CATEGORY

လူ့အခွင့်အရေး

အောင်ပန်းမြို့ စစ်မှုထမ်းဟောင်း၏ သမီးကို စစ်ကောင်စီ က အင်အားသုံး အကြမ်းဖက်ဖမ်းဆီး

သျှမ်းပြည် တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့ရှိ စစ်မှုထမ်းဟောင်းတစ်ဦး၏ သမီးဖြစ်သူကို စစ်ကောင်စီတို့က အင်အားသုံး အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာ ၁၅) ရက် နေ့လည်ပိုင်း ၁ နာရီဝန်းကျင်တွင် အောင်ပန်းမြို့ရှိ ရှမ်းမလေး ကုန်စိမ်းပွဲရုံ ဖွင့်လှစ်ထားသည့် စစ်မှုထမ်းဟောင်းတစ်ဦး၏ သမီးကို...

ကျောက်မဲ ဟူးကွက်ဒေသခံ (၂)ဦး မိုင်းနင်းမိ ဒဏ်ရာရ

သျှမ်းမြောက် ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာအုပ်စု ဟူးကွက်ကျေးရွာဒေသခံ(၂)ဦး ယနေ့ (စက်တင်ဘာ ၁၅)ရက် တွင် မိုင်းနင်းမိ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ထိုမိုင်းနင်းမိသူများသည် ကျောက်မဲမြို့နယ် ဟူးကွက်ဒေသခံ အမျိုးသား (၁)ဦး နှင့် အမျိုးသမီး (၁)ဦးတို့ဖြစ်ပြီး ယနေ့ (စက်တင်ဘာ ၁၅)ရက် မနက်ပိုင်းတွင် ရွာအပြင်တွင် မိုင်းနင်းမိခဲ့တာဖြစ်ကြောင်း...

စစ်ကောင်စီများက ဧည့်စာရင်းစစ်အသွင်ယူပြီး လူငယ်များကို ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည် တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတို့သည် ဧည့်စာရင်းစစ်သည့် အသွင်ယူပြီး လူငယ်များကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။ ယမန်နေ့ စက်တင်ဘာလ ၁၄ ရက်နေ့ ည ၇ နာရီကျော်ဝန်းကျင် အချိန်တွင် ရပ်စောက်မြို့နယ် ပင်ဖြစ်ကျေး ရွာ အနီးတွင် ယမန်နေ့ (စက်တင်ဘာ...

ပင်လုံ စစ်ကောင်စီတပ် မှ လူငယ် (၅)ဦးကိုဖမ်းဆီးထား

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့ရှိ စစ်ကောင်စီတပ်ရင်း (၅၁၃) ခြေမြန်တပ်ရင်းမှ လူငယ် (၅) ဦးကို ဖမ်းဆီးထားကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာ (၁၂) ရက် ည (၆) နာရီခန့်က ပင်လုံ တက္ကသိုလ်အနီးရှိ မြို့အဝင်ဂိတ်တွင် ထိုလူငယ် (၅) ဦးတို့၏ ဖုန်းကိုယူစစ်ဆေးရာ ဖုန်းထဲ...

မိုင်းကိုင် စစ်ရှောင် (၂၃၀၀)ခန့် ရောက်ရှိလာ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စု နောင်လျှော်ရွာတွင် စစ်ရှောင် (၂၃၀၀) ခန့် မိုးကာ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ စက်တင်ဘာ (၁၄) ရက် သျှမ်းတပ် (၂) တပ် ဟိုခဲကျေးရွာအုပ်စု နမ့်အွန်ရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးတင်းမာမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း စုံစမ်း...

ကျောက်မဲ စစ်ရှောင်များ မိုးကာနှင့်စားနပ်ရိက္ခာများ ခက်ခဲနေ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးနေရသည့် ပြည်သူများ မိုးကာနှင့် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း သိရသည်။ လက်ရှိတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စစ်ရှောင်စခန်းတစ်ချို့တွင် မိုးကာများလုံလောက်မှု မရှိခြင်းနှင့် စားနပ်ရိက္ခာ ခက်ခဲမှုများ ဖြစ်နေကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။ “ဟူးစွန်စစ်ရှောင်စခန်းမှာက မိုးကာတွေ မရှိလို့ မိုးရွာရင် ဒုက္ခရောက်နေကြတယ်၊ စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်၊...

သျှမ်းတပ် (၂) တပ် စစ်ရေး တင်းမာမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စု နမ့်အွန်ကျေးရွာအနီး သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် စစ်ရှောင် (၁၂၀၀) ခန့် ထွက်ပြေးလာရပြီး အရေးပေါ် စားနပ်ရိက္ခာလိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ စက်တင်ဘာ (၁၄) ရက် မနက် (၈) နာရီခန့်က စတင်ပြီး နှစ်ဖက် တိုက်ပွဲပြင်းထန်သဖြင့်...

ကျေးသီး ကိုရင်လေး သေဆုံးမှုကိစ္စ ရိုက်နှက်သည့် ဦးဇင်းကို အရေးယူမှုမရှိ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်၊ မိုင်ကောင်းကျေးရွာတွင် ညနွားနို့သောက်မှုကြောင့် ဦးဇင်းတပါးမှ ကိုရင်လေး ရိုက်နှက်ခဲ့ပြီးသေဆုံးသွားသည့် ကိစ္စ အရေးယူဆောင်ရွက်မှု မရှိကြောင်း စုံစမ်းသိရသည်။ လက်ရှိ ကိုရင်လေး သေဆုံးမှုကိစ္စတွင် နှစ်ဦး နှစ်ဖက် ဖြေရှင်းကြပြီး ကျေအေးသွားပြီးဖြစ်သဖြင့် လက်ရှိမှာ ကိုရင်လေးကို ရိုက်ခဲ့သည့် ဦးဇင်းကို အရေးမယူတော့ကြောင်း သတင်းရရှိသည်။ ကိုရင်းလေးကို ရိုက်ပြီးဆုံးမခြင်းကို...

မိုင်းရှူးမြို့ပေါ်ထိ တပ်သားသစ် ကောက်ယူစုဆောင်းနေ

သျှမ်းတောင် မိုင်းရှူးမြို့နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့သည့် မြို့ပေါ်အထိ တပ်သားသစ်စုဆောင်းမှုများ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာ (၁၂)ရက် မနက်ပိုင်းက မိုင်းရှူးမြို့ ရပ်ကွက် (၄)အတွင်းရှိ ဒေသခံ(၂၆)ဦးအား သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) မှ တပ်သားသစ် ကောက်ယူစုဆောင်းကြောင်း ဒေသခံများထံမှ သိရသည်။ “အဲ့ဒီနေ့...

နမ္မတူမြို့နယ် ပန်လုံကျေးရွာရှိ လက်နက်ကိုင်တပ် ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီး

သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ်ရှိ ပန်လုံကျေးရွာတွင် တပ်စွဲထားသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့သည် ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ နမ္မတူမြို့နယ် အတွင်းရှိ စခန်းချတပ်စွဲထားသည့် တအာင်း (ပလောင်) အမျိုးသားတပ်မတော် TNLA သည် ၎င်းတို့ ကင်းလှည့် သွားလာမှုအတွက် ဒေသခံပြည်သူပိုင် ကားများ၊ ယာဉ်များကို အတင်းအဓမ္မ...

Latest news