RCSS/SSA နှင့်ပတ်သက်သည့် ဟိုပုံးဒေသခံ ၈ ဦး ထောင်ဒဏ် ၁ နှစ်မှ ၁၀ နှစ်အထိချမှတ်ခံရ

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည်တပ်မတော် RCSS/SSA အား ထောက်ပံ့ဆက်သွယ်မှုဖြင့်ဖမ်းဆီးခံရသည့်ရွာသားများအား ဟိုပုံးမြို့နယ်တရားရုံးက ထောင်ဒဏ် ၁ နှစ်မှ ၁၀ နှစ် ထိ ချမှတ်လိုက်သည်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့က  တရားခံ ၈ ဦးကို သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် တရားရုံးက အမှ​ုပေါင်းများစွာ ဖြင့်​ထောင်ဒဏ်ချမှတ်ကာ ​တောင်လေးလုံးအကျဉ်​းထောင်သို့ ပို့​ဆောင်ကာ အကျဉ်းချလိုက်သည်။

၂၀၁၇ ခုနှစ် ဂျူလိုင်လလယ်ပိုင်းက ​ဒေသခံ ၈ ဦးအား RCSS/SSA နှင့်ဆက်သွယ်သည်ဟုဆိုကာ အစိုးရ တပ်မတော်မှ ဖမ်းဆီးထိန်းသိမ်းထား သည်။ ထို့အတူ တပ်​တော်မှ တရားလိုအဖြစ် ၎င်းတို့အား အမှု ၁၂ မှုဖြင့် တရားစွဲဆိုကာ ဟိုပုံးမြို့တရားရုံးတော်မှ အဆိုပါရွာသား ၈ ဦး အား​ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ခြင်းဖြစ် သည်။

“တယောက်မှ မလွှတ်ဘူး၊ မနေ့က မနက် ၁၁ နာရီမှာ အမိန့်ချတယ်၊ ၃ နှစ် ၇ နှစ် ၁ နှစ် ၁၀ နှစ်တွေလဲပါတယ်။ အမိန့်ချပြီးတာနဲ့ ချက်ချင်း တောင်လေးလုံးကို ပို့လိုက်တယ်။ တရားသူကြီးက စုရတနာလှိုင် ဖြစ်တယ်၊ တရား မျှတမှု ရှိမရှိလားတော့မပြောတတ်ဘူး၊ ဒါမယ့်တရားစီရင်ရေးတော့ ပြည်သူကနေပြီးမှ ယုံကြည်တယ် အားကိုး တယ်ဆိုတဲ့ဟာ ပြတ်သားသွားတာပေါ့၊ သူတို့ ဒီလိုအမိန့်ချလိုက်လို့ ပြည်သူတွေတရားရုံ​တော်ကို အားကိုးလို့ မရတော့ဘူး၊ ဒီတရားစီရင်ရေးမှာ ဘာလို့လဲဆိုတော့ သူတို့ လွှတ်ပေးလို့ရတယ် ဥပဒေနဲ့ပြောရင် ကောင်း ကောင်းလွှတ်ပေးလို့ရတယ်၊ဒါမယ့် သူတို့ မလွတ်ပေးရဲဘူး သူတို့မလွတ်ရဲလို့ အကုန်အမိန့်ချလိုက်တယ်” ဟု အမှုလိုက်ရှေ့နေ စဝ်မြဝတီ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အမှု ၁၂ မှုမှာ လက်နက်မှု၊ ဥပဒေမှု နှင့် အရေးယူတာဖြစ်ပြီး ပို့ကုန်သွင်းကုန် ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ နှင့် စစ်ဆင်ရေးနယ်မြေအတွင်းမှာ ဝင်ရောက်တယ်ဆိုပြီး ကာကွယ်ရေးဥပဒေ နှင့် အရေးယူထားတာဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖမ်းဆီးထားသည့် ဒေသခံ ၈ ဦးသည် ၁၀ ကြိမ်ထက်မနည်း တရားရုံးတက်ရပြီး တစ်စုံ တစ်ရာ ချမှတ်စီရင်ခြင်းရှိဘဲ ရုံးဆက်တိုက် ချိန်းဆိုကြောင်း သိရသည်။

