Tuesday, January 27, 2026

သိန္နီမြို့ရှိ ကျေးလက်လူထု ၁၆ ဦးအား လက်နက်ကိုင်တပ်ဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် ကျေးလက်လူထု ၁၆ ဦးအား လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က ဖမ်းဆီးသွားရာ ယနေ့တိုင်ပြန်မလွှတ်ပေးသေးကြောင်းသိရသည်။


သိန္နီမြို့နယ် ဟိုမွန်းကျေးရွာတွင် မတ်လ ၁၇ ရက်နေ့မနက်ပိုင်းက လက်နက်ကိုင်အဖွဲ့တဖွဲ့မှ ၀င်ရောက်ကာ ရွာသား ၁၈ ဦးအားဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိန္နီမြို့ ပြည်နယ်လွှတ်တော်အမတ် စိုင်းစိန်လူကပြော သည်။

ပြီးခဲ့တဲ့အပတ်က စစ်ဘေးရှောင်ရာကနေ ရွာပြန်ရောက်လာတဲ့ဒေသခံလူထုကို ရွာထဲအထိ လာဖမ်းတာလေ။ မတ်လ ၁၇ ရက်နေ့နေ့လည်ပိုင်းလေ။ အသက် ၁၈ ကနေ ၄၀ ကြား ယောင်္ကျားလေးတွေချည်းဘဲ ။ အစိုးရတပ် ရွာထဲဝင်တာ သတင်းမပေးလို့ ဆိုပြီးဖမ်းသွားတာ ခုထိပြန်မလွှတ်လာသေးတော့ ဆွေမျိုး မိသားစုဝင်တွေကစိတ်ပူနေကြတာ။ မြောင်ဇီးလူမျိုးပေါ့ အများအားဖြင့်က။ သျှမ်းက တယောက်ပါတယ်။ – ဟု စိုင်းစိန်လူက သျှမ်းသံတော်ဆင့်အားပြောပြသည်။

သိန္နီဘက်တွင် အစိုးရတပ်ဖွဲ့အပါအဝင် တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့ (၀ ၊ကိုးကန့်၊ သျှမ်း/မြောက်၊ တအာင်း၊ ကချင်) တို့လှုပ်ရှားပါသည်။

ကိုးကန့်တံဆိပ်ပါတဲ့ စစ်ဝတ်စုံနဲ့လက်နက်ကိုင်အဖွဲ့လို့ ရွာသားတွေကပြောပြပါတယ်။ ဘာဘဲဖြစ်ဖြစ် လူထုကို မဖမ်းသင့်ပါဘူး။ အကျိုးအကြောင်းရှင်းပြသင့်ပါတယ်။ ဒီလူတွေကိုပြန်လွှတ်ပေးဖို့ ဒီ မြို့နယ်အာဏာပိုင်တွေ ကိုကျနော်တင်ပြတောင်းဆိုထားပါတယ်။ နောက်ပြီး တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့ဝင်ဖြစ်တဲ့ သျှမ်း/မြောက် တပ်မတော် SSPP/SSA ကိုလည်း ကျနော်တို့ ဖုန်းဆက်အကြောင်းကြားထားပါတယ်။ ရွာသားတွေပြန်လွှတ်ရေး ကူပြောပေးဖို့။ ဒါပေမယ့် ဒီကနေ့အထိ ဘယ်သူမှ ဘာမှ အကြောင်းပြန်လာတာ – ဟု စိုင်းစိန်လူကပြောသည်။

သိန္နီမြို့နယ် ဟိုမွန်းရွာသည် အိမ်ခြေ ၄၀ ကျော်ရှိကြောင်း၊ အများစုမှာ မြောင်ဇီးလူမျိုးများဖြစ်ပြီး သျှမ်းနှင့်တရုတ်တချို့လည်း ရောနှောနေထိုင်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် MNDAA မှ ဈေးဆိုင်ဗွီနိုင်းဆိုင်းဘုတ်များတွင် သျှမ်းစာကို ကန့်သတ်တားမြစ်ပြီး တရုတ်စာ ဦးစားပေးအသုံးပြုခိုင်း

0
သျှမ်းပြည် သိန္နီမြို့နယ် ဈေးဆိုင်များရှိ အသစ်ပြုလုပ်မည့် ဗွီနိုင်းဆိုင်းဘုတ်များတွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ သျှမ်းစာနှင့် အင်္ဂလိပ်စာ အသုံးပြုခွင့် ကန့်သတ်တားမြစ်ပြီး တရုတ်စာကို ဦးစားပေးအသုံးပြုခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဧပြီလဆန်းပိုင်းမှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ပေါ်ရှိ ဈေးဆိုင်များတွင် အသစ်ပြုလုပ်မည့် ဗွီနိုင်းဆိုင်းဘုတ်များကို သျှမ်းစာနှင့်...

သိန္နီမြို့နယ်တွင် အမျိုးသားတစ်ဦး ခြံသန့်ရှင်းရေးလုပ်ရာ မြေမြုပ်မိုင်းနင်းမိ ခြေထောက်နှစ်ဖက်ဆုံးရှုံး 

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်နင်းမိ၍ ခြေထောက်နှစ်ဖက်ဆုံးရှုံး ခဲ့ရကြောင်း သိရသည်။  ယမန်နေ့ ( ဧပြီလ ၈ ရက် ) မနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် သိန္နီမြို့နယ် ပန်စုံကျေးရွာနေ အမျိုးသားတစ်ဦးသည် အိမ်ခြံဝန်းအတွင်း သန့်ရှင်းရေးလုပ်ရာမှ မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်နှစ်ဖက်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ‌သျှမ်းသံတော်ဆင့်ကို...

သိန္နီမြို့နယ် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် လူငယ်တစ်ဦး အမည်မသိ လက်နက်ကိုင် သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် သိန္နီမြို့နယ် မောက်စလီကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် မြေးဖြစ်သူ လူငယ်တစ်ဦးတို့ အမည်မသိ လက်နက်ကိုင်အဖွဲ့၏ သေနတ်ပစ်သတ်ခြင်း ခံရပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၃ ရက်) ညပိုင်းတွင် သိန္နီမြို့နယ် မောက်စလီ ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးနှင့် မြေးဖြစ်သူ လူငယ်တို့ နှစ်ဦးသည် လားရှိုး-သိန္နီ...

သိန္နီမြို့ သုံးလအကြာ စစ်ကောင်စီတပ် လေကြောင်းထပ်မံဗုံးကြဲ၊ အရပ်သား (၁) ဦး ဒဏ်ရာရ

0
သျှမ်းပြည် သိန္နီမြို့အနီးသို့ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား (၄) ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်(၃) လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၁၀ ရက်) နံနက် ၂ နာရီခွဲကျော်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့မှ ကွမ်းလုံ-ဟိုပန်...

သိန္နီမြို့နယ် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ သေဆုံး

0
သျှမ်းပြည် သိန္နီမြို့နယ် တွင်နေထိုင်သည့် အမျိုးသားတစ်ဦး မြေမြုပ် မိုင်းနင်းမိ၍ သေဆုံးခဲ့ပြီး ကြောင်း စုံစမ်း သိရသည်။ သျှမ်းပြည် သိန္နီမြို့နယ် ကောင်းဟော်ကျေးရွာတွင် ယမန်နေ့ (ဧပြီလ ၂၁ ရက်) နံနက်ပိုင်း၌ အမျိုးသား တစ်ဦး အိမ်ခြံနောက်ဖေးတွင် ဟင်းသွားခူးရာမှ မြေမြုပ်မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ...