်းသိရသည်။ ညောင်ရွှေမြို့နယ် စံကားဒသေ၏ အနောက်ဘက်တပ်စခန်းတွင် PNO မှ ဗိုလ်ယက္ခ ဦးဆောင်ကာ ထောက်ခံစာစာရွက်ဖြင့် (ဩဂုတ်လ ၁၈ ရက်)နေ့ ဆက်ကြေး လိုက်ခံကောက်ပြီး...

မိုးဗြဲရေကာတာကို စစ်ကောင်စီ ရေဖွင့်ချလို့ ကျေးရွာ ၃ ရွာထက်မနည်း ရေနစ်မြှုပ်

0
သျှမ်းပြည် မိုးဗြဲမြို့နယ်ရှိ မိုးဗြဲရေကာတာကို စစ်ကောင်စီတပ်မှ ဖွင့်ချလိုက်ခြင်းကြောင့် ကျေးရွာ ၃ ရွာထက်မနည်း ရေနစ်မြှုပ်ပြီး ဒေသခံတစ်‌ထောင်ကျော် ရေဘေးသင့် ထွက်ပြေးတိမ်းရှောင် နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်မှ စတင်၍ မိုးဗြဲမြို့တွင် အခြေစိုက်သည့် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ခမရ -...

စံကားဒေသရှိ PNOဂိတ် တိုက်ခိုက်ခံရ၊ PNOတပ်သားသုံးဦးသေ

0
ညောင်ရွှေမြို့နယ် စံကားဒေသ လုံကန်ရွာ အနီးရှိ နမ်းဟူးရွာလမ်ဆုံတွင်ရှိသောလမ်းဆုံတွင်ရှိသော ဦးခွန်ဇော့ ဦးဆောင်သည့် ပအိုဝ်းပြည်သူ့စစ်ဂိတ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ဇွန် ၁၅ရက် နံနက် ၈နဦရီတွင် သွားရောက်တိုက်ခိုက်ခဲ့ပြီး PNOပြည်သူ့စစ် စစ်သားသုံးဦးသေဆုံးခဲ့ကြောင်း တိုက်ပွဲတွင်ပါဝင်ခဲ့သည့် ရဲဘော်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထိုတိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သားသုံးဦးထံမှ သေနတ်အရှည်သုံးလက်၊သေနတ်တိုတစ်လက်နှင့် တစ်ခြားဆက်စပ်ပစ္စည်း များလည်း...

ဆီဆိုင် – စံကားကြားရှိ တံတားကို စစ်ကောင်စီ ဖျက်ဆီး

0
သျှမ်းပြည် ဆီဆိုင်မြို့နယ် ဆီဆိုင် - စံကား ကြားရှိ တံတားတစ်စင်း ကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။ သျှမ်းပြည် ဆီဆိုင်မြို့နယ် ဆီဆိုင် - စံကား ကြားရှိ ဝိန်းကောင် ကျေးရွာအနီး သဘက်ချောင်းတံတားကို ဧပြီလ ၂၇ ရက် ညနေပိုင်းတွင် စစ်ကောင်စီက...