လူခွန်ဟုဆိုကာ ဌာနေပြည်သူ့စစ်တပ်ဖွဲ့မှ လားရှိုး- ကျေးလက်လူထုထံပိုက်ဆံကောက်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းကျက်အုပ်စုတွင် ဌာနေပြည်သူ့စစ်အဖွဲ့က အုပ်စုသား များထံ လူခွန်ဟုဆိုကာ ကျပ်ငွေသိန်း ၅၀ ပေးဆောင်ရန် ဆင့်ဆိုသည်ဟုသိရသည်။

လားရှိုးမြို့အရှေ့ဘက် မိုင် ၅၀ ကျော်အကွာ မိုင်းကျက်အုပ်စု ၁၃ ရွာအား မန်ပန်ဌာနေပြည်သူ့စစ်၏ ဒေသတွင်းအုပ်ချုပ်ရေးမှူးအဆင့်ရှိသူက မိုင်းကျက်ဒေသခံလူထုထံမှ အခွန်ငွေများ ဆင့်ဆိုကာ တပို့တွဲလဆန်း ၇ ရက်အပြီး ပေးဆောင်ရမည်ဟုပြောဆိုကြောင်း မိုင်းကျက်ဒေသခံ များကပြောသည်။

အမည်မဖော်လိုသည့် အသက် ၄၀ ကျော်အရွယ် ဒေသခံအမျိုးသမီးတဦးက- “ကျမတို့ဒေသမှာ ပိုက်ဆံလာကောက်တာ၊ လူထုကိုအမျိုးမျိုးဖိအားလာပေးနေတာကတော့ အုပ်ချုပ်ရေးမှူးအဆင့်ရှိ စိုင်းထွန်းနဲ့အဖွဲ့ပါဘဲ။ ကျပ် သိန်း ၅၀ တောင်တောင်းတယ်။ တပို့တွဲလဆန်း ၇ ရက်အပြီးပေးရ မယ်ဆိုတော့ ဂျန္နဝါရီလ ၂၃ ရက်နေ့ ပေါ့ ” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

အဆိုပါပြည်သူ့စစ်တပ်ဖွဲ့သည် အစိုးရတပ် ခမရ ၃၆၈ နှင့်အတူ စခန်းချ သွားလာလှုပ်ရှား ကြောင်း သိရသည်။

“ဝမ်းစာကခက်ခဲတဲ့ကြားထဲ ကျနော်တို့နှစ်စဉ်နှစ်တိုင်း တခုပြီးတခု အခွန်တွေပေးဆောင်နေရတယ်။ သူတို့က အစိုးရတပ်နဲ့ပေါင်းထားတော့ တောင်းလာသမျှကျနော်တို့ဘက်ကတောင်းပန်လို့မှမရတာ၊ အကုန်ပေးရတာပေါ့။ ကျနော်တို့လူထု အခက်အခဲအရမ်းဖြစ်ရပါတယ်။ သက်ဆိုင်ရာအာဏာပိုင်များ၊ လွှတ်တော်အမတ်များ ကူညီဆောင်ရွက်ပေးကြဖို့ တောင်းပန်ပေးကြဖို့ တောင်းဆိုချင်ပါတယ်။” – ဟု လည်း လုံးစိုင်းကပြောသည်။

အဆိုပါ ပြည်သူ့စစ်တပ်ဖွဲ့သည် မန့်ပန်အခြေစိုက် ဗိုလ်မွန်းဦးဆောင်သည့်တပ်ဖွဲ့ဖြစ်ကြောင်း ဒေသခံများပြောပြချက်အရသိရပါသည်။

ထိုသို့သောလူထုအပေါ်ခြိမ်းခြောက် လုပ်အားခိုင်းစေခြင်းမျိုးမှာ ကနေ့ခေတ်တွင်မရှိသင့်တော့ကြောင်း ၊ လက်အောက်ငယ်သားများ ထိုသို့ကျူးလွန်နေမှုအပေါ် ပြည်သူ့စစ်တပ်ဖွဲ့အထက်အကြီးအကဲများက စီစစ်ပေးသင့်ကြောင်း လားရှိုးခရိုင်လွှတ်တော်အမတ် စိုင်းဝမ်းလျန်းခမ်းကပြောဆိုသည်။

