Wednesday, January 28, 2026

ကျောက်မဲမြို့ တပ် နှင့် တောင်သူ မြေအငြင်းပွားမှု မပြီးဆုံးနိုင်သေး

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲကြီး ကျေးရွာ တောင်သူများ နှင့် တပ် မြေအငြင်းပွားမှု မပြီးဆုံးနိုင် သေးကြောင်း သတင်း ရရှိသည်။

Photo: HKH

လွန်ခဲ့သည့် ၂၀၁၇ ခုနစ် မှစတင်လာသည့် ခြေမြန်တပ်ရင်း(၅၀၁) နှင့် တောင်သူ များ လယ်ယာမြေ အငြင်းပွားမှုသည် လက်ရှိ အချိန်ထိ မပြီးဆုံးသေးကာ စစ်တပ်မှ ဒေသခံ တောင်သူများကို ထပ်မံ အမှုဖွင့် တရားစွဲဆိုမှုများလည်း ရှိကြောင်း ကျောက်မဲကြီး ကျေးရွာ တောင်သူ ဒေါ်အဲနော် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

ကျောက်မဲကြီး တောင်သူများနှင့် တပ်တို့ မြေအငြင်းပွားမှုသည် ၂၀၁၇ ခုနစ်မှ စတင်ကာဖြစ်ပွားလာခဲ့ပြီး၊ ၂၀၁၇ ခုနစ်မှ စတင်ကာ တောင်သူ ၁၂ဦး ကို တပ်ပိုင်နယ်မြေ ကျူးကျော်မှုဖြင့် တပ်မှ တရားစွဲဆိုလာခဲ့ကာ ယနေ့တိုင်ပင်ဖြစ် စွဲဆိုနေသေးသည်။

“ ကျမတို့ တပ်က အမှုကို တခုပြီး တခုတပ်စွဲနေတာ။ ကျမတို့ တောင်သူတွေ က ဒီချိန်ဆို တောင်ယာဝင်လုပ်ရင် စွဲခံရတာပဲ အခုလည်း တောင်သူ ၁၃ဦးကို တပ်က အမှု ထပ်စွဲထားတယ်လို့ ရဲစခန်းက ဖုန်းဆက်လာတယ်” ဟု တောင်သူ ဒေါ်အဲနော် က ဆိုသည်။

စစ်တပ်မှ ခြံစည်းရိုးခတ်သည့် နေရာတွင် ကျောက်မဲကြီး ကျေးရွာမှ ဒေသခံများ ဆုတောာင်းမေတ္တာပို့သ

တောင်သူများသည် တောင်ယာ ဝင်ရောက် လုပ်ကိုင်သည့်အတွက် တပ်မှ ထပ်မံ တရားစွဲဆိုထားခြင်းဖြစ်ကြောင်း၊ လက်ရှိ အချိန်ထိ မည်သည့် ပုဒ်မ ဖြင့် စွဲဆိုထားသည် ကို ရဲစခန်းမှ တိတိကျကျ မပြောသေးကြောင်း၊ ဖုန်းဖြင့်သာ အကြောင်းကြားထားကြောင်း လည်း ဒေါ်အဲနော် က ပြောပြသည်။

“ အခု တရားစွဲထားတဲ့ကိစ္စ က စာတော့မရောက်သေးဘူး။ ကိုယ့်မြေပေါ် စိုက်ပျိုးဖို့ ထွန်ယက်လည်း တရားစွဲဆိုခံရတယ်။ ကျမတို့ လည်း တရားစွဲဆိုခံရတာနဲ့ ဘာမှ လုပ်ကိုင်လို့ မရဘူး။ တရားပဲ သွားရင်ဆိုင်နေရတယ်” ဟု ဒေါ်အဲနော် က ဆိုသည်။

ယခင် တွင် တပ်မှ စွဲဆိုထားသည့် အမှုကြောင့် ကျောက်မဲကြီးတောင်သူ ၁၃ဦး တရားရင်ဆိုင်နေရဆဲ ဟု သိရသည်။

