တောင်ကြီးမြို့ ပျောက်ဆုံးနေသည့် လူငယ်တစ်ဦး စစ်ကောင်စီ မှ (၂) ည ဖမ်းဆီးစစ်ဆေး ပြုလုပ်

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ ပျောက်ဆုံးနေသည့် လူငယ်တစ်ဦးကို စစ်ကောင်စီ က (၂) ည ချုပ်နှောင် စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ မေ ၂၅ ရက် နေ့လည် ၁နာရီ မှ ၂နာရီ ကြားအတွင်း စတင်ပျောက်ဆုံးခဲ့သည့် အသက် (၂၄) နှစ် အရွယ်ရှိ စိုင်းကောင်ခမ်းကို စစ်ကောင်စီ အုပ်စု က ဖမ်းဆီးခေါ်ဆောင်သွားပြီး ရဲစခန်းတွင် ချုပ်နှောင်ထားကာ စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ၎င်းတွင်ဖမ်းဆီးရန် သက်သေ အထောက်အထားမရှိသဖြင့် ယနေ့ ( မေ ၂၇)ရက် မနက်ပိုင်း တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း စိုင်းကောင်ခမ်း၏ မိခင်က သျှမ်းသံတော်ဆင့်ကို ပြန်ပြောပြသည်။

“ အိမ်ပြန်ရောက်ပါပြီး။ ဒီနေ့မနက်ဘဲ ပြန်ရောက်လာတာ။ ၆ နာရီဝန်းကျင်လောက်က ပြန်ရောက်လာတယ်။ သူကိုဖမ်းသွားပြီးတော့ စစ်ဆေးတာ သူ့ဖုန်းထဲမှာ ဘာမှမရှိလို့ဆိုပြီးတော့ ပြန်လွှတ်လာပေးခဲ့တာ။ ရိုက်ထားတာတွေလည်း ဘာမှမရှိပါဘူး” ဟု ၎င်း၏ မိခင်က ဆိုသည်။

စိုင်းကောင်းခမ်းသည် မေ (၂၅ )ရက်တွင် ၎င်း၏မွေးကင်းစ (၈)ရက်သမီးကို ဓာတ်ပုံရိုက်ပေးရန်အတွက် ကင်မရာသွားယူပြီး အပြန်လမ်းတွင် တောင်ကြီးမြို့ ၂၁၂ ဈေးရှေ့တွင် ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။

“ သူသမီးကို ဓာတ်ပုံရိုက်ပေးဖို့ ဆိုပြီး သူ့အဒေါ်အိမ်မှာ ကင်မရာသွားယူတာ။ စစ်သားတွေက ၂၁၂ တပ် ဈေးနားမှာ စစ်နေတာဆိုတော့ သူက လူငယ်လည်းဖြစ်တော့ ဖမ်းသွားတာ။ သူသမီးလေးကလည်း မွေးလာတာ ၈ ရက်ပဲ ရှိသေးတယ်” ဟု မိခင်ဖြစ်သူက ပြောသည်။

ဆက်လက်ပြီး ကလေးမွေးဖွားစ စိုင်းကောင်ခမ်း၏ အမျိုးသမီး က “ ပြန်တော့လွှတ်လာပြီ။ ရဲစခန်းက ၂ညတောင်ခေါ်စစ်တယ်။ ထမင်းမကျွေးဘူးလားမသိဘူး။ သူနုံးနေတယ်။ အမျိုးသားကို စဖမ်းတော့ ကျမမှာ စိတ်ပူလိုက်တာ။ ကလေးက တဖက်ဆိုတော့ အရူးမလိုပဲ” ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တောင်ကြီးမြို့ပေါ်တွင် စစ်ကောင်စီမှ လူငယ်များကို ပစ်မှတ်ထားပြီး အကြောင်းမဲ့ဖမ်းဆီးမှု ပြုလုပ်နေသည်။

လူငယ်များကို ဦးတည်ဖမ်းဆီးရာတွင် ဆယ်ကျော်သက် အသက်မပြည့်သေးသည့် လူငယ်များလည်း ပါဝင်နေသဖြင့် မိဘများက သား၊သမီးများကို စိုးရိမ်နေရကြောင်း၊ အပြင်သွားသည့်အခါ နေအိမ်သို့ ပြန်မရောက်မချင်း စိုးရိမ်မှု ရှိနေကြောင်း လည်း သိရသည်။

“ အခု က လူငယ်ဆိုရင် ဖမ်းနေတဲ့ခေတ်ဖြစ်နေပြီ။ ကလေးတွေ အပြင်သွားရင် စိတ်မချတော့ဘူး။ ကလေးတွေ အပြင်ထွက်တာနဲ့အိမ်ပြန်မရောက်မချင်း စိတ်ကပူရ၊ စိုးရိမ်နေရတယ်။ ဒီလိုစနစ် ပြန်ရောက်လာမယ်လို့မထင်ခဲ့ဘူး” ဟု ဆယ်ကျော်သက်လူငယ်တဦး ၏ မိခင်က ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း တောင်ကြီးမြို့ပေါ်တွင် စစ်ကောင်စီမှ ဖမ်းဆီးထားသူ စုစုပေါင်း ၃၀၀ နီးပါးရှိကြောင်း ရှေ့နေများပြောပြချက်အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...