စစ်ကောင်စီ မှ SSPP ကိုဖိအားပေးတပ်ဆုတ်ခိုင်း မိုင်းရှူးပြည်သူများ စိုးရိမ်ထိတ်လန့်နေ

စစ်ကောင်စီ မှ သျှမ်းပြည် တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် (SSPP/SSA)ကို မနက်ဖြန် (ဇူလိုင် ၂၁) ရက် နောက်ဆုံးထားပြီး တပ်စခန်းဆုတ်ခိုင်းသည့် အပေါ် ဒေသခံများက တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ် ထိတ်လန့်နေကြောင်း သတင်းသိရသည်။

SSPP နဲ့ စကစ တွေ့ဆုံဆွေးနွေးမှု

မိုင်းရှူးမြို့နယ်အတွင်းရှိ SSPP ၏ တပ်စခန်းနေရာသုံးခုကို ဇူလိုင် ၂၁ ရက်နောက်ဆုံးထား တပ်ဆုတ်ရန် စစ်ကောင်စီက ပြောဆိုထားပြီး လက်ရှိအချိန်ထိ စစ်ရေးတင်းမာမှုရှိနေသည့်အတွက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားမည်ကို စိုးရိမ်ကြောင်း အသက် (၃၀)အရွယ်ရှိ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လက်ရှိအနေအထားအရဆိုရင် ပစ်ကြတိုက်ကြမှာကအမှန်ပဲ၊ ကျမတို့လို ရောင်းဝယ်ရေး လုပ်နေတဲ့သူတွေ ဆိုလည်း ရှိတဲ့ဖောက်သည်တွေ ဆုံးရှုံးမှာ၊ တိုက်ပွဲဖြစ်ရင်တော့ အရာအားလုံးကခက်ခဲကြမှာပဲ၊ ဒါကြောင့် တိုက်ပွဲဖြစ်မှာကို စိုးရိမ်တယ်” ဟု မိုင်းရှူးမြို့နယ်မှ အသက် ၃၀အရွယ်ရှိ အမျိုးသမီးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့တွင်လည်း မိုင်းရူးမြို့နယ်မှ အရပ်သားပြည်သူ သုံးဦးကို စစ်ကောင်စီတပ်ဖွဲ့ ပစ်သတ်ခဲ့သည့်အတွက် ဒေသခံပြည်သူများ စိုးရိမ်စိတ် ပိုမိုကြီးမားနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ စစ်ရေးတင်းမာမှုများအပေါ် ပြည်သူများ စိုးရိမ်မှု မြင့်တက်နေခြင်းနှင့် ပက်သက်ပြီး SSPP/SSA တပ်ဖွဲ့အနေဖြင့် စစ်ဆင်ရေးအတွက် ပြင်ဆင်မှုများရှိနေသော်လည်း ပြည်သူများ ထိခိုက်နစ်နာမှု မရှိစေရေး အတွက် ကြိုးစားနေကြောင်း ဒေသအတွင်း လှုပ်ရှားနေသည့် အရာရှိတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ဘက်ကလည်း ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာ မသိရသေးအတွက် စစ်ဆင်ရေးပြင်ဆင်ထား ရပါတယ်၊ သူတို့ဘက်က စပြီးကျူးလွန်လာတာနဲ့ တိုက်ပွဲ စမှာဖြစ်တယ်၊ ပြီးတော့ တိုက်ပွဲဖြစ်ပြီဆိုတာနဲ့ သေနတ်သံက တစ်နေရာတည်းထွက်မှာမဟုတ်ဘူး၊ ဒါပေမဲ့ ပြည်သူ လူထု ထိခိုက်နစ်နာမှု မရှိအောင် ကြိုးစား မှာပါ၊ ” ဟု မြေပြင်အတွင်း လှုပ်ရှားသည့် SSPP/SSA အရာရှိ က ပြောသည်။

လက်ရှိ စစ်ကောင်စီ မှ SSPP တပ်စခန်း ၃ခု တပ်ဆုတ်ခိုင်းသည့်နေရာသည် SSPP အတွက် အရေးပါသည့်နေရာ ဖြစ်ပြီး၊ စစ်ကောင်စီဘက်မှ မည်သည့်အကြောင်းကြောင့် SSPP ကို တပ်ဆုတ်ခိုင်းသည်ကို လည်း အသေးစိတ်မသိရှိသေးပေ။

မိုင်းရှူးမြို့နယ် အတွင်းလွန်ခဲ့သည့် ၂၀၁၅ခုနစ်တွင်လည်း စစ်ကောင်စီနှင့် SSPP တို့ တိုက်ပွဲ ပြင်းထန်မှု ဖြစ်ပွားခဲ့ပြီး စစ်ရှောင် ထောင်ချီရှိခဲ့သည့် ဒေသ တစ်ခုလည်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဒေသခံပြည်သူများတချို့က မြို့ပေါ်သို့ ကြိုတင်စစ်ဘေးတိမ်းရှောင်မှုများ ပြုလုပ်နေသလို ဒေသအတွင်းကျန်ရှိနေသည့်ရွာသားများတချို့လည်း စိုးရိမ်စိတ်များဖြင့် အခြေအနေများစောင့်ကြည့်နေကြောင်း သတင်းသိရသည်။

ထို့အပြင် သျှမ်းတောင် မိုင်းကိုင် နှင့် ပင်လုံ အနီးတဝှိက်တွင်လည်း သေနတ်သံများ စတင်ကြားလာသည့်အတွက် ပြည်သူများ စိုးရိမ်ထိတ်လန့်မှုဖြင့် စစ်ဘေးကြိုတင်ရှောင်နေရကြောင်းသိရသည်.

ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက် မိုင်းနောင်မြို့တွင် စစ်ကောင်စီခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် နှင့် SSPP/SSA ဒုတိယ ဥက္ကဌ -၂ ဗိုလ်ချုပ်ခွန်ဆိုင်တို့ ဆွေးနွေးခဲ့စဥ်တွင် SSPP တပ်စခန်းနေရာများကို ၇ ရက် အတွင်း တပ်ဆုတ်ရန်ပြောပြီးမနက်ဖြန်သည် နောက်ဆုံးရက်ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...