သီပေါမြို့တွင်း ဈေးဝယ်အဖြစ် ဟန်ဆောင်ပြီး ပစ္စည်းခိုးယူမှုများလာ

သျှမ်းပြည် ကျောက်မဲခရိုင် သီပေါမြို့တွင် စျေးဆိုင်များထံ စျေးဝယ်သူအဖြစ် ဟန်ဆောင်ပြီး ပစ္စည်းခိုးယူသူများလာကြောင်း စုံစမ်းသိရသည်။

ဆိုင်ထဲဝင်ခိုးသည့် အမျိုးသား

ယမန်နေ့ (ဖေဖော်ဝါရီ ၉) ရက် ညနေပိုင်း ၄ နာရီဝန်းကျင်တွင် သီပေါမြို့နယ် (ရွှေသီပေါ လျှပ်စစ်ဆိုင်) ထဲ၌ လင်မယား နှစ်ဦး ဈေးဝယ်အဖြစ် ဟန်ဆောင်ပြီး ဇနီးဖြစ်သူက မီးသီးဝယ်ရင်း ဟန်ပြပြီး လိုက်လံမေးမြန်းနေချိန်တွင် ၎င်း၏အမျိုးသားက ကောင်တာအံဆွဲထဲရှိ ( I phone 11 ) ကာဗာခဲရောင်ကို ခိုးနှိုက်ယူသွားကြောင်း ပိုင်ရှင်ဖြစ်သူ အမျိုးသားတစ်ဦးက ပြောသည်။

“ဟိုတနေ့ကလည်း ဆိုင်ကိုလာပြီး ဆံပင်မုတ်စက်မေးပြီး မဝယ်ဘူး ပြန်သွားတယ်။ အခုလည်း အဲ့လိုပဲ လင်မယား နှစ်ဦး မိန်းမက မီးသီးဝယ်ဖို့ ဘာညာမေးနေချိန်မှာ သူ့ယောင်္ကျားက အနောက်ကောင်တာ အံဆွဲထဲက ဖုန်းကို လူမမြင်တဲ့ အချိန်မှာ ခိုးနှိုက်သွားတာဗျ။ ပြီးလည်းပြီးရော ဘာမှမဝယ်ဘဲ ဆိုင်ပြင်ပြန်ထွက်သွားတယ် “ ဟု ၎င်းက ပြောသည်။

အဆိုပါ ခိုးခံရသည့် ( I phone 11) သည် လက်ရှိ ကာလပေါက်ဈေးမှာ ကျပ်ငွေ (၁၃) သိန်းတန်ကြောင်း သူခိုး၊ ဓားပြ များသည် ဒေသခံများထံ ပုံစံအမျိုးမျိုးဖြင့် ပစ္စည်းခိုး လုယက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ဆိုင်ထဲဝင်ခိုးသည့် အမျိုးသား

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ နောက်ဆုံးအပတ် မှ ယနေ့ (ဖေဖော်ဝါရီ ၁၀) ရက်ထိ သီပေါမြို့တွင် ဒေသခံများ၏ ဆိုင်ကယ် စုစုပေါင်း (၅) စီးထက်မနည်း ခိုးခံနေရပြီ ဖြစ်ကြောင်း သိရသည်။

“ ကျနော့် ဆိုင်ကယ်တစ်စီး အိမ်ဝန်းထဲမှာ ရှိတောင်မှလေ သူခိုးတွေက မနက်အစောကြီး ကျနော့် အိမ်ခြံဝန်းထဲထိကို ခိုးဝင်ပြီး ဆိုင်ကယ်ကို ခိုးသွားတာ “ ဟု ဆိုင်ကယ်ခိုးခံရသည့် အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ အခိုးခံရမှု နှင့် ပတ်သက်ပြီး ဒေသခံများက သက်ဆိုင်ရာ သီပေါမြို့နယ် ရဲတပ်ဖွဲ့ကို အကြိမ်ကြိမ် တိုင်ကြားထားသော်လည်း ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးအရေးယူ ဆောင်ရွက်ခြင်း တစ်ကြိမ်မျှ မရှိခဲ့ပေ။

“ပစ္စည်း ခိုးခံရပြီး ရဲကို သွားတိုင်ပြီဆိုရင် ရဲကတော့ အိမ်ထိကိုလာပြီး ဘာဖြစ်တယ်၊ ညာဖြစ်တယ် အကျိုးအကြောင်းလေးတွေ စာအုပ်နဲ့မှတ်ပြီး ပြန်သွားတယ်။ သူခိုးတွေကို ဘာမှ အရေးယူဆောင်ရွက် ပေးတာမရှိဘူး။ သူခိုးတွေကိုလည်း တစ်ခါမှ မဖမ်းမိဘူး “ ဟု သီပေါမြို့နယ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သီပေါမြို့အပြင် သျှမ်းပြည် တဝှမ်းလုံးတွင် သူခိုး၊ ဓားပြများ ပေါများလာနေပြီး ဒေသခံများသည် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေး စိုးရိမ်မှုများ ကြီးထွားနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ထိန်းချုပ် သီပေါမြို့အနီး ရှော့တိုက်ဒုံးပစ်ခတ်ခံရ

0
သျှမ်းပြည် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၄ ရက်) ညနေ ၅ နာရီခွဲကျော်တွင် စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံး (၃) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စံဖိတ်ကျေးရွာအုပ်စုရှိ ဖာဖိတ်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...