TNLA ဖမ်းသွားသည့် နမ့်ခမ်းသူတဦးလွတ်မြောက်ရေးအတွက် SSPP ထံနမ့်ခမ်းမြို့ခံများအကူအညီတောင်း
TNLA တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဖမ်းသွားသည်ဟု ယူဆရသည့် နမ့်ခမ်းသူတဦးလွှတ် မြောက်ရေးအတွက် ၄င်းတို့မဟာမိတ်တပ်ဖွဲ့အနေဖြင့် ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးရန် SSPP သျှမ်းပြည် တပ်မတော် ထံ ဒေသခံများ၊ မိဘ ဆွေမျိုးအသိုင်းအဝိုင်းများက စုပေါင်းကာ အကူအညီတောင်းခံစာပေးလိုက် သည်ဟုသိရသည်။ သြဂုတ်လ ၁၇ ရက်ယနေ့မနက် ၈ နာရီက လက်နက်ကိုယ်စီကိုင်ဆောင်ထားသော အရပ်ဝတ်...
သျှမ်းမြောက် ခရီးသွားအမျိုးသမီး ကို ပြည်သူ့စစ်မှ ကိုယ်ထိလက်ရောက် ရိုက်နှက်
သျှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး - မူစယ်လမ်းမ ပေါ် နမ့်ခိုင်တံတားစောင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တဦးက ခရီးသွားဒေသခံအမျိုးသမီး တဦးအား ကိုယ်ထိ လက်ရောက်ရိုက်နှက်မှုပြုခဲ့ကြောင်း သိရသည်။ သြဂုတ် ၈ ရက် မနက် ၉ နာရီ က နမ့်ခိုင် တံတား စောင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တဦးက ကားသမားတဦးအား...
အစိုးရတပ်မတော်၏ စစ်ကြောင်းမှ ဖမ်းဆီးခေါ်ဆောင်သွားသော သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်လော့အုပ်စုဒေသခံ ၁၆ ဦးအား ရပ်မိရပ်ဖများနှင့်ကျားခေါင်းပါတီ လွှတ်တော်ကိုယ်စားလှယ်မှ သွားရောက်အာမခံ မှုဖြင့်ပြန်လွှတ်ပေးခဲ့ပြီဖြစ်ကြောင်းသိရသည်။ အဆိုပါရွာသားများအား အစိုးရစစ်ကြောင်းက သြဂုတ်လ ၅ ရက်နေ့ကဖမ်းဆီးခဲ့ပြီး ၈ ရက်နေ့ မှပြန် လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်စိုင်းထွန်းဝင်းက...
သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့တွင် လယ်ကွင်းအတွင်းအလုပ်လုပ်နေသည့် ကျေးလက်ဒေသခံ နှစ်ဦးအား သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့ဝင်ဟု ဆိုကာ အစိုးရတပ်မတော် မှ ပြီးခဲ့သည့် သောကြာနေ့က ညလုံးပေါက် ဖမ်းဆီးစစ်ဆေးသည်ဟု သတင်းရရှိသည်။ လင်းခေးခရိုင် မိုင်းပန်မြို့နယ် နောင်လွမ် ရွာသား စိုင်းစိတ္တ အသက် ၂၀ နှစ် နှင့်...
၂၁ ရာစု တတိယအကြိမ်ပင်လုံညီလာခံသည် နိုင်ငံတကာအား ငြိမ်းချမ်းရေးဖော်ဆောင်မှုပြုနေ သည်ဟုပြသ နေပြီး တိုင်းရင်းသားဒေသတွင်မူ လူ့အခွင့်အရေးချိုးဖောက်မှု တပ်မတော်ကပြုလုပ်နေသည် ဟု သျှမ်းလူ့အခွင့် အရေးမဏ္ဍိုင်က ပြောဆိုလိုက်သည်။ သျှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်ခရိုင်အတွင်း မြန်မာ့ တပ်မတော် နှင့် ပြည်သူ့စစ် တပ်ဖွဲ့ ပူးပေါင်းအဖွဲ့က မူးဆေး ကျေးရွာ...
