Sunday, February 1, 2026

CATEGORY

လူ့အခွင့်အရေး

RCSS လွိုင်ကော်ဝမ်းတပ်စခန်း ကို အာဏာသိမ်း စစ်တပ်မှ လက်နက်ကြီး (၂)လုံး ထပ်မံပစ်

RCSS/SSA လွိုင်ကော်ဝမ်း တပ်စခန်းကို အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီမှ ယနေ့ ( ဧပြီ ၁၉) ရက် မွန်းလွဲပိုင်း ၃ နာရီ အချိန်တွင် လက်နက်ကြီးဖြင့် ထပ်မံ ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ “ အခုဘဲ ၂ လုံးပစ်လာတာ။ ကျနော်တို့လူအခုဘဲသွားကြည့်နေတယ်။ ဘာအမျိုးစားလည်း တော့...

သီပေါ စစ်ရှောင် (၁၀၀၀ )ကျော် ဆေးဝါး အရေးပေါ် လိုအပ်နေ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ရှိ စစ်ဘေးရှောင် (၁၀၀၀)ကျော် ဆေးဝါး အရေးပေါ် လိုအပ်ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ စစ်ရှောင်များသည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ်တို့ကြားတိုက်ပွဲ တင်းမာမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာကြသည့် စစ်ရှောင်များဖြစ်ကြောင်း စစ်ဘေးရှောင် ကူညီပေးသူများ က သျှမ်းသံတော်ဆင့် ကို ပြောသည်။ “ခုလောလောဆယ် စားဖို့သောက်ဖို့တော့...

စစ်ကောင်စီ မှ RCSS လွိုင်ကော်ဝမ်းစခန်းကို လက်နက်ကြီးပစ် စစ်ရှောင်နေသည့်နေရာကျ

မြန်မာ-ထိုင်းနယ်စပ် လွိုင်ကော်ဝမ်း RCSS/SSAတပ်စခန်းကို အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီမှ ယနေ့ (ဧပြီ ၁၈) ညနေ ၆နာရီဝန်းကျင် တွင် လက်နက်ကြီး ဖြင့် ပစ်ခတ်မှုကြောင့် စစ်ရှောင်များနေထိုင်သည့် ခြံမြေပေါ် လက်နက်ကြီးကျခဲ့ကြောင်း သတင်းရရှိသည်။ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ ဟွေ့ခိုက်တပ်စခန်း မှ (၁၂၀...

မူဆယ် လူငယ်တဦး ကို အကြမ်းဖက် စစ်ကောင်စီမှ ဖမ်းဆီးသွား

သျှမ်းမြောက် မူဆယ်မြို့ လူငယ်တဦးကို ယနေ့ (ဧပြီ ၁၇)ရက် မနက်ပိုင်း တွင် အကြမ်းဖက် စစ်ကောင်စီ အုပ်စုက အရပ်ဝတ်ဖြင့် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ယနေ့ (ဧပြီ ၁၇)ရက် နှစ်ဆန်းတစ်ရက်နေ့ မနက် (၉)နာရီခွဲကျော်တွင် လွယ်တိန်းခမ်း တောင် အတက် မေဦးလက်ဖက်ရည်ဆိုင်တွင် ထိုင်နေသည့်...

SSPP မှ စစ်ကောင်စီ ရဟတ်ယာဉ်ပစ်ခတ်သည့် တပ်သားကို အရေးယူမည်ဟု ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီ၏ ရဟတ်ယာဉ်ကို SSPP/SSA တပ်သားမှ မှားယွင်းပစ်ခတ်သည့်အတွက် အဆင့်မြင့်အရာရှိ တဦး ကျည်ထိမှန်သွားသဖြင့် ပစ်ခတ်ခဲ့သူကို တည်ဆဲဥပဒေအရ အရေးယူသွားမည်ဟု စုံစမ်းသိရသည်။ ဧပြီလ (၈)ရက်တွင် အာဏာသိမ်းစစ်ကောင်စီ၏ ရဟတ်ယာဉ်သည် SSPP/SSAဌာနချုပ်တည်ရှိရာ ဝမ်းဟိုင်းကို အကြိမ်ကြိမ်ပျံသန်းခဲ့သဖြင့် SSPP/SSA မှ ပစ်ခတ်ခဲ့ကြောင်း၊ ထိုပစ်ခတ်မှုကြောင့် အာဏာသိမ်း စစ်ကောင်စီ၏...