၂၀၁၇ ဂျုလိုင် ၁၇ ရက်နေ့က ဟိုပုံးမြို့နယ် နမ့်ခုတ် ရွာသား ၈ ဦးအား အစိုးရတပ်မတော် ခြေလျင်တပ်ရင်း ခလရ အမှတ် ၂၂၅ နှင့် ၂၄၉ တို့မှ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ သတင်းမေးမြန်းရာ သတင်း မပေးဟုဆိုကာ ၄င်းတို့အား ဖမ်းဆီခေါ်ဆောင် အချုပ်ခန်းတွင်ချုပ် နှောင်ထားခြင်း ဖြစ်သည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် အစိုးရတပ်မတော် နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးထားသောကြောင့် နေပြည်တော် အစိုးရမှ ၂၀၁၅ အောက်တိုဘာလက မတရား အသင်းမှ စာရင်းပယ်ဖျက်ထားသည့် သျှမ်းတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်တစ်ခုဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

နှစ်စဉ် ရေကြီး တောင်ပြိုသည့် ဟိုပုံးဒေသ သစ်ပင်စိုက်ရန် စစ်အစိုးရ တပင် ကျပ်လေးရာဖြင့်ရောင်းချနေ

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီး၊ တောင်ပြိုမှုကို ကာကွယ်ရန်အတွက် စစ်အစိုးရ၏ လက်အောက်ခံ သစ်တောဉီးစီးဌာနက သစ်ပင် ပြန်စိုက်ရန် တစ်ပင်လျှင် ကျပ်ငွေလေးရာ(၄၀၀))ဖြင့် ရောင်းချနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်နေ့တွင် သစ်တောဦးစီးဌာနက ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသအတွက် ကော်ဖီပင် ပိုမိုစိုက်ပျိုးနိုင်ရန်နှင့်...

ဟိုပုံးမြေသိမ်းမှု ကန့်ကွက်သူ ၆ ဦး သတင်းအစနမရ

0
သျှမ်းပြည်တောင်ပိုင်း၊ဟိုပုံးမြို့နယ် ညောင်ပင်ကျေးရွာမှ မြေယာသိမ်းဆည်းမှုကို ကန့်ကွက်ခဲ့သည့် ရွာသူကြီးအပါအဝင် ဒေသခံ ၆ဦးသည် ယနေ့ (မေ ၂၇)ရက်အထိ ပြန်လည်မလွတ်မြောက်သေးဘဲ သတင်းအစန မရရှိသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ ပအိုဝ်းပြည်သူ့စစ် ( PNO)...

PNLA တပ်ဖွဲ့ဝင် ၆၁ ဦး အလင်းဝင်လာဟု PNO ဆို

0
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့ဝင် (၆၁)ဦးသည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ထံ အလင်းဝင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီလ (၂၅)ရက်နေ့ ညနေအချိန်တွင် ဗန်းမတ်ဒေသတွင် ခွန်တန်(ခ)ဇာတ်လိုက် ဦးဆောင်သော PNLAတပ်ရင်း (၃၅၉)မှ တပ်ဖွဲ့ဝင် (၆၁)ဦးသည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်(PNO)ထံတွင် လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း...

မြေသိမ်းရန် ကန့်ကွက်သည့် ဒေသခံ (၁၂)ဦးအနက် (၆)ဦးသာ ပြန်လွတ်လာ

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ညောင်ပင်ကျေးရွာမှ မြေသိမ်းရန်ကန့်ကွက်သည့် ဒေသခံ (၁၂)ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီး (၆)ဦးသာ ပြန်လွှတ်ပေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ (၃၀)ရက် ညပိုင်းတွင် ပအိုဝ်းပြည်သူ့စစ်(PNO) လက်အောက်ခံ မြေပွဲစားများ၊ စစ်ကော်မရှင်တပ်သားနှင့် ၎င်း၏ လက်အောက်ခံ ရဲများ အပါအဝင် အထွေထွေအုပ်ချုပ်ရေးမှူးက ဒေသခံ၏...