Wednesday, January 28, 2026

CATEGORY

လူ့အခွင့်အရေး

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...

မိုင်းပေါက်မြို့ အသက် ၂၀ ဝန်းကျင် အမျိုးသမီးနှစ်ဦး ပျောက်ဆုံးနေ

သျှမ်းပြည် အရှေ့ပိုင်း မိုင်းပေါက်မြို့တွင် အလုပ်သွားလုပ်နေသည့် အသက် (၂၀) ဝန်းကျင်အရွယ် အမျိုးသမီးနှစ်ဦး ၃ လကျော်ကြာ ပျောက်ဆုံးနေကြောင်း သိရသည်။ အဆိုပါ အမျိုးသမီးနှစ်ဦးသည် မိုင်းပေါက်မြို့တွင် အိမ်ဖော်အလုပ်ကို ၂၀၂၅ခုနစ် သြဂုတ် လမှ စတင်လုပ်ဆောင်ခဲ့ပြီး ၃ လကျော်ကြာ အလုပ်လုပ်ခဲ့ရာ ၂၀၂၅ ခုနှစ်...

သီပေါဒေသခံများကို ဆန်၊ ဆီ၊ ငါးခြောက်ပေးပြီး USDP စည်းရုံးရေးဆင်းသော်လည်း လူထုစိတ်မဝင်စား

သျှမ်းပြည် သီပေါမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှ ဒေသခံများကို ဆန်၊ ဆီ၊ ငါးပိ ငါးခြောက်များ ပေး၍ စည်းရုံးရေးဆင်းနေသော်လည်း လူထုစိတ်ဝင်စားမှု မရှိကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၇) ရက်တွင် သီပေါမြို့နယ် မိုးတေကျေးရွာအုပ်စုရှိ ကွန်စံလိတ် မူလတန်းကျောင်းတွင် ပြည်ခိုင်ဖြိုးပါတီ USDP...

ကလောမြို့နယ် PNO ပြည်သူ့စစ် အနိုင်ရပါက ဆက်ကြေးနှင့် စစ်သားကောက်မည်ကို ဒေသခံများ စိုးရိမ်

သျှပြည်တောင်ပိုင်း၊ ကလေမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် PNO ပအိုဝ်း ပြည်သူ့စစ်ပါတီ အနိုင်ရပါက ဆက်ကြေးနှင့် စစ်သား ကောက်မည်ကို စိုးရိမ်ကြောင်း ကျေးရွာနေ ဒေသခံများက သျှမ်းသံတော်ဆင့်ကို ယနေ့ ဇန်နဝါရီလ ၁၀ ရက်တွင် ပြောသည်။ မနက်ဖြန် (ဇန်နဝါရီ ၁၁ )ရက်တွင် ကျင်းပမည့်...

စစ်ရေးပဋိပက္ခများဖြစ်ပွားနေသည့် ဖယ်ခုံမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီက ပြိုင်ဘက်မရှိဘဲ အနိုင်ရ

စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေသည့် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက ပြိုင်ဘက်မရှိဘဲ အနိုင်ရနေကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်ဝါရီလ ၂၅ ရက်နေ့တွင် စစ်ကော်မရှင်က ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၃) တွင် ဖယ်ခုံ၊ ပင်လောင်း၊...

တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းရှိ ဆိုင်ခန်းများ ဖယ်ရှားရန် ထပ်မံသတိပေး၊ ဈေးသည်အခက်တွေ့

သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ ဖယ်ရှားရန် ထပ်မံ သတိပေးလာခြင်းကြောင့် ဈေးသည်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ရှိ စစ်ကော်မရှင်လက်အောက်ခံ အားကစားနှင့် ကာယပညာဦးစီးဌာန (အား/ကာ) မှ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ...

တန့်ယန်းတွင် မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု စစ်ကော်မရှင်လက်အောက်ခံ ခြိမ်းခြောက်ပြောဆို

သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု စစ်ကော်မရှင်လက်အောက်ခံဝန်ထမ်းများက ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ (၁၁) ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းနှင့် မိုင်းရယ် (၂) မြို့နယ် ပါဝင်သည်။ ယခု ဇန်နဝါရီလဆန်းပိုင်းမှ စတင်ပြီး တန့်ယန်းမြို့နယ်တွင်...

ရွေးကောက်ပွဲပြီးလျှင် စစ်မှုထမ်းတိုးခေါ်မည်ဟုဆို

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲပြီးလျှင် စစ်မှုထမ်းတိုးခေါ်ရန် စစ်ကော်မရှင်က ပြင်ဆင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန် စစ်ကော်မရှင်က စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့သည်မှာ လာမည့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ “ရွေးကောက်ပွဲပြီးရင် စစ်မှုထမ်းတိုးခေါ်မယ်။ လာမယ့် ဧပြီလမှာ စစ်မှုထမ်း...

မိုင်းယောင်းတွင် ရွေးကောက်ပွဲအတွက် မဲထည့်ပေးကြရန် စစ်တပ်ခြိမ်းခြောက်ထားဟု ဒေသခံများပြော

သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် မဲထည့်ပေးကြရန် စစ်တပ်က ခြိမ်းခြောက်ထားကြောင်း ဒေသခံများကပြောသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊ မိုင်းဖြတ်၊ မိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းယန်း အပါအဝင် သျှမ်းပြည်...

မိုးကုတ်မြို့တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး သံဃာတစ်ပါးပျံလွန်၊ အမျိုးသမီးတစ်ဦး သေဆုံး

သျှမ်းပြည်-မန္တလေးတိုင်းနယ်စပ် မိုးကုတ်မြို့အရှေ့ပိုင်းတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သံဃာတစ်ပါး ပွဲချင်းပြီး ပျံလွန်တော်မူ၍ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၄ ရက်) လွတ်လပ်ရေးနေ့ နံနက် ၈ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ် ပြန်လည်တပ်စွဲထားသည့် မိုးကုတ်မြို့အရှေ့ပိုင်း လယ်ဦးရပ်ကွက်ရှိ ရတနာသီရိ ဘုန်းကြီးကျောင်းနှင့် အထက(၄)...

Latest news