Wednesday, January 28, 2026

ကွတ်ခိုင်မြို့နယ်တွင် သံဃာတော် တပါး ရိုက်နှက်ခံရ

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လွယ်ကျော့ဘုန်းကြီးကျောင်းတွင် ဆရာတော် တပါး ရိုက်နှက်ခံရကြောင်း သတင်းရရှိသည်။

 

Photo Credit to မိုင်းမိုင် – ရိုက်နှက်ခံရသော သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လွယ်ကျော့ဘုန်းကြီးကျောင်း ဆရာတော် အရှင်ဝဏ္ဏိတ

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းက မြန်မာ့ တပ်မတော် မှ ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာ အုပ်စု လွယ်ကျော့ ဘုန်းကြီးကျောင်းအား ဝင်ရောက်ရှာဖွေ စစ်ဆေးရာ တိုင်းရင်းသား စစ်ဝတ်စုံ နှင့် စကားပြောစက် တလုံးတွေ့ရှိသည်ဟု ဆိုကာ ဆရာတော် အရှင်ဝဏ္ဏိတ အား ရိုက်နှက်ခဲ့ကြောင်း ဆရာတော် က သျှမ်းသံတော်ဆင့်ကို ပြန်လည် မိန့်ကြားခဲ့သည်။

ရိုက်နှက်ခံရသော ဆရာတော် အရှင်ဝဏ္ဏိတ သည် သက်တော် ၃၇ နှစ် ဝါတော် ၁၇ ဝါ ရှိကာ၊ အဆိုပါကျောင်းတွင် သီတင်းသုံး ကျောင်းထိုင်ခဲ့သည်မှာ ၁၄ ဝါ ရှိပြီဖြစ်ကြောင်း သိရသည်။

လွယ်ကျော့ဘုန်းကြီးကျောင်းအတွင်း မြန်မာ့တပ်မတော် ၀င်ရောက်စစ်ဆေးချိန်တွင် ဆရာတော်သည် မန်မိုင်ဘက် သို့ ခေတ္တရောက်နေကြောင်း၊ ကျောင်းအတွင်း စစ်တပ်မှ ၀င်ရောက်ရှာဖွေနေသည်ဟုသတင်းကြားသဖြင့်ကျောင်းသို့ပြန်လာရာ ကျောင်းပေါ် တက်နေစဉ် စစ်သားများက ဆရာတော်အားဆွဲရမ်းကာ သင်္ဃန်း ဆွဲချွတ် ကြောင်း ဆရာတော် အရှင် ဝဏ္ဏိတက မိန့်ကြားသည်။

“ ကျောင်းမှာ ပွဲလုပ်တော့ ပွဲခင်းမှာ စစ်ဝတ်စုံနဲ့ စကားပြောစက် ဘယ်သူ့ဟာလဲမသိဘူး မေ့ကျန်နေခဲ့တယ်။ အဲတာကိုကောက်သိမ်းထားပေးတာ။ ဦးဇင်းကမသိလို့ မသိဘူးလို့ပြောလိုက်တယ်။ အဲတာကို စစ်သားတွေက ဦးဇင်းကိုသင်္ဃန်း ဆွဲချွတ်တယ်။ လက်ကို ကြိုးနဲ့ချည်လိုက်တယ်။ ရင်ဘတ်ကို ခြေထောက်တွေနဲ့ ကန်တယ်။ ကျောကို ခါးပတ်နဲ့ ရိုက်တယ်။ ဗိုက်ကို လက်သီးနဲ့ ထိုးတယ်။ ဦးခေါင်းကို လည်း တုတ်နဲ့ ရိုက်တယ်” ဟု ဆရာတော် အရှင်ဝဏ္ဏိတ က မိန့်သည်။

Photo Credit to မိုင်းမိုင်- ရိုက်နှက်ခံရသော သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လွယ်ကျော့ဘုန်းကြီးကျောင်း ဆရာတော် အရှင်ဝဏ္ဏိတ

အောက်တိုဘာလ ၂၈ ရက် မနက် ၁၀ နာရီကစပြီး တရက်လုံးရိုက်နှက်စစ်ဆေးခံရသဖြင့် ဆရာတော်မှာ တကိုယ်လုံး ဒဏ်ရာ ဒဏ်ချက်များဖြင့် ရရှိကာ ကွတ်ခိုင် ပြည်သူ့ ဆေးရုံသို့ သွားရောက် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