တောင်သူများသည် တောင်ယာများ လုပ်ရန် မြေလည်း မရှိတော့ ကာ ဝင်ငွေလည်းမရှိကြောင်း၊ ကလေးငယ်များ၏ ပညာရေးနှင့် မိသားစု စားဝတ်နေရေး အဆင်မပြေကြောင်း မိသားစု ၃ဦး တရားစွဲဆိုခံထားရသည့် ဒေါ်ခမ်း က ပြောသည်။

“ ကျမတို့ မိသားစု ၃ဦး စလုံး တရားစွဲဆို ခံထားရတော့ တရားရင်ဆိုင်တဲ့ရက်ဆို သွားရတော့ အလုပ်ပျက်တယ်။ ဝင်ငွေလည်း လျော့တယ်။ ကျမတို့ ဖြစ်စေချင်တာ မြေပြန်ပေးစေချင်တယ်” ဟု ဒေါ်ခမ်း က ဆိုသည်။

လက်ရှိ ကျောက်မဲကြီး ကျေးရွာ တောင်သူများသည် တရားရင်ဆိုင်ရသည့် ရှေ့နေခများ၊ တရားရင်ဆိုင်သည့် ရက်တွင် သွားလာသည့် လမ်းစရိတ်များခက်ခဲနေကြောင်း လည်း တောင်သူများ က ပြောဆိုသည်။

“ကျမတို့ မိသားစု တစုလုံး တရားစွဲခံထားရတယ်။ မပြီးဆုံးနိုင်တဲ့ပြဿနာပါ။ အမြန်လာဖြေရှင်းစေချင်တယ်။ လွှတ်တော် ကိုယ်စားလှယ်တွေလည်း ဒီပြဿနာကို မဖြေရှင်းပေးဘူး” ဟု ဒေါ်ခမ်း က ဆိုသည်။

ဆက်လက်ပြီး ဒေါ်အဲနော် က လည်း “ အရာရာ အားလုံးက ကိုယ့်နည်း ကိုယ့်ဟန် နဲ့ ပဲ ဖြေရှင်းနေရတယ်။ ဘယ်သူ့ကိုမှ အားမကိုးရဘူး။ ကျမတို့ဘက်မှာ ဘယ်သူမှ မရှိဘူး” ဟု ထပ်လောင်း ပြောသည်။

လက်ရှိ တပ်မှ သိမ်းဆည်း ထားသည့် ကျောက်မဲကြီး မြေယာများကို တောင်သူများ ထံ ပြန်လည်ပေးစေပြီး၊ စွဲဆိုထားသည့် တရားများကို ပြန်လည် ရုပ်သိမ်းစေလိုကြောင်းလည်း ကျောက်မဲကြီး တောင်သူများ က တောင်းဆိုလိုက်သည်။

ခြေမြန်တပ်ရင်း ၅၀၁ သည် သျှမ်းပြည် မြောက်ပိုင်း ကို ၁၉၉၂ ခုနစ် တွင် စတင် ဝင်ရောက် အခြေချ ပြီး၊ အဆောက်အဦးများ ဆောက်လုပ်ကာ ၂၀၀၀ ခုနစ်တွင် တပ်လယ်ယာမြေ စိုက်ပျိုးမြေယူခဲ့သည်။

ထို့ပြင် တောင်သူလယ်သမားများ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်သည့် နေရာကို ၂၀၁၄ ခုနစ်တွင် ရဲမေ စိုက်ကွက် ဆိုပြီး အမှတ်စဉ် လာရောက် စိုက်ထူကြကြောင်း သိရသည်။

သျှမ်းပြည် အတွင်း တပ်မှ သိမ်းဆည်းထားသည့် လယ်ယာမြေ ဧက ၄သိန်း အနက် ဧက ၂သိန်း အား ဒေသဖွံ့ဖြိုးရေး စီမံကိန်း အတွက် ဆောင်ရွက်သွားမည် ဟု ၂၀၁၈ ခုနစ် မေ ၂၅တွင် သျှမ်းပြည် အစိုးရ အဖွဲ့ မှ သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ တွင် ညွှန်ကြားရေးမှူး ဦးသိန်းဦး က ပြောကြားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပန်တွင် UWSA နှင့် ပြည်သူ မြေအငြင်းပွားမှုဖြစ်

