ဆီဆိုင်မြို့ တွင် တဖက်သတ် သေနတ်ပစ်သံကြားရ
SHAN -
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့တွင် ယမန်နေ့ (မေ ၃၁)ရက် ည ၁၀နာရီ တွင် တဖက်သတ် သေနတ်ပစ်သံများ ကြားနေရကြောင်း စုံစမ်းသိရသည်။ ထိုသေနတ်ပစ်သံသည် ဆီဆိုင်မြို့ တောင်ဘက်တွင် တဖက်သတ် ပစ်ခတ်နေသည့်အသံဖြစ်ကြောင်း၊ သေနတ်သံ (၁၀)ချက် နှင့် လက်နက်ကြီးသံ(၃)ချက် ကြားရကြောင်း အမည် မဖော်လိုတဲ့...
လွိုင်လင်မြို့ မူလတန်းကျောင်း မီးလောင်မှုဖြစ်၊ ဆုံးရှုံးမှုများ
SHAN -
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့ အမှတ်(၂) မူလတန်းကျောင်းတွင် ယမန့်နေ့ (မေ ၃၁)ရက် ည ၁၁ နာရီဝန်းကျင်၌ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ မီးလောင်သွားသည့် ကျောင်းဆောင်သည် ကျောင်းဆောင်ဟောင်းဖြစ်ကြောင်း၊ ဆုံးရှုံးမှုများလည်း ရှိနေကြောင်း သိရသည်။ “ ဘာကြောင့်မီးလောင်လည်းဆိုတာတော့ ကျနော်တို့မသိဘူးရသေးဘူး။ ကျောင်းဆောင်ဟောင်းလောင်သွားတာပါ။ အဲထဲမှာတော ခုံတွေရှိတယ်။ ဘယ်လောက်...
သျှမ်းမြောက်တိုက်ပွဲမရပ်တန့်ပါက ပြည်သူများ နောင်နှစ် စားဝတ်နေရေး ပိုခက်ခဲလာနိုင်
SHAN -
သျှမ်းပြည်မြောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း တိုက်ပွဲမရပ်တန့်ပါက နောင်နှစ်အတွက် ပြည်သူများ စားဝတ်နေရေး ပိုခက်ခဲလာနိုင်ကြောင်း စုံစမ်းသိရသည်။ အဆိုပါ စစ်ဘေးရှောင် (၅၀၀၀ )ကျော်သည် သျှမ်းမြောက် ကျောက်မဲမြို့နယ်၊ နမ္မတူမြိုု့နယ်၊ နှင့် သီပေါမြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းတိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် သူများဖြစ်သည်။ ယခုကာလသည် စိုက်ပျိုးရေး လုပ်ရမည့်ရာသီချိန်ဖြစ်သဖြင့်...
ကျောက်မဲမြို့နယ် အုပ်ချုပ်ရေးမှူးအသစ်ရောက်လာပြီး၊ ဖမ်းဆီးမှုကြမ်းလာ
SHAN -
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး အသစ်ရောက်ရှိလာပြီးနောက် ဖမ်းဆီးမှုများ၊ ပစ်ခတ်မှုများ ရှိလာကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့တွင် မေ (၂၁ )ရက်မှ စပြီး အုပ်ချုပ်ရေးမှုအသစ်ပြောင်းရွှေ့လာပြီးနောက်ပိုင်းတွင် ညတိုင်းနီးပါး ပစ်ခတ်မှုရှိလာပြီး၊ ဖမ်းဆီးမှုများရှိလာခဲ့ကြောင်း ကျောက်မဲမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ သူပြောင်းလာပြီး ကျောက်မဲမြို့က အရင်နဲ့မတူတော့ဘူး။ ၂၄...
ကျောက်မဲမြို့ ဆိုင်ကယ်သပိတ် သေနတ်ပစ် ဖြိုခွင်းခံရ၊ ဖမ်းခံရသူရှိ
SHAN -
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့တွင် ယနေ့ မေ (၃၁) မနက် ( ၉ ) နာရီအချိန် စစ်အာဏာရှင်ဆန္ဒဆန့်ကျင်ရေး ဆိုင်ကယ်သပိတ် စစ်ကြောင်း သေနတ်ပစ်ဖြိုခွင်းခံရပြီး ဖမ်းဆီးခံရသူများ ရှိကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဆန္ဒပြရာတွင် ယမန့်နေ့ (မေ ၃၀)ရက် ည တွင်...
