Wednesday, January 28, 2026

မိုင်းရှူးမြို့ပေါ်ထိ တပ်သားသစ် ကောက်ယူစုဆောင်းနေ

သျှမ်းတောင် မိုင်းရှူးမြို့နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့သည့် မြို့ပေါ်အထိ တပ်သားသစ်စုဆောင်းမှုများ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ (၁၂)ရက် မနက်ပိုင်းက မိုင်းရှူးမြို့ ရပ်ကွက် (၄)အတွင်းရှိ ဒေသခံ(၂၆)ဦးအား သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) မှ တပ်သားသစ် ကောက်ယူစုဆောင်းကြောင်း ဒေသခံများထံမှ သိရသည်။

“အဲ့ဒီနေ့ မနက်အစောပိုင်းက ရပ်ကွက် (၄)ထဲမှာရှိတဲ့ ဒေသခံ (၂၆)ယောက်ကို ခေါ်သွားတယ်လို့ ကြားတယ်၊ အဲ့ထဲမှာ အသက် (၇၀)အရွယ် နားမကောင်းတဲ့ သက်ကြီးတစ်ဦးလည်း ပါသွားတယ်” ဟု မိုင်းရှူးဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုနေ့တွင် နံနက် (၄)နာရီဝန်းကျင် တစ်ကြိမ်နှင့် (၆)နာရီခွဲဝန်းကျင် တစ်ကြိမ် တစ်ရက်တည်း နှစ်ကြိမ် တပ်သားသစ် ကောက်ယူ စုဆောင်းခဲ့တာဖြစ်ကြောင်း သိရသည်။

ယခင်က ကျေးရွာများအတွင်းသာ တပ်သားသစ်စုဆောင်းမှု ပြုလုပ်ခဲ့ပြီး ယခုရက်ပိုင်းတွင် မြို့ရပ်ကွက်အထိ ဝင်ရောက် တပ်သားသစ်ကောက်ယူမှုပြုလုပ်ခဲ့သည့်အတွက် ဒေသခံများ ထိတ်လန့်ကြောက်ရွံ့ကာ ထွက်ပြေးတိမ်းရှောင် နေရ ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် တပ်သားသစ်ကောက်ယူပြီးနောက် သျှမ်းတပ်အချင်းချင်း ပြန်လည်တိုက်ခိုက်နေတာကိုလည်း မလိုလားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“အရင်ကတော့ တပ်သားလုပ်ဖို့ စိတ်ကူးတွေ ရှိခဲ့တယ်၊ ခုက သျှမ်းတပ်အချင်းချင်း ပြန်တိုက်နေကြတာ မို့လို့ တပ်သားသွားလုပ်ဖို့ စိတ်ကို မဝင်စားတော့ဘူး၊ သျှမ်းတပ်အချင်းချင်းတိုက်ခိုက်နေကြတာ တွေလည်း မလုပ်စေချင်ဘူး” ဟု မိုင်းရှူးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုဒေသအတွင်း တပ်သားသစ်ကောက်ယူနေမှုနှင့် ပတ်သက်ပြီး သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) ၏ ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိခဲ့ပါ။

မိုင်းရှူးမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းမှာလည်း SSPP/SSA မှ တပ်သားသစ် ကောက်ယူစုဆောင်းမှုကြောင့် ကျေးရွာနေဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ် MNDAA မှ ကျေးရွာတိုင်းနီးပါး တပ်သားသစ် အတင်းအကြပ် စုဆောင်းနေ

0
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကျေးရွာအားလုံးနီးပါးတွင် တပ်သားသစ် အတင်းအကြပ် စုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA သည် လားရှိုးမြို့ပေါ် ရပ်ကွက် (၁၂) ခုကို စစ်ကောင်စီထံ ဧပြီလအတွင်း ပြန်လည်အပ်နှံရပြီးနောက် လားရှိုးမြို့ပြင်ရှိ ကျေးရွာအားလုံးနီးပါးတွင် တပ်သားသစ် အတင်းအကြပ် စုဆောင်းနေကြောင်း...

မိုင်းရှူးမြို့ စစ်ကောင်စီ ဂိတ် အချိန်အကန့်အသတ်ဖြင့် ဖြတ်သန်းခွင့်မပြု

0
သျှမ်းပြည် မိုင်းရှူးမြို့နယ်တွင် စစ်ကောင်စီ စစ်ဆေးရေး ဂိတ်တွင် စစ်ဆေးမှုတင်းကြပ်ကား ညဖြတ်သန်းခွင့် မပြု ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မိုင်းရှူးမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ မှ စ၍ မြို့ အဝင်၊အထွက် စစ်ဆေးဂိတ်တွင် စစ်ဆေးမှု တင်းကြပ်ကာ ည ၆နာရီမှ မနက် ၆...

စစ်ကောင်စီ မှ SSPP ကိုဖိအားပေးတပ်ဆုတ်ခိုင်း မိုင်းရှူးပြည်သူများ စိုးရိမ်ထိတ်လန့်နေ

0
စစ်ကောင်စီ မှ သျှမ်းပြည် တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် (SSPP/SSA)ကို မနက်ဖြန် (ဇူလိုင် ၂၁) ရက် နောက်ဆုံးထားပြီး တပ်စခန်းဆုတ်ခိုင်းသည့် အပေါ် ဒေသခံများက တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ် ထိတ်လန့်နေကြောင်း သတင်းသိရသည်။ မိုင်းရှူးမြို့နယ်အတွင်းရှိ SSPP ၏ တပ်စခန်းနေရာသုံးခုကို ဇူလိုင် ၂၁ ရက်နောက်ဆုံးထား...

စစ်ကောင်စီတပ် ခိုလမ်မြို့မှ ကွန်ဟိန်းဘက်သို့ စစ်အင်အားဖြည့်

0
သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့ အခြေစိုက် စစ်ကောင်စီတပ်သည် စစ်အင်အားအပြည့်ဖြင့် ကွန်ဟိန်းမြို့ဘက်သို့ ဦးတည်သွားနေကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက် ညနေပိုင်းအချိန်တွင် စစ်ကောင်စီ စစ်ကား (၆) စီး လူအင်အားအပြည့်ဖြင့် ကွန်ဟိန်းမြို့ဘက်သို့ ဦးတည်သွားကြောင်း သိရသည်။ “သူတို့ ညဘက်မှာထွက်သွားတာ။...

မိုင်းရှူးမြို့ နှင့် တန့်ယန်းကြားရှိ SSPP တပ်စခန်းအနီး စစ်ကောင်စီ အင်အားဖြည့်

0
သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် နှင့် တန့်ယန်းမြို့နယ်ကြားရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းအနီး စစ်ကောင်စီမှ အင်အားဖြည့်တင်းနေကြောင်း စုံစမ်းသိရှိရသည်။ ယခုရက်ပိုင်း မိုင်းရှူးမြို့အတွင်း စစ်ကောင်စီသည် ညအချိန်မှာ တစ်မြို့လုံးကို လျှပ်စစ်မီးပိတ်ပြီး စစ်အင်အားအပြည့်ဖြင့် မြို့မှ ထွက်သွားပြီး ပြန်လာချိန်မှာ ကားပေါ်တွင် မည့်သည်တစ်စုံတစ်ရာမှ ပြန်မပါလာကြောင်း...