“ ဦးဇင်းကို အောက်တိုဘာ ၂၉ ရက် မနက် ရ နာရီ မှ ကြိုးဖြည်ပေးတယ်။ အဲ့ဒါနဲ့ ဆေးရုံရောက်လာတယ်။ အခုတော့ မျက်လုံးတွေ ယောင်နေတယ်။ ရင်ဘတ် ကတော့နာတယ်။ နည်းနည်း လှုပ်ရင် နာတာပဲ” ဟု ဦးဇင်း က ထပ်မံမိန့်တော်မူသည်။

မြန်မာ့ တပ်မတော် သည် ဆရာတော် အရှင်ဝဏ္ဏိတ ကို တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့ဝင်၊ ဘုန်းကြီး အတုဟုလည်း စွပ််စွဲကာ ရိုက် နှက်ခဲ့သည့်အပြင် ဆရာတော်အား သင်္ဃန်းချွတ်ပြီး စစ်ဝတ်စုံ ၀တ်စေကာ ဓာတ်ပုံပါ ရိုက်ယူသွားကြောင်း ဆရာတော်က ဆိုပါသည်။

ထို့ပြင်မြန်မာ့တပ်မတော်က ယာဘဆေးပြား၊ စစ်ဝတ်စုံ နှင့် စကားပြောစက်များကိုလည်း ဆရာတော်၏ ပစ္စည်းဟု ဝန်ခံခိုင်းကြောင်း၊ ဆရာတော် မဝန်ခံမှုကြောင့် ရိုက်နှက် ခြိမ်းခြောက်မှု များ ပြုလုပ်ခြင်းဖြစ်ကြောင်း ဆရာတော် အရှင် ဝဏ္ဏိတ ကဖြည့်စွက်ပြောကြားသည်။

“ စစ်တပ်ကတော့ ဦးဇင်းကို ဆေးဖိုးလာပေးတာ မရှိဘူး။ ဗျူဟာမှူးကတော့ တောင်တန်း သာသာနာပြု ကွတ်ခိုင် သံဃာနာယကနဲ့ သွားတွေ့တယ်လို့ ပြောတယ်။ ဦးဇင်း ဆေးရုံဆင်းရင်တော့ ဆရာတော်နဲ့ တွေ့ပြီး ဆရာတော် လမ်းညွှန်တဲ့ အတိုင်း ပဲ ဆက်လုပ်သွားမယ်” ဟု ရိုက်နှက် ခံရသည့် ဦးဇင်း က ထပ်လောင်းပြောသည်။

သျှမ်းမြောက် ကျေးရွာ အများစုတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ များပြား ကြောင်း၊ ထိုဒေသအတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ နှင့် မကင်းနိုင်ကြောင်းလည်း ကွတ်ခိုင်မြို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မိုင်းမိုင် ကပြောသည်။

“ ဒီဒေသမှာ က လက်နက်ကိုင် တပ်ဖွဲ့တွေများတယ်။ ဘုန်းကြီးကျောင်းကို မလာနဲ့ လို့ ပြောလို့မှ မရတာ။ ဆရာတော်ကို မြင်တော့ တော်တော်လှန့်သွားတယ်။ ဆရာတော် ခန္ဓာကိုယ် တခုလုံးမှာ ဒဏ်ရာက တော်တော်များတယ်။ ဓာတ်မှန်အခြေအနေ အရတော့ အခြေအနေမစိုးရိမ်ရဘူးလို့ပြောတယ် ” ဟု မိုင်းမိုင် ကပြောသည်။

အောက်တိုဘာ ၂၀ ရက်နေ့ကလည်း သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ ခေးနင်းကျောင်း တိုက်မှ ကျောင်းထိုင်ဆရာတော် ဦးပညာဇောတ အားလည်း အမည်မသိ လက်နက်ကိုင် အဖွဲ့ က ၀င်ရောက် ပစ်ခတ်မှုကြောင့် ဆရာတော်ပွဲချင်းပြီး ပျံလွန်တော်မူခဲ့သည်။

သျှမ်းပြည် မြောက်ပိုင်းတွင် လတ်တလော သံဃာတော်များအား ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်ခြင်း၊ ရိုက်နှက်ခြင်းများရှိလာသည့်အပေါ် သျှမ်းမြောက် လူထု တရပ်လုံးကို ခြိမ်းခြောက်နေသည့် ပုံစံ ဖြစ်နေသည် ဟု သျှမ်းမြောက် ဒေသခံများက ပြောဆိုနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကွတ်ခိုင်မြို့နယ် မန့်ဝိန်းပြည်သူတစ်ဦးကို SSPP တပ်ရင်းမှူး ပစ်သတ်ခဲ့သည့်အမှု လျော်ကြေးငွေဖြင့် ကြေအေး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ်ရှိ ပြည်သူတစ်ဦးကို SSPP တပ်ရင်းမှူးက သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်အမှုကို လျော်ကြေးငွေဖြင့် ကြေအေးလိုက်ကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၈) ရက်တွင် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ် မန်ဝိန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ အမှတ်-၁၈၀ တပ်ရင်းမှူး စိုင်းစိန္န...

ကျောက်မဲမြို့နယ် TNLA နှင့် MNDAA ပေါင်းပြီး စက်ယန္တရားဖြင့် အကြီးအကျယ် ရွှေတူးဖော်နေ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းငေါ့မြို့နယ်ခွဲတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ပူးပေါင်းပြီး စက်ယန္တရားများဖြင့် အကြီးအကျယ် ရွှေတူးဖော်နေကြောင်း စုံစမ်းသိရသည်။ ယမန်နှစ် ၂၀၂၄ နှစ်ကုန်ပိုင်းမှ စတင်ပြီး TNLA ထိန်းချုပ်ထားသည့် ကျောက်မဲ - မိုင်းငေါ့ ကားလမ်းပေါ်ရှိ...

ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအနီး KIA နှင့် MNDAA နှစ်ဘက်တပ်ဖွဲ့ဝင်များ ရိုက်နှက်မှုဖြစ်ပွား

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအနီးရှိ ကချင်လွတ်လပ်ရေးတပ် KIA တပ်စခန်းတစ်ခုကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဝင်ရောက် နှောက်ယှက်ခဲ့ခြင်းကြောင့် နှစ်ဘက်တပ်ဖွဲ့ဝင်များ ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်‌နေ့ (ဒီဇင်ဘာလ ၂၂ ရက်) နံနက်ပိုင်းတွင် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု ပန်ယန်ခါးကျေးရွာအနီးရှိ KIA လက်အောက်ခံ ပြည်သူ့စစ်တပ်စခန်း...

ကွတ်ခိုင်မြို့နယ် ကာလိုင်စာသင်ကျောင်းမှ ဆရာ/မများကို TNLA မောင်းထုတ်ပြီး ကျောင်းကိုပါချိတ်ပိတ်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ ကာလိုင်စာသင်ကျောင်းကို တအာင်း(ပလောင်) အမျိုးသားလွတ်‌မြောက်ရေး တပ်မတော် TNLA က ကျောင်းတံခါးများကို သစ်သားဖြင့် ကြက်ခြေခတ် သံရိုက်နှက်ပြီး ချိတ်ပိတ်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၃ ရက်) ည ၉ နာရီကျော်ခန့်တွင် ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာရှိ စာသင်ကျောင်းသို့ TNLA...

ကွတ်ခိုင်မြို့နယ် မိုင်းယုလမ်းခွဲရှိ ရွာဝင်ဆိုင်းဘုတ် ဖျက်ဆီးခံရပြီး နာမည်အစားထိုး ရေးသားထား

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မိုင်းယုလမ်းခွဲဆိုင်းဘုတ်တွင် မူရင်းရေးသားထားသည့် သျှမ်းစာနှင့် မြန်မာစာများ ဖျက်ဆီးခံလိုက်ရပြီး တအာင်း(ပလောင်)စာဖြင့် အစားထိုး ရေးသားထားကြောင်း စုံစမ်းသိရသည်။ မေလ ၅ ရက် နံနက်(၉)နာရီခန့်တွင် ကွတ်ခိုင်မြို့နယ် မိုင်းယုကျေးရွာအနီး လှုပ်ရှားနေသည့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်သားများမှ မိုင်းယုနှင့် ပန်လော့ကျေးရွာအုပ်စုရှိ...