ထိုင်းနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေသော သျှမ်းပြည်သားမိဘ ၂ ပါးမှမွေးဖွားသည့် ဂျပန်နိုင်ငံမှ စက္ကူလေယာဉ်ပျံဆု ဆွတ်ခူးရရှိခဲ့သူ ထိုင်းနိုင်ငံဂုဏ်ဆောင် စိုင်းမောင် ထောင်းဒီးအား ပညာရေးတွင် Ph.D ပြီးသည်အထိ ကူညီထောက်ပံ့မှုပေးမည်ဖြစ်ပြီး ထိုင်းနိုင်ငံသားကတ်ထုတ်ပေးမည်ဟု ထိုစဉ်အစိုးရကပြောဆို ထားသော်လည်း ယနေ့တိုင် ခံစားခွင့်မရသေးကြောင်းသိရသည်။ လွန်ခဲ့သည့် ၁၀ နှစ်ခန့် အဖိဆစ် ဝေ့ချာချီဝ...
လားရှိုးမြို့အရှေ့ဘက်ကျေးရွာတချို့ တပ်မတော်မှ ရွာသားများအား ချောဆွဲခြိမ်းခြောက်နေဟု ရွာသားများပြော
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အရှေ့ဘက်အရပ်ရှိ မိုင်းကျက်အုပ်စုတွင် အစိုးရတပ်မ ၉၉ လက်အောက်ခံတပ်ရင်းများသည်ဒေသခံများ၏ အိမ်မွေးကြက်ဝက်များအား ဖမ်းယူစားသောက်ခြင်း ထော်လာဂျီများအား ချောဆွဲ လုပ်အားခိုင်းစေ မှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။ “သူတို့အဖွဲ့အကျီမှာ တပ်မ ၉၉ လို့ရေးထားတယ်။ ၁၀ ရက်နေ့တုန်းက သူတို့အဖွဲ့ ၄-၅ ယောက် မိုင်းကျက်အုပ်စု...
သျှမ်းပြည်နယ် နှင့် ကချင်ပြည်နယ် တွင် မြေမြှုပ်မိုင်းကြောင့် သေဆုံးမှု အများဆုံးဖြစ်နေဟုဆို
မြန်မာနိုင်ငံတွင်၂၀၁၇ - ၁၈ ခုနှစ် အတွင်း မြေမြုပ်မိုင်းကြောင့် ကချင်ပြည်နယ်နှင့် သျှမ်းပြည်နယ်တွင် သေဆုံးမှုအများဆုံးဖြစ်ပွားခဲ့သည်ဟု သျှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးဒေါက်တာအောင်သန်းမောင်ကပြောသည်။ ဇွန်လ (၂၅) ရက်နေ့က မြန်မာနိုင်ငံဆရာဝန်များအသင်း ရုံးတွင်ကျင်းပပြုလုပ်သော မြေမြှုပ်မိုင်း အန္တရာယ် အသိပညာပေးလုပ်ငန်း ဆွေးနွေးညှိနှိုင်းအခန်းအနားတွင် ၄င်းက ယင်းသို့ပြော ကြားလိုက်ခြင်းဖြစ်သည် ။ မြန်မာနိုင်ငံအတွင်း ၂၀၁၄...
မိုင်းဆတ် လျှပ်စစ် ဓာတ်အား တယူနစ် ၈၅ ကျပ် တိုးမြှင့် ကောက်ခံမှု ဒေသခံများသဘောမတူ
သျှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် အတွင်း လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး လွယ်ဆမ်ဆုံ ကုမ္ပဏီ မှ မီတာခ တယူနစ် ၈၅ ကျပ်အထိ တိုးမြှင့် ကောက်ခံခြင်းကို ဒေသခံများ ကန့်ကွက်သည့်စာကို သျှမ်းပြည်နယ် အစိုးရအဖွဲ့သို့ လက်မှတ်ထိုးတင်ပြသွားမည်ဟု သိရသည်။ ယခု လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးနေသည့်...
အသိမ်းခံသည့်လားရှိုးကျေးလက်တောင်သူများ၏ဘိုးဘွားပိုင်မြေ တပ်ပြန်မပေးတော့ဟုဆို
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ဟူးမွန်အုပ်စု ခေးခမ်းရွာသားတွေရဲ့ တပ်မြေအဖြစ် အသိမ်းခံရ လယ်ယာမြေတွေဟာ လယ်ယာမြေပိုင်ဆိုင်မှုပြဖို့မရှိတဲ့အတွက် ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်းမရှိဘူးလို့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ ဇွန်လ ၂၀ ရက်နေ့ကကျင်းပတဲ့ ဒုတိယအကြိမ်အမျိုးသားလွှတ်တော် အဌမပုံမှန်အစည်းအဝေး ၁၈ ရက် မြောက်အစီအစဉ်မှာ လားရှိုးခရိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်စိုင်းဝမ်းလှိုင်းခမ်းက - တပ်ပိုင်မြေအဖြစ် အသိမ်းခံရ ဟူးမွန်အုပ်စု...





