ချင်းမိုင် တွင် အောက်တိုဘာ အတွင်း သျှမ်းရွှေ့ပြောင်း ၅ဦး သေဆုံး

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် အတွင်းလာရောက် အလုပ်လုပ်သည့် သျှမ်းရွှေ့ပြောင်းအလုပ်သမား အောက်တိုဘာ လ အတွင်း ၅ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

Photo by Sai Tai/ အောက်တိုဘာ လ အတွင်း ချင်းဒေါင်းဝ်( Chiang Dao) တွင် အသတ်ခံရပြီးသေဆုံးသွားသည့် မိသားစု ၃ဦး၏ ဈာပနာ

အဆိုပါ သေဆုံးသွားသည့် သျှမ်းရွှေ့ပြောင်းအလုပ်သမား ၅ဦးတွင် ၃ဦးမှာ အသတ်ခံရပြီး တဦးမှာ ကားယာဉ်တိုက်မှု နှင့် ကျန်တဦးမှာ လုပ်ငန်းခွင် ထိခိုက်မှုဖြစ်ပွားကာ သေဆုံးခဲ့ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသည့် စိုင်းတိုင်း က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

အသတ်ခံရသည့် မိသားစုဝင် ၃ဦးသည် သျှမ်းပြည် မှ ထိုင်းနိုင်ငံ ချင်းဒေါင်းဝ်(Chiang Dao) တွင် အလုပ်လုပ်ကြောင်း၊ ယာဉ်တိုက်မှု ဖြင့် သေဆုံးသည့် အမျိုးသားမှာ ချင်းမိုင်ခရိုင် လွိုင်လော်တွင် အလုပ်လုပ်ကြောင်း၊ လုပ်ငန်းခွင် အတွင်း ထိခိုက်သေဆုံးသည့် အမျိုးသားသည် ချင်းမိုင်မြို့ တွင် ဆောက်လုပ်ရေး လုပ်ကြောင်းသိရသည်။

“ အောက်တိုဘာမှာ ၅ဦးသေတယ်။ ၃ဦးကတော့ အသတ်ခံရတဲ့ မိသားစုတွေပါ။ ဒီအမှုကိုတော့ ထိုင်းရဲက စုံစမ်းစစ်ဆေးနေတုန်းပါ။ ယာဉ်တိုက်မှု နဲ့ လုပ်ငန်းခွင် ထိခိုက် သေဆုံးကတော့ လက်ရှိ အချိန်ထိ လျော်ကြေးငွေ တွေမရသေးဘူး” ဟု စိုင်းတိုင်း က ဆိုသည်။

Photo by Sai Tai/ အောက်တိုဘာ လ အတွင်း ချင်းဒေါင်းဝ်( Chiang Dao) တွင် အသတ်ခံရပြီးသေဆုံးသွားသည့် မိသားစု ၃ဦး၏ ဈာပနာ

လုပ်ငန်းခွင်တွင် ထိခိုက် ပြီးသေဆုံးသည့် အမျိုးသား လျော်ကြေး ငွေ ရရှိရန် အတွက် ကြိုးစားဆောင်ရွက်ပေးနေကြောင်း၊ တရားရုံးမှာ ဆွေးနွေးနေဆဲ ဟု စိုင်းတိုင်း က ပြောသည်။

ထို့ပြင် အသတ်ခံရသည့် မိသားစု ၃ဦး ကိစ္စကိုလည်း ထိုင်းရဲများ က စုံးစမ်းဖော်ထုတ်နေဆဲ ကာလဖြစ်ကြောင်း သိရသည်။

“ ဒီနှစ် အတွင်း လုပ်ငန်းခွင် ထိခိုက်သေဆုံးမှုက ၃၀ကျော်တယ်။ ထိခိုက်ဒဏ်ရာရတာကတော့ ၅ဦးလောက်ပဲရှိတယ်။ သေဆုံးမှု များတယ်” ဟု စိုင်းတိုင်းက ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် အတွင်း သျှမ်းရွှေ့ပြောင်း အလုပ်သမားများသည် ယခုနှစ် ဇန်နဝါရီ မှ အောက်တိုဘာ လအတွင်း လုပ်ငန်းခွင်သေဆုံးသူ ၃၀ကျော် ရှိပြီး ယခင် ၂၀၁၈ ခုနစ်တွင် လုပ်ငန်ခွင် သေဆုံးသူ ၃၅ဦး ကျော် ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...

မဲဆောက် တရားမဝင် “၁၀ နှစ်ကတ်” နှိမ်နင်းရေး စီမံချက် စတင်၊ စည်ပင်အရာရှိများနှင့် နိုင်ငံခြားသားများအား ဖမ်းဆီး

0
ထိုင်း-မြန်မာနယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ကိုယ်ရေးအချက်အလက် မှတ်ပုံတင်မှုများနှင့် စာရွက်စာတမ်း အတုပြုလုပ်သည့် အဂတိလိုက်စားမှုများအား ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့များမှ နှိမ်နင်းရေးစီမံချက် စတင်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (ဩဂုတ် ၄ ရက်) နံနက် ၆ နာရီတွင် "တရားမဝင် ၁၀ နှစ်သက်တမ်းကတ်များ နှိမ်နင်းရေး...

အာဏာသိမ်းသမ္မတ သြဂုတ်လဆန်း ဘန်ကောက်လာမည်

0
မြန်မာ့ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လာရောက်ပြီး ထိုင်းဝန်ကြီးချုပ် အနုတင် သျှာန်ဗီရကူးလ် (Anutin Charnvirakul) နှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက AFP သတင်းဌာနသို့ ပြောကြားသည်။ ယမန်နေ့ (ဇူလိုင်လ ၂၁...