သျှမ်းပြည် ပင်လုံ နှင့် မူဆယ် ဗုံးပေါက်ကွဲမှုဖြစ် တဦးသေဆုံး၊ (၃)ဦး ဒဏ်ရာရရှိ
SHAN -
သျှမ်းတောင် ပင်လုံနှင့် သျှမ်းမြောက် မူဆယ်မြို့တွင် ယနေ့( မေ ၂၈)ရက် တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အရပ်သား တဦး သေဆုံးခဲ့ပြီး၊ (၃)ဦး ဒဏ်ရာရရှိခဲ့သည် သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ပြည်ထောင်စု လမ်းမကြီးရှိ လားရှိုးဆေးဆိုင် အနီး မနက် (၈း၁၅) မိနစ်ခန့်က ဗုံး တစ်လုံးပေါက်ကွဲမှု...
မိုင်းဆတ်မြို့ လုံခြုံရေး မစောင့်နိုင်သည့်အိမ် ကျပ် (၈)ထောင် ပေးရ
SHAN -
သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ကျောင်းလုံခြုံးရေးအတွက် သွားရောက်မစောင့်ပါက တရက်လျှင် ကျပ်ငွေ (၈)ထောင်ပေးနေရကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီမှ ကျောင်းအပ်ခွင့်စလက်ခံသည့် (မေ ၂၄) ရက် မှ စပြီး ပြည်သူများ ကို ကျောင်းလုံးခြုံးရေးအရ သွားရောက်စောင့်ခိုင်းပြီး၊ သွားရောက်မစောင့်နိုင်ပါက တအိမ်လျှင်တရက် ကျပ်ငွေ (၈)ထောင်ပေးဆောင်ရမည် ဖြစ်ကြောင်း...
တာချီလိတ်လယ်ယာမြေ အဓမ္မခြံခတ်သည့် ဟုန်ပန်းကုမ္ပဏီက ဆရာတော် ကို တရားစွဲဆို
SHAN -
တာချီလိတ်မြို့နယ် လယ်ယာမြေ အဓမ္မသိမ်းခြံခတ်ပြုလုပ်သည့် ဟုန်ပန်းကုမ္ပဏီ သည် ပြည်သူဘက် ရပ်တည်ပေးနေသော ဝမ်းဟောင်းကျေးရွာ ဆရာတော်ပန်းရွှေကို တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။ ဧပြီ ၉ ရက်တွင် ဟုန်ပန်းကုမ္ပဏီသည် စစ်ကောင်စီ အုပ်စုဖြစ်သည့် ရဲတပ်ဖွဲ့ကို အကာအကွယ်ယူပြီး တာချီလိတ် ပြည်သူများ ပိုင်ဆိုင်ပြီး သီးနှံစိုက်ပျိုးသည့်မြေပေါ် ခြံစည်းရိုးလာခတ်မှု ပြုလုပ်ခဲ့ပြီး၊...
မိုင်းရယ်စာသင်ကျောင်းအနီး (၂) ရက်ဆက်တိုက် ဗုံးပေါက်ကွဲ
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းရယ်မြို့တွင်စာသင်ကျောင်းအနီးတွင် (၂)ရက်ဆက်တိုက် ဗုံးပေါက်ကွဲသဖြင့် ကျောင်းလာအပ်သည့် ကျောင်းသား မိဘများ မတွေ့ရကြောင်း စုံစမ်းသိရှိရသည်။ မိုင်းရယ်မြို့ ဟိုယကျေးရွာအုပ်စုရှိ အထက ခွဲ စာသင်ကျောင်းတွင် ယနေ့ မေ (၂၇) ရက် မနက် ၅ နာရီခန့် တွင် ကျောင်းတံခါးအဝင်နားတွင် ဗုံးပေါက်ကွဲ...
တောင်ကြီးမြို့ ပျောက်ဆုံးနေသည့် လူငယ်တစ်ဦး စစ်ကောင်စီ မှ (၂) ည ဖမ်းဆီးစစ်ဆေး ပြုလုပ်
SHAN -
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ ပျောက်ဆုံးနေသည့် လူငယ်တစ်ဦးကို စစ်ကောင်စီ က (၂) ည ချုပ်နှောင် စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ မေ ၂၅ ရက် နေ့လည် ၁နာရီ မှ ၂နာရီ ကြားအတွင်း စတင်ပျောက်ဆုံးခဲ့သည့် အသက် (၂၄)...