တောင်ကြီးမြို့ စစ်ကောင်စီ မှ လမ်းသွား၊လမ်းလာသူများကို စစ်ဆေးမှု တင်းကြပ်နေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့အတွင်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ မှ ဖုန်းစစ်ဆေးမှု ပြုလုပ်ပြီး ပိုက်ဆံတောင်းမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။ ယခုရက်ပိုင်း တောင်ကြီးမြို့ ရပ်ကွက်လမ်းများတွင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့က စောင့်ဆိုင်းနေပြီး လမ်းသွား၊ လမ်းလာများကို လိုက်လံတားဆီးကာ ဖုန်းများ စစ်ဆေးမှု ပြုလုပ်ပြီး၊ ဖုန်းမပါရှိပါက...

သီပေါမြို့နယ် ကျေးရွာသူကြီး တဦးနှင့် စာရင်းကိုင် တဦး ကို လက်နက်ကိုင်တပ်ဖွဲ့ ဖမ်းဆီးသွား

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကျေးရွာသူကြီး တဦး နှင့် ကျေးရွာ စာရင်းကိုင် တဦး ကို လက်နက်ကိုင်တပ်ဖွဲ့ က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ သီပေါမြို့နယ် ပန်းခါကျေးရွာ သူကြီး ဖြစ်သည့် လုံးဝိကို မတ် (၁၈)ရက်တွင် အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့က ဖမ်းခေါ်သွားပြီး၊ ဝမ်းလိကျေးရွာအုပ်စု...

လားရှိုး နောင်မွန်ရဲကင်း တိုက်ခိုက်ခံရ၊ ရဲတပ်သား ၁၀ဦးထက်မနည်း သေဆုံး၊ ဒဏ်ရာရ

သျှမ်းမြောက် လားရှိုးမြို့နယ် နောင်မွန်ရဲကင်း စခန်းသည် ယနေ့ (ဧပြီ ၁၀)ရက် မနက်အစောပိုင်းတွင် တိုက်ခိုက်ခံရပြီး၊ ရဲတပ်သား ၁၀ဦးထက်မနည်း သေဆုံးမှုရှိပြီး၊ ထိခိုက်ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ မနက် (၅)နာရီ မှ မနက် ၇နာရီခွဲအထိ လားရှိုး နောင်မွန်ရဲကင်း စခန်း ကို ညီနောင်...

တောင်ကြီး PSI စလောင်းတပ်ဆင်သည့်အိမ် စစ်ကောင်စီ လိုက်လံစစ်ဆေးနေ

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် PSI Satellite Myanmar စလောင်းတပ်ဆင်ထားသည့် နေအိမ်များကို အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ အုပ်စုက လိုက်လံစစ်ဆေးနေကြောင်း စုံစမ်းသိရှိရသည်။ PSI စလောင်းတပ်ဆင်းထားသည့် အိမ်များကို ယနေ့ (ဧပြီ ၉ )ရက် တွင် လိုက်လံစစ်ဆေးနေသဖြင့် PSI တပ်ဆင်ထားသည့်နေအိမ်များ ဖြုတ်နေရကြောင်း...

ကျောက်မဲမြို့ ညအချိန်မတော် သေနတ်ပစ်ခတ်မှု မကြာခဏဖြစ်လာ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ နယ် မုံလာခြံကျေးရွာတွင် ယမန်နေ့(ဧပြီ ၈)ရက် ည ၁၁နာရီ ဝန်းကျင် ခန့် တွင် သေနတ်ပစ်ဖောက်သံကြားနေရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ည (၁၁)နာရီ အချိန်တွင် ကျောက်မဲမြိုု့နယ် မုံလာခြံကျေးရွာအတွင်းသို့ အမည်မသိ လက်နက်ကိုင်အဖွဲ့ဝင်မှဆိုင်ကယ်ဖြင့် ဝင်လာပြီး သေနတ်ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ လူထိခိုက်မှုမရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့်...

Latest news