စိုင်းဝမ်းလျန်းခမ်းနှင့်လွှတ်တော်အမတ်အဖွဲ့သည် ပြီးခဲ့သည့် ၁၃ ရက်နေ့တွင်ပင် မိုင်းကျက်ဒေသအတွင်းလူထုနှင့်တွေ့ဆုံဆွေးနွေးမှုပြုခဲ့ပါသေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် မှတ်ပုံတင်အတု ထုတ်ပေးသည့် ဂိုဏ်းကို စီးနင်း၊ မြန်မာ ၂၂ ဦးအပါအဝင် ၃၇ ဦး တရားစွဲခံရ

0
ချင်းမိုင်ခရိုင်၊ ချိုင်ပရာကန်မြို့နယ်အတွင်း တရားမဝင် နိုင်ငံခြားသားများအား "ခေါင်းစဉ် ၀ ကတ်" (ကတ်ပြား၏ရှေ့ဆုံးဂဏန်းသည် သုညဖြင့်စသောကြောင့်) သို့မဟုတ် ပန်းရောက်ကတ် အတုများကို ထုတ်ပေးခဲ့သည့် အဆင့်မြင့်အရာရှိများနှင့် ကျေးရွားလူကြီးအချို့တို့အား ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းများတွင်ဖော်ပြသည်။ စုံစမ်းစစ်ဆေးချက်များအရ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တရားမဝင်နည်းလမ်းများဖြင့် ပန်းရောင်ကတ်များကို...

လမ်းပန်းခက်ခဲမှုနှင့် စစ်တပ်ပိတ်ပင်မှုကြောင့် ဖယ်ခုံစစ်ရှောင်ထံ ဆေးဝါးမရောက်

0
သျှမ်းပြည် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ လတိန်ကျေးရွာတွင် ၁၁ လနီးပါး စစ်‌ဘေး တိမ်းရှောင်နေထိုင်သည့် စစ်ရှောင်များ လက်ရှိ မိုးရာသီကာလအတွင်း ဖျားနာမှုများ ဖြစ်ပွားလာနေသော်လည်း စစ်တပ်ဘက် ဆေးဝါး သယ်ယူမှု ပိတ်ပင်ထားမှုကြောင့် ကျန်းမာရေး အခက်အခဲကြုံနေရကြောင်း သတင်းရရှသည်။​ အဆိုပါ စစ်ဘေးရှောင်များသည် ဖယ်ခုံမြို့နယ် ဘောရန်ကျေးရွာ၊...

နိုင်ငံတကာပိတ်ဆို့မှုကြောင့် စီးပွားရေးကျဆင်းဟု စစ်ခေါင်းဆောင် ပြော

0
မြန်မာနိုင်ငံ၏ စီးပွားရေးကျဆင်းနေမှုမှာ နိုင်ငံတကာ၏ ပိတ်ဆို့မှုများကြောင့် ဖြစ်သည်ဟု အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ ယမန်နေ့ ဩဂုတ် ၂၅ ရက်က နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ ၎င်း၏ ထိုင်း၊ ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံ ခရီးစဉ်ရလဒ်များကို တင်ပြရာတွင် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းပြီး စီးပွားရေးမြှင့်တင်မည်ဟု...

၁၉၉၀ ပြည့်နှစ်ထုတ် ရှားပါး ထိုင်း ၁၀ ဘတ်တန် ဘတ် ၂.၅၄ သန်းဖြင့် စံချိန်တင် လေလံအောင်

0
၁၉၉၀ ပြည့်လွန်နှစ်များက လက်ဝယ်သုံးစွဲခဲ့သည့် ရှားပါး ထိုင်း ၁၀ ဘတ်တန် အကြွေစေ့တစ်စေ့သည် အွန်လိုင်း လေလံပွဲတစ်ခုတွင် ထိုင်းဘတ်ငွေ ၂.၅၄ သန်း (မြန်မာကျပ် သိန်း ၃,၂၀၀ ကျော်) အထိ စံချိန်တင် ဈေးနှုန်းဖြင့် လေလံအောင်မြင်သွားခဲ့ပြီး နိုင်ငံ၏ တန်ဖိုးအရှိဆုံး စုဆောင်းပစ္စည်းများအနက်...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...