Wednesday, January 28, 2026

တာချီလိတ်လယ်ယာမြေ အဓမ္မခြံခတ်သည့် ဟုန်ပန်းကုမ္ပဏီက ဆရာတော် ကို တရားစွဲဆို

တာချီလိတ်မြို့နယ် လယ်ယာမြေ အဓမ္မသိမ်းခြံခတ်ပြုလုပ်သည့် ဟုန်ပန်းကုမ္ပဏီ သည် ပြည်သူဘက် ရပ်တည်ပေးနေသော ဝမ်းဟောင်းကျေးရွာ ဆရာတော်ပန်းရွှေကို တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။

ဧပြီ ၉ ရက်တွင် ဟုန်ပန်းကုမ္ပဏီသည် စစ်ကောင်စီ အုပ်စုဖြစ်သည့် ရဲတပ်ဖွဲ့ကို အကာအကွယ်ယူပြီး တာချီလိတ် ပြည်သူများ ပိုင်ဆိုင်ပြီး သီးနှံစိုက်ပျိုးသည့်မြေပေါ် ခြံစည်းရိုးလာခတ်မှု ပြုလုပ်ခဲ့ပြီး၊ ထိုခြံစည်းရိုးကို ပြည်သူများက ပြန်ဖျက်ခဲ့သည်။

ထိုခြံစည်းရိုးပြန်ဖျက်သည့်အချိန်တွင် ဝမ်းဟောင်ရွာ ဆရာတော် ပန်ရွှေ ပါဝင်ခဲ့သည်ဟု ပြောဆိုကာ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး နှင့် ဟုန်ပန်းကုမ္ပဏီ တို့ ပူးပေါင်းပြီး တရားစွဲဆိုထားကြောင်း သိရသည်။

“ သူတို့ က ဆရာတော်ကို တရားစွဲဖို့ စာပို့လာတာ။ ၂၈ ရက်နေ့ကျရင် နဂါးနှစ်ကောင်း ကျောင်းကိုသွားဖို့ပြောလာတယ်။ ဆရာတော်က ပြည်သူတွေကို ခြံစည်းရိုးဖျက်တာနဲ့ပတ်သက်ပြီး ဦးဆောင်သူအနေနဲ့ တရားစွဲတာပေါ့။ မိဘပြည်သူတွေကလည်း လုပ်ကိုင်စားသောက်နေတာကြာပြီ။” ဟု ဝမ်းဟောင်ဆရာတော်က မိန့်ကြားသည်။

မေ (၂၈)ရက်တွင် နဂါးနှစ်ကောင် ဘုန်းကြီးကျောင်း ကို ဟောင်လိတ်ကျေးရွာ ပြည်သူများကိုယ်တိုင် လိုက်ပါသွားမည်ဖြစ်ပြီး၊ ထိုကိစ္စနှင့် ပတ်သက်ပြီးဖြေရှင်းရန်ရှိကြောင်းလည်း သိရသည်။

“ ကျနော်တို့စီစဉ်ထားတာတော့ ဆရာတော်သွားတဲ့နေ့ကျရင် ကျနော်တို့ တစ်ရွာလုံးက လိုက်သွားမယ်ပြောတာ။ အဲတာ ဟိုဖက်က ဆရာတော်က တစ်ရွာလုံးလာရင် ကျောင်းထဲပေးမဝင်ဘူးလို့ပြောတယ်” ဟု ဝမ်းဟောင်းရွာဒေသခံတစ်ဦးက ပြောသည်။

ထိုမြေသည် ၁၉၉၈-၁၉၉၉ ခုနစ် စစ်အစိုးရ လက်ထက်တွင် အတင်းအဓမ္မသိမ်းယူပြီး ထိုထဲမှ ဧက (၁၀၀) ကို ဟုန်ပန်းကုမ္ပဏီအားပေးခဲ့ပြီး၊ ဟုန်ပန်းကုမ္ပဏီမှ ဧက (၂၀)ကိုသာ ပလပ်စတစ် စက်ရုံတည်ဆောက်ခဲ့သည်။

ကျန် ဧက (၈၀)ပေါ်တွင် လယ်သမားများက သီးနှံစိုက်ပျိုးခဲ့ပြီး ၂၀၁၈ ခုနစ်တွင် သိမ်းဆည်းထားသည့် လယ်ယာမြေများ အသုံးပြုခြင်းမရှိပါက မူရင်း လယ်ယာမြေပိုင်ရှင်ကိုပြန်ပေးရန် သျှမ်းပြည်အစိုးရ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောဆိုခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

သျှမ်းအရှေ့ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်တွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် မဲပေးရ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်မြို့နယ်ရှိ မဲရုံများတွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် ပြည်သူများ မဲပေးခဲ့ရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်)တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်အရှေ့ပိုင်းမှ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ် (၃) မြို့နယ်တွင် ပြုလုပ်နေသည်။ မိုင်းဆတ်မြို့နယ်အတွင်း...

မိုးဆက်တိုက်ရွာသွန်းသည့်အတွက် တာချီလိတ်မြို့တွင် ရေကြီး လျှပ်စစ်မီးပြတ် အင်တာနက်မမှန်

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေ မြင့် တက်လာပြီး မြို့ပေါ်ရပ်ကွက်အချို့တွင် ရေဝင်နေသည့်အပြင် လျှပ်စစ်မီးနှင့် အင်တာနက်လည်း မှန်မှန်မရ ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

တာချီလိတ်မြို့ အမျိုးသာတစ်ဦး သေနတ်ခံရပြီး သေဆုံး

0
ထိုင်း-မြန်မယ်နယ်စပ် တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၈ ရက်) ည ၈ နာရီခွဲဝန်းကျင်တွင် တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက် ခေတ္တာလမ်းတွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဆေးဝါးကုသနေစဉ်...

တာချီလိတ်မြို့နယ် ငွေကျပ် ၁ ဒသမ ၆ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်နှင့်အတူ အမျိုးသား ၇ ဦးကိုဖမ်းမိ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ၆ ဘီလီယံကျော်တန်ဖိုးရှိသော အိုက်စ် (မက်သ်အဖက်တမင်း) ၂၀၇ ကီလိုနှင့်အတူ အမျိုးသား ၇ ဦးကို ဖမ်းမိရမိကြောင်း စစ်ကော်မရှင်လက်အောက်ခံ မူးယစ်/ ရဲတပ်ဖွဲ့က ယမန်နေ့ (အောက်တိုဘာ ၈) ရက်တွင် သတင်းထုတ်ပြန်သည်။ အဆိုပါမူးယစ်ဆေးဝါးများကို အောက်တိုဘာလ ၄...