0
သျှမ်းပြည်မြောက်ပိုင်း ဟိုပန်မြို့တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) သည် ရုံးဆောက်ရန် အတွက် ပြည်သူပိုင် လယ်ယာမြေပေါ်ရှိ ရော်ဘာပင်များကို ခုတ်ထွင်ရှင်းလင်းလိုက်ကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ ဟိုပန်မြို့ ရုံးကုန်းရပ်ကွက်အနီးတွင် ရှိသော ပြည်သူများ၏ မြေကွက် စုစုပေါင်း ၁၁ ခုကျော် ( ၂...

မိုင်းငေါ့မြို့ စစ်ကောင်စီဗုံးကြဲ ဒေသခံ ၅ ဦးဒဏ်ရာရ၊ အဆောက်အအုံများ ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းငေါ့မြို့ မန်လုံရပ်ကွက်တွင် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံ ၅ ဦး ဒဏ်ရာရှိကာ နေအိမ်အဆောက်အအုံများ ပျက်စီးသွားခဲ့သည်ဟု စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA သိမ်းပိုက်ထားသည့် မိုင်းငေါ့မြို့ မန်လုံရပ်ကွက်တွင် ယနေ့ (နိုဝင်ဘာလ ၁၇)ရက် နေ့လည် ၁၂...

ကျောက်မဲမြို့နယ်အတွင်း စစ်ကောင်စီ နှင့် TNLA တိုက်ပွဲကြောင့် နေအိမ် တစ်လုံး ထိခိုက်ပျက်စီးရ

0
သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်အတွင်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ တိုက်ပွဲကြောင့် နေအိမ်တစ်လုံး ထိခိုက်ပျက်စီးရကြောင်း သတင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်တွင် ကျောက်မဲမြို့နယ် နမ့်ခုံကျေးရွာ နှင့် ပန်ဝိုးကြီးကျေးရွာ...

သီပေါမြို့တွင်း ဈေးဝယ်အဖြစ် ဟန်ဆောင်ပြီး ပစ္စည်းခိုးယူမှုများလာ

0
သျှမ်းပြည် ကျောက်မဲခရိုင် သီပေါမြို့တွင် စျေးဆိုင်များထံ စျေးဝယ်သူအဖြစ် ဟန်ဆောင်ပြီး ပစ္စည်းခိုးယူသူများလာကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၉) ရက် ညနေပိုင်း ၄ နာရီဝန်းကျင်တွင် သီပေါမြို့နယ် (ရွှေသီပေါ လျှပ်စစ်ဆိုင်) ထဲ၌ လင်မယား နှစ်ဦး ဈေးဝယ်အဖြစ် ဟန်ဆောင်ပြီး ဇနီးဖြစ်သူက မီးသီးဝယ်ရင်း...

သျှမ်းပြည်အတွင်း အစိုးရကျောင်းတွင် သျှမ်းစာသင်ကြားပေးသူမရှိ

0
သျှမ်းပြည် လားရှိုးခရိုင် ၊ ကျောက်မဲခရိုင် အစိုးရကျောင်းများထဲတွင် သျှမ်းစာပေများ သင်ကြားပေးသူ မရှိတော့ကြောင်း စုံစမ်းသိရှိရသည်။ ကိုဗစ် - ၁၉ နှင့် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဝန်ထမ်းများက အာဏာဖီဆန်ရေး CDM ပြုလုပ်လာသောကြောင့် လားရှိုးခရိုင်၊ ကျောက်မဲခရိုင်အတွင်းရှိ အစိုးရကျောင်းများတွင် သျှမ်းစာသင်ကြားမှု မရှိတော့ကြောင်း သိရသည